အပိုင်း (၃၉)

1.5K 159 0
                                    

အပိုင်း (၃၉)

ဟွားကျူ့ယွီတစ်ယောက် စစ်ပွဲရဲ့အခြေအနေကို ရှင်းရှင်းလင်းလင်းကြည့်ဖို့ မတ်စောက်တဲ့ဆင်ခြေလျှောတစ်ခုပေါ်မှာ မတ်မတ်ရပ်လျက်ရှိနေခဲ့သည်။

စစ်တပ်နှစ်တပ် ထိပ်တိုက်ရင်ဆိုင်တဲ့အချိန်မှာ...ဖြူဖွေးနေတဲ့နှင်းတောပေါ်မှာ အနက်ရောင်တိမ်တိုက်ကြီးနှစ်ခု တွေ့ဆုံသွားတာနှင့်တူလှ၏၊ ထို့နောက် အချင်းချင်း ရောထွေးသွားတော့သည်။ သံချပ်ကာဝတ်မြင်းစီးသမားတွေက နှင်းတွေကို ကောင်းကင်ယံထိဝှေ့တက်သွားစေရင်း လတ်ဆတ်တဲ့သွေးတွေက အဖြူရောင်နှင်းတွေမှာ စွန်းထင်းသွားတော့သည်။

စစ်သူကြီးတစ်ယောက်၏အောင်မြင်မှုက အရိုးတောင်တစ်တောင်တည်ဆောက်ခြင်းဖြစ်သည်ဟု ဆိုကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီစစ်မြေပြင်မှာတော့ စစ်သူကြီးတွေအားလုံး မရေမတွက်နိုင်လောက်တဲ့ဒဏ်ရာတွေနဲ့ ကြေမွနေကြလိမ့်မယ်။ သူမ တိုက်ပွဲဝင်သည့်အချိန်တိုင်း ဟွားကျူ့ယွီ အမြဲတမ်း သည်းခံထားဖို့ခက်ခဲလွန်းတယ်လို့ ခံစားခဲ့ရတယ်။ သူမရဲ့စစ်တပ်ပဲဖြစ်စေ ရန်သူ၏တပ်ပဲဖြစ်စေ ဒဏ်ရာရသည့်အချိန်တိုင်း သူမ အမြဲစိတ်ဒုက္ခရောက်လေ့ရှိတယ်။

သူမ နှစ်ပေါင်းများစွာ တိုက်ပွဲဝင်ခဲ့ရပြီး ဒီလိုခံစားမျိုးကို အစဉ်အမြဲဖုံးကွယ်ထားခဲ့ရတယ်၊ တိုင်းပြည်နှစ်ခုကြားမှာ ငြိမ်းချမ်းရေးဆိုတာ မဖြစ်နိုင်ဘူး၊ သူတို့တွေ အမြဲတိုက်ခိုက်နေကြတာပဲဖြစ်သည်။ သို့သော် ယခုတော့ သူမ ရုတ်တရက် ရှင်းရှင်းလင်းလင်းသတိထားမိလာခဲ့ပုံပဲ။

မျိုးနွယ်စု၃ခု၏စစ်သည်တွေဟာ အနောက်မြောက်ရပ်မှ စစ်ကူတွေဝင်ရောက်လာကြတာကိုလည်းမြင်ရော ခဏတာမျှ ရှုပ်ယှက်ခတ်ဖရိုဖရဲဖြစ်သွားကြပြီး နောက်ဆုံးတော့ သူတို့ကိုယ်ဟန်အနေအထားကို ပြန်ထိန်းပြီး ဆက်လက်တိုက်ပွဲဝင်လာကြတော့သည်။

ကိုယ်လုပ်တော်ယဲ့၏ဖခင် ယဲ့ချုန်းနှင့် ရှောင်ယင်တို့ ဘယ်တော့မှသယဇာတမဖြစ်တာကို ဟွားကျူ့ယွီ သိသလို မြောက်ပိုင်းမြို့တော်ကလူတွေလည်း သိရှိပြီးဖြစ်လိမ့်မယ်။ သို့ရာတွင် ယဲ့ချုန်း၏စစ်သည်၁သောင်း နန်းတွင်းတပ်မှလွဲ၍ တစ်ခြားစစ်ကူလည်းမရှိတော့ဘူး။ ဒါကြောင့် "ယဲ့"ဆိုသည့်စာလုံးနှင့်အလံံကြီးတစ်ခုကို ကိုင်ဆောင်လိုက်ရုံနှင့် ရှောင်ယင်၏စစ်သည်တွေဟာ ယဲ့ချုန်း၏စစ်သည်တွေအဖြစ် အလွယ်တကူ အယောင်ဆောင်နိုင်ခဲ့ကြသည်။ မျိုးနွယ်စု၃ခု၏စစ်သည်တွေဟာ မယုံကြည်ဘဲနေလိမ့်မယ်လို့ သူမ ဘယ်တော့မှ တွေးမထားခဲ့မိဘူး။

Feng Yin Tian Xia မြန်မာဘာသာပြန် စဆုံးWhere stories live. Discover now