အပိုင်း၄

748 51 0
                                    

အပေါ်အင်္ကျီအဖြူလက်ရှည်ကိုနက်ခ်တိုင်လေးတွေနဲ့‌ေသသပ်စွာ၀တ်ဆင်ထားကြပြီးအောက်ပိုင်းကုိဘောင်းဘီ အမည်း စကပ် ပေါင်တိုလေးတွေကို သေသပ်စွာ၀တ်ဆင်ထားကြပြီး ကိုယ်စတိုင်လ်သူ့စတိုလ် အသီးသီးဖြင့်လျှောက်လှမ်းနေကြတယ့် လူငယ်လေးတွေဟာဆိုရင်ဖြင့်
မြန်မာနိုင်ငံတွင်လူချမ်းသာတွေများသာတတ်နိုင်သော private universityဖြစ်တယ့် I G Dမှကျောင်းသူကျောင်းသားများပင်ဖြစ်သည်။ ထိုသူတွေရဲ့အကြောင်းကိုခြုံပြီးပြောရမယ်ဆိုရင် နောင်အချိန်တွင်ကြီးမားသောရည်မှန်းချက်တွေဖြင့်ဘ၀ကိုရှေ့ဆက်မည်သူများပင်ဖြစ်ကြသည်။နိုင်ငံခြားသို့မထွက်ရင်တောင်မှ သူတို့တွေရဲ့ဘိုးဘွားမိဘ စီးပွားရေးအစဉ်အလာတို့ကို ဆက်ခံရုံလေးဖြင့် တသက်စာစားမကုန်နိုင်ကြသူများဖြစ်ကြသည်။ အခုနေကြည့်လျှင် တစ်ဦးနဲ့တစ်ဦး ပျော်ရွှင်ကြည်နူးစွာ ဖြူစင်သောအပြုံးများနဲ့ စကားများစွာပြောနေကြပေမယ့် သူတို့ရဲ့စိတ်ထဲမှာတော့ အရောင်ပါသောအတွေးများဖြင့် တစ်ဦးနဲ့တစ်ဦးကိုဝေဖန်အကဲဖြတ်နေကြသည်။

ထိုအချိန်တွင် မြင်းစောင်းတန်းမှအရှိန်ဖြင့် ထွက်လာသောမြင်းသဖွယ် အရှိန်ဖြင့်မောင်းလာတယ့် ပြိုင်ကား ခဲရောင်လေးတစ်စီးက မောင်းလာတယ့်အရှိန်ကိုလျှော့ကာ ကားပါကင်နေရာသို့ကားထိုးနေသည်။ ဒီလိုမောင်းနှင်လာသောပုံစံသည် ခိုက်ရန်ဖြစ်ပွားမှုများစွာရှိလာနိုင်‌ေပမယ့် အကုန်လုံးကလုပ်နေကြမြဲအလုပ်ကိုသာဆက်လုပ်ကာပုံမှန်တိုင်းလေးပင်ရှိနေကြသည်။ သူလိုကိုလို လုပ်ရပ်တွေဘဲဖြစ်တာကြောင်မို့လည်းဂရုစိုက်မစိုကိတာဘဲဖြစ်ပေလိမ့်မည်။

ကားသော့လေးကိုလက်ညိုးဖြင့်ဆော့‌ကာ သူ၏ သူငယ်ချင်းများရှိရာ ကန်တင်းသို့လျှောက်လှမ်းနေစဉ် ကျောင်းရဲ့မိန်းခလေးများရဲ့ ဘလင်းဘလင်းဖြစ်နေသော မျက်လုံးများကိုမျက်ကွယ်ပြုကာ ဘုန်းရှိန်မြတ် သူ့သူငယ်ချင်း‌ေတွဖြစ်တယ့် သုတနဲ့ မင်းမြတ်ပိုင်ရှိရာသို့ လျှောက်လှမ်းလိုက်သည်။

-ငါတို့ရဲ့တပင်တိုင်မင်းသားကြီးရောက်ရှိလို့လာပါပြီ တော်တေးလို့ရောက်လာသေးလို့ ငါတို့က မင်းတစ်နေရာရာမှာ သေနေပြီထင်လို့ ခွေးကောင် ငမြတ် ။ ဆိုပြီးသုတကပြောလိုက်သည်။

    အဝေရဲ့သူ   [Completed]Where stories live. Discover now