ဘုန်းထက်တို့ဆရာတော်ဘုရားကျောင်းသို့ရောက်တော့ ဆရာတော်ကျောင်းရဲ့ မုတ်၀မှာတင် သရက်ပင် စိန်ပန်းပင် ညောင်ပင် ဘန်ဒါပင်များဖြင့် တိတ်ဆိတ်ငြိမ်သက်ကာ စိတ်ထဲတွင်တော်တော်လေးကို အေးချမ်းလှသည်။ နေ့ခင်းအချိန်ဖြစ်သော်လည်းဘဲ ထိုအရိပ်အကာများကြောင့်ဖြင့် ရေေသာက်စရာမလိုအောင်ပင် အမောပြေနေကြသည်။ ကားသံ မြို့ပြတွေရဲ့ဆူညံတွေမဟုတ်ဘဲ ဌက်ကလေးတွေရဲ့ တီတီတာတာ တွန့်မြူးသံလေးများကိုကြားရသည်မှာလည်း မြို့ကြီးသားတွေအဖို့တော်တော်လေးကိုပင် နားထဲတွင်ပျားရည်များဖြင့်ပြည့်နေလေသည်။ဆရာတော်ကျောင်းသည် အိမ်ကြီးရခိုင်ပုံစံဖြင့် ခြေတံရှည်များဖြင့် ဆောက်လုပ်ထားသည်။ ကျွန်းသစ်များဖြင့်တည်ဆောက်ထားသောကြောင့် ခိုင်ခံတင့်တယ်စွာ တည်ရှိလျက်ရှိသည်။ ဘုန်းထက်သို့ အပေါ်ထပ်ရောက်တော့ သပ္ပာယ်စွာတည်ထားသော ဘုရားဆင်းတုတော်ကိုရှိခိုးပြီးလျှင် ဆရာတော်ဆီရာ သို့လျှောက်လှမ်းလိုက်သည်။
ဆရာတော်သည် သက်တော်ဝါတော်ဖြင့် ခြောက်ဆယ်ကျော် ခုနှစ်ဆယ်နီးပါး ရှိလောက်မည် ထင်သည် သို့သော် ဆရာတော်ဘုရားမှာ ကျန်းမာသန့်စွမ်း၍ အလွန်ကိုမှ ကြည်ညိုဖွယ်ကောင်းလှသည်။ ဘုန်းထက်တို့ ဆရာတော်ကိုရှိခိုး လိုက်သည်
- ဒကာတို့ ရောက်လာမယ်ဆိုတာသိလို့ ဘုန်းဘုန်း ရွာကလူတွေလာကြိုခိုင်းလိုက်တာ အဆင်ကောပြေရဲ့လားကွယ် ရွာဆိုတော့လည်းလမ်းခရီးအဆင်ပြေကြရဲ့လား ဆိုပြီးမေးလိုက်သည်။
- ဆရာတော်ဘုရား တပည့်တော်နဲ့ အဝေတို့သွားကြိုပါတယ် ဘုရား ရွာရဲ့အ၀င်လမ်းက မိုးရွာထားတော့ရွှံ တွေနဲ့ ဖြစ်နေတော့ သူဌေးမင်းတို့ရဲ့ကားက နစ်သွားတယ်ဘုရား တပည့်တော်တို့ နောက်မှ ရွာက ကာလသားတွေခေါ်ပြီး တွန်းကမယ်ဘုရား ဆိုပြီးသူကြီးကလျှောက်လိုက်သည်။
- အေးကွယ် ဘုန်းဘုန်းဖြင့်အားနာလိုက်တာ ရွာဆိုတော့လည်း ရွာရဲ့ဓလေ့အရ ဒီလိုလေးတွေရှိသတယ့်ကွဲ့ ဒကာတိူ့ကို ဒေါ်မြပြောထားပါတယ် အခုလိုအလှူပေးမယ့်ကိစ်စကို ဘုန်းဘုန်းဖြင့်၀မ်းသာတယ်ကွယ် အခုလိုမြို့ကသူတွေလာရောက်လှူ တာ ခဲယဉ်းတယ်လေ ဘုန်းဘုန်းအပါအ၀င်ရွာကလူတွေလည်း၀မ်းသာမဆုံးဘူး လှူတယ့် ဆိုတယ်နေရာမှာသဒ္ဓါတရားက အရေးကြီးဆုံးဘဲ နည်းနည်းများများ ဘုန်းဘုန်းဆုတောင်းပေးတယ် အလှူရေစက်မကွာလက်များကို ဘ၀ဆက်တိုင်း ပိုင်ဆိုင်ရပါစေကွယ် ဒါနဲ့အလှူဒါယိကာမကြီးမလိုက်လာဘူးလားကွဲ့
- တင့်ပါဘုရား အလှူဒါယိကာမကြီး ဖြစ်သူတပည့်တော်အမေက အခုတော့မေခါ်ေသးဘူးဘုရား သားငယ်နဲ့ထားခဲ့ပါတယ်ဘုရား တပည့်တော်တို့အဆင်သင့်ဖြစ်မှဘဲ ခေါ်ပါ့တော်မယ်ဘုရား အခုတော့ တပည့်တော်နဲ့ တပည့်တော် သားကြီးဘုန်းရှိန်ထက်နဲ့ တပည့်တော်ရဲ့ အတွင်းရေးမှူးကိုအောင်ကိုဘဲ ခေါ်လာပါတယ်ဘုရား တပည့်တော်တို့နေရာတွေကြည့်ပြီးမှ ဆောက်လုပ်ရေးအလုပ်သမားတွေကိုလည်းခေါ်ပါ့မယ် ဘုရား ဆိုပြီး ဦးထွဋ်ခေါင်လျှောက်တင်လိုက်သည်
- ဒကာရဲ့ သားကြီးကြည့်ရတာ ထွန်းတောက်မယ့်ပေါ် ပေါ်တယ် ဒကာကုသိုလ်ကံကောင်းတယ် သားနှစ်ယောက်ရဲ့ဖခင်ဆိုတော့ များသောအားဖြင့်အားကိုးရမှာ ဆိုပြီးပြောလိုက်တော့ ဦးထွဋ်ခေါင် ခေါင်းညိမ့်လိုက်ကာ စိတ်ထဲတွင်တော့ အငယ်ကောင်ကိုဆရာတော်မမြင်ဖူးလို့ပါဟုတွေးမိလိုက်သည်
- ကဲကဲ ဒကာတို့လည်းပင်ပန်းကြရောဘဲ သူကြီး အိမ်တစ်ခုမှာတည်းခိုးရမယ် ပြောတယ် နောက်အေးအေးဆေးဆေးတွေ့ကြတာပေါ့ကွဲ့ လိုအပ်သမျှကို အားမနာဘဲပြောကြ ကဲကဲ သာအောင် ဧည်သည့်တွေနားလို့ရအောင်ခေါ်သွားကြတော့ ဒါနဲ့ အဝေ ဘယ်ရောက်သွားတုန်း မတွေ့မိဘူး မင်းတို့နဲ့ပါလာတယ်မလား ဆိုပြီးပြောတော့ ဘုန်းထက်လည်း အဲဒီခလေးကိုသတိရကာလိုက်ရှာမိသည်။
- အဝေက သူရဲ့အင်္ကျီ တွေရွှံပေသွားလို့ အိမ်မှာ သွားလဲနေပါတယ်ဘုရား တပည့်တော်ဘဲ ဧည့်သည်တွေကိုခေါ်သွားလိုက်ပါ့မယ် ဆိုပြီးသူကြီးကပြောလိုက်သည်။
- အေအေ ဒါဆို ဒကာတို့ သာအောင်နောက်လိုက်သွားကြ ဘုန်းဘုန်းလည်းလုပ်စရာရှိတာလုပ်လိုက်အုံးမယ်
- တင်ပါ့ဘုန်းဘုန်း ဆိုပြီးဆရာတော်ကိုရှိခိုးကြကာ အောက်ဆင်းလာခဲ့ကြသည်
သူကြီး အိမ်တစ်ခုသို့ရောက်သော် အိမ်တစ်ခုလုံးက ရှင်းလင်းနေသည် ပျဉ်ထောင်အိမ်ခြေတံရှည်အိမ်တစ်ခုဖြစ်ပေမယ် အိမ်သို့၀င်သည့်နဲ့ အေးချမ်းလှသည်။ ပစ္စည်းတွေကသိပ်မစုံလင်သော်လည်းဘဲ လွပ်လွပ်လပ်လပ်ဖြင့် အဆင်ပြေလှသည်
- သူဌေးတို့ ရောက်ပြီဗျ အေးေအးေဆးဆေးသာနားပေတော့ဗျာ ညနေစာကို ကျုပ်တို့လာပို့ပါ့မယ် ဗျ ရေချိုးချင်ရင် အနောက်မှာ ရေချိုးကန်ရှိတယ် ရေဖြည့်ထားတယ်ဗျ လိုတာရှိရင် ဒါကျုပ်ဖုန်းနံပါတ်ပါဗျ ဆိုပြီး ဂဏန်းတွေရေးထားသော စာရွက်လေးကို ဦးထွဋ်ခေါင်အားပေးလိုက်သည်
- ဟုကဲ့ကောင်းပါပြီခမျ
- ဒါဆိုကျုပ်သွားပြီဗျ အေးအေးေဆးေဆးအနားယူကြေပတော့ဗျာ
ဆိုပြီးထွက်သွားလေသည်။
ESTÁS LEYENDO
အဝေရဲ့သူ [Completed]
Romanceဘုန်းရှိန်ထက် (seme)---ငါမင်းကိုမချစ်ဘူးအဝေငါရဲ့ဂရုစိုက်မှုတွေကမင်းအတွက်အရောင်ဆိုးမိသလိုဖြစ်သွားခဲ့တာဘဲငါချစ်တာအမရာကိုဘဲဟုတယ်ငါချစ်တာသူမဘဲဒီလိုတွေသာဖြစ်ခဲ့မယ်ဆိုမင်းနဲ့စပြီးတွေ့ဆုံမိတဲ့အချိန်ကိုငါမပျော်ခဲ့မိသင့်ဘူးး။ ငါတို့တွေ့ဆုံမှုကမှားကိုမှားခဲ...