အပိုင်း၆

547 45 0
                                    

        မနက်ဘက် အဝေနဲ့နေရာတစ်ချို့ကိုသွားရောက်လှည်ပတ်ခဲ့ပြီးပြန်ရောက်လာတော့ အဖေနဲ့ရွာရဲ့လိုအပ်တယ့်နေရာလေးတွေကိုလိုက်ကြည့်မိတယ် နောက်ဆုံးအဖေနဲ့ တိုင်ပင်ဖြစ်သွားတာက ရွာမှ ခလေးတွေကို ကိုရင်၀တ်ပေးမယ် အသက် ကြီးသူတွေကို ပဉ္ဇင်းခံပေးမယ် ဘုန်းကြီးကျောင်းမှာသိမ်ပြန်ဆောက်မယ် ရွာအ၀င်လမ်းလေးကိုပြန်ပြင်ပေးရမယ်လို့အဖေနဲ့တိုင်ပင်ပြီးအဘွားကိုမေးကြည့်တော့ အဘွားလည်းသဘောကျသည် အာ့တာတွေအပြင် ကျွန်တော် တောင်းဆိုလိုက်တာလေးတစ်ခုကတော့ ရွာကခလေးတွေကို စာရေးကိရိယာအပြည့်အစုံလေးလှူလိုက်ချင်တယ် အဝေအတွေးဆိုတာကုိ‌ေတာ့ အဖေကို မပြောလိုက်ပေမယ့် အဖေ သဘောတူလိုက်သည် ကျွန်တော်ရဲ့ လုပ်ငန်းအကြောင်းတွေကို မတွေးဘဲနဲ့ ဒီလိုမျိုး လွပ်လပ်နေလိုက်တော့လည်း ကျောပေါ်ကအလေးကြီး ခနတာ မရှိတော့သလိုခံစားရမိတယ် ဒါမဲ့လည်းခနပါဘဲ ပြီးရင် ကိုနေရာဘဲပြန်သွားရမှာလေ ဒါဆို ဒီရွာလေးနဲ့ဝေးရအုံးမှာပေါ့ ဘုန်းထက် ကိုယ်အတွေးကိုသဘောကျကာ အော်ငါနဲ့ကွာ လူတိုင်းကကိုယ်နေရာကိုယ်ပြန်ကမှာဘဲလေ နောက်ခါ ကြုံရင်လာလို့ရတာဘဲ ဘယ်လိုဖြစ်ပြီးဒီလိုတွေးနေရတာလဲ ဆိုပြီး ဖုန်းလေးကိုထုတ်ကာ မနက်ကရိုက်ထားတယ့်ပုံလေးတွေကြည့်မိသည် ကြည့်ရင်းနဲ့ တစ်ပုံလေးကိုရောက်တော့ သူသေချာကြည့်မိသည်  ဒီရွာလေးရောက်ထဲက အားလုံးထဲမှာမှဒီကောင်လေးကို ကျွန်တော်ပိုတွေးမိနေတယ် ဒီကောင်လေးကဘဲ လူများတွေထက် ပိုပြီးမြင်သာထင်သာ‌ရှိနေတာလားဘဲ ဆက်တွေးမိတော့ အဝေဆိုတာ သူနာမည်အရင်းလား သူရဲ့မပြည့်စုံမှုကြောင့်သူရဲ့ဘ၀လေးမှာဘဲ နေတတ်သလိုနေနေရတာ အဝေဆိုတယ့်ခလေးမှာ သင်ယူခြင်တာတွေအများကြီးရှိမှာဘဲ ကျွန်တော်မပြန်ခင်လေးတော့ သူအတွက် တစ်ခုခုလုပ်ပေးခဲ့ရမလား ဆိုပြီး ဖုန်းစခရင်ပေါ်က သူရဲ့ပြုံးနေတယ့်ပုံလေးကို ထိကြည့်မိတော့ ကျွန်တော်ပါလိုက်ပြီးပြုံးမိသွားတယ် ထိုအချိန် ဖုန်း၀င်လာတော့ကြည့်မိတော့ အမရာ ဆို‌ေသာကျွန်တော်ရဲ့ကြင်ဖော်ဖြစ်မယ့်သူပင်

               - ဟဲလို အမရာ မောင်လည်းဖုန်းခေါ်အုံးမလို့ဘဲ ညနေကမောင်ခေါ်တော့ အမရာဖုန်းမအားသေးပါတယ့် အခုခေါ်တော့ အတော်ဘဲပေါ့ မောင်လည်း အလှူကိစ္စတွေအတွက် လုပ်နေရလို့ သိပ်မခေါ်ဖြစ်တာ အဆင်ပြေရဲ့လား ဆိုပြီးဘုန်းထက်ပြောတော့
              
               - အလှူ ကိစ္စ တွေကြောင့်ဘဲ အလုပ်ရှုပ်နေတာလား တခြား ကိစ္စတွေကြောင့်ဘဲလား မောင်ကိုပြောပြရအုံးမယ် အမရာ မနေ့ညကမောင်နဲ့ ပတ်သက်ပြီးအိမ်မက်မက်တယ် မောင်က တော်တော်လေးကိုပျော်နေတာ အမရာခေါ်နေတာတောင်မောင်မကြားဘူး နဲနဲတောင်ဒေါသထွက်ချင်သွားတယ် အဓိပ္ပာယ်မရှိတာတွေမို့လို့ မောင်ကိုဖုန်းဆက်လိုက်တာ  မောင်တကယ်ဘဲရွာမှာပျော်နေတာလား မောင်သစ္စာဖောက်မယ်ဆို အမရာထက်မတော်ရင်တောင်မညံတယ့်သူရွေးပြီး လုပ်နော် တော်ကြာ အမရာတို့ ညံလို့ပါသွားတယ် လူများ‌ေတွထင်နေအုံးမယ် ဆိုပြီးလှောင်ရီသဘောနဲ့ပြောလိုက်သည်
              
               - အမရာကလည်းကလဲကွာ ပေါက်ကရတွေ မောင်တကယ် အလုပ်ရှုပ်နေတာ ဘာလဲ မောင့် အိမ်သူဖြစ်မယ့်သူက အခုမောင့်ကို သ၀န်တိုနေတာလား ဒါမှမဟုတ်      ဆိုပြီးပြောဖို့လုပ်တော့ အမရာ လှောင်ရီသလိုရီပြီးစကားဖြတ်ပြောလိုက်သည်
              
               - မောင်ကို အမရာပြောဖူးပါတယ်  မောင်ကိုယ်မောင်သိပ်အထင်မကြီးနဲ့လို့ ခုနစကားပြောတာလည်း အမရာစိတ်ထဲ အနှောင့်တစ်ခုလို့ဖြစ်နေလို့ပြောပြလိုက်တာ ဒါနဲ့မောင် လေလံတင် ကိစ္စကို စပြီးတောင်မ‌ေပြာတော့ဘူးနော် ဘာလို့လဲ အမရာ ကိုဒီတိုင်းလေးဘဲ မေ့သွားလောက်မယ်ထင်လို့လား

    အဝေရဲ့သူ   [Completed]Where stories live. Discover now