https://m.facebook.com/groups/wattend.fic.collections/permalink/908355559759258/
အဝေရဲ့သူ အပိုင်၇ပါရှင့်
အခုမှစရေးသူဖြစ်လို့ လိုအပ်ချက်များကို ပြောပြပေးကြပါအူးနော် ဖတ်ပေးတယ့်တစ်ယောက်ချင်းစီကို ကျေးဇူးတင်ပါတယ်ရှင့်🙆အပိုင်း(၇)
ချမ်းအေးသာရွာ သာမက ဘေးနားရှိ ရွာများကိုပါ ဟိုးလေးတစ်ကျော် ဖြစ်နေတယ့် အလှူဒါယိကာမကြီး ဒေါ်ထိပ်တင် ရဲ့ အလှူကြီးကတော့ ဒီနေ့ပင်ဖြစ်ပေသည် ထမင်းရည်ချောင်းစီးမောင်းတီးပြီး လှူဒါန်းမှုမျိုးကြောင့် ကျွန်တော့် မိသားစုအပါအ၀င် ရွာကလူတွေများလည်း ပီတိဖြစ်ကြလေသည်။ ကျွန်တော်တို့မထင်ထားတာက ရဟန်းခံချင်သူတွေ သိပ်မများလောက်ဘူး ထင်မိတာ အခုတော့ ရွာက လူတွေသာမက တခြားရွာသားတွေပါ အလှူနေ့မတိုင်ခင် လာရောက်ပြောကြာတော့ ကျွန်တော်တို့မှာ လိုအပ်တယ့် သင်္ကန်း ပစ္စည်း အစုံတွေကို သွားပြီး၀ယ်လိုက်ရသေးတယ် အကုန်လုံး ပျော်ရွှင်နေကြတယ့်ဒီအချိန်လေးတွင်တော့ နောက်နေ့တွေ ဘယ်လိုမျိုးစိတ်ညစ်စရာတွေဖြစ်လာမယ် စသည်ဖြင့် မကောင်းတယ့်အရာတွေ အကုန်လုံးရဲ့စိတ်ညစ်မှုတွေကို မေ့ဖျောက်ထားပြီး လက်ရှိအချိန်လေးကိုဘဲ ကျွန်တော်တို့မိသားစုအပါအ၀င်လူတိုင်းက လုံး၀ကိုနစ်ဆင်းကာပျော်မွေ့နေကြတယ် ဒါနဲ့ပြောရအုံးမယ်ကျွန်တော်ရဲ့ ညီဖြစ်သူ ဘုန်းမြတ်လုပ်လိုက်ပုံကတော့လေ အဘွားမှာဖြင့် ဒီရွာရောက်သည်တိုင် သူ့မြေးငယ် နေမကောင်းလို့ကျန်ခဲ့တာ ငါစိတ်ပူတယ်ဆိုပြီး အဖွားသူကိုစိတ်မချနေလိုက်တာ စိုးရိမ်လွန်ပြီးသွေးတွေတောင်တက်သွားတာ အဖေကတော့အလှူနေ့ရောက်တော့မယ်ဖြစ်လို့လား ဘာကြောင့်လဲတော့မသိ ဘာမှမပြောပေမယ့် အိမ်ပြန်ရောက်ရင်တော့ ကျွန်တော်မျက်ခုံးခပ်လှုပ်လှုပ်ဘဲ ကျွန်တော်တော့ဆုတောင်းမိတယ် ဒီကောင်လေး တကယ်ဘဲ နေမကောင်းဖြစ်နေပါစေလို့ မဆုေတာင်းကောင်းပေမယ့် နောင်ဖြစ်လာမယ့်ဟာကိုတော့ ကျွန်တော်မလိုလားပေ။ ကဲပါထားလိုက်တော့ အခုချိန်က ဒီလိုမတွေးမိအောင်နေရမယ့်အချိန်လေ အခု ကျွန်တော်တို့ ဆရာတော်ဘုန်းကြီးေကျာင်းသို့ ရဟန်းလောင်း ကိုယ်ရင်ေလာင်းတွေကို သွားပို့ရန် ပြင်ဆင်နေကြချိန်ဖြစ်သည် ရာသီဉတုကတော့ ကောင်းကင်ပြာကြီးမှာ ကြည်လင်နေပြီး နေရောင်တလက်လက်ဖြာနေသော်လည်း ကျွန်ေတာ်တို့ေခွျးထွက်ေနကြေပမဲ့ မမောနိုင်မပန်းနိုင်ဘဲ အကုန်လုံးကအားတက်သရော ကူညီပေးနေကြတယ် အဘွားကတော့ပီတိမျက်ရည်တွေဝဲနေကာ ထိုင်ခုံပေါ်တွင် ထိုင်ကြည့်နေလေသည် ကျွန်တော်တို့ သွားဖို့ပြင်ဆင်နေတုန်း အိုးစည်သံဝါးလက်ခုပ်သံ လင်ကွန်းသံတို့ စတင်ပျံ့လွှင့်ေနချိန်တွင်
-အခုဆိုရင်ကျွန်မတို့ရဲ့ ရွာအလှူပွဲကြီးမှာ ဒေါ်မိုးအဖြစ်ကပြမယ့်သူကတော့ အဝေဘဲဖြစ်ပါတယ်ရှင့် အားလုံးလက်ခုပ်လေးတွေနဲ့ ကြိုဆိုကြရအောင်ရှင့် ဆိုပြီးမိချောကမိုက်ကိုင်ပြီးပြောလိုက်တော့ မိတ်ကပ်ပါးပါးလေးဘဲလိမ်းထားကာပါးကွက်လေးနှစ်ဖက်ကွက်လူထားတယ့်သူလေး ရင်ဖုံးနဲ့ ထမိန်လေးကို၀တ်ဆင်ထားပြီး ဆံမြိတ်လေးချထားကာဆံပင်လေးကို နာနတ်သီး လို့ပုံစံစည်းထားတယ့် ထိုကောင်လေးကို ကျွန်တော်ငေးနေမိလိုက်တာဘယ်လောက်ကြာသွားလဲမသိ သူကျွန်တော်လက်ကို လာဆွဲပြီး ပြောတော့မှ
YOU ARE READING
အဝေရဲ့သူ [Completed]
Romanceဘုန်းရှိန်ထက် (seme)---ငါမင်းကိုမချစ်ဘူးအဝေငါရဲ့ဂရုစိုက်မှုတွေကမင်းအတွက်အရောင်ဆိုးမိသလိုဖြစ်သွားခဲ့တာဘဲငါချစ်တာအမရာကိုဘဲဟုတယ်ငါချစ်တာသူမဘဲဒီလိုတွေသာဖြစ်ခဲ့မယ်ဆိုမင်းနဲ့စပြီးတွေ့ဆုံမိတဲ့အချိန်ကိုငါမပျော်ခဲ့မိသင့်ဘူးး။ ငါတို့တွေ့ဆုံမှုကမှားကိုမှားခဲ...