အပိုင်း၉

471 43 6
                                    

အဝေ တို့လို ဆင်းရဲပြီးမပြည့်စုံတယ့်ဘ၀တွေမှာဘဲ သောကတွေ ‌ရှိမယ်ထင်ခဲ့တာ ချမ်းသာ‌တယ့်သူတွေက အရာရာပြည့်စုံနေတော့ ပျော်ရွှင်မယ်ထင်တာလေ အခု တော့ အဝေ အကိုတို့မိသားစု ကိုကြည့်ပြီး အဝေတို့ရဲ့ မပြည့်စုံပေမယ့် စိတ်ချမ်းသာတယ့်ဘ၀‌လေးကို သတိရသွား‌တယ်

- မင်းဒီလိုတွေဘဲ အမြဲလုပ်နေတော့မှာလား ဘုန်းရှိန်မြတ် မင်းမနေ့ကဘုရားသွားမယ်ပြောပြီး ကလပ်သွားတာ ငါဘာမှမပြောသေးဘူး မင်းကျောင်းတစ်လ နားခံရမယ် ကိစ္စက ဘယ်လိုလဲ ပြောလေဟေ့ရောင်။ ဆိုပြီး ဦးထွဋ်ခေါင် အော်လိုက်တော့ အဝေခမျာ စားနေတယ့် ကိတ်မုန့်တောင် ပါးစပ်ကနေလွှတ်ကျသွားတယ်အဝေလည်း ကြောက်‌ေတာ့ ငြိမ်ငြိမ်လေးထိုင်နေတော့တယ့်

- အဖေ ကလဲ အဝေ ရှိတယ်လေ နောက်မှအေးဆေးမေးပေါ့ ဘုန်းမြတ်ကို
- ဟုတယ် ထွဋ်ခေါင် ဧည့်သည်ရှိတာ မင်း စိတ်လျှော့စမ်း
- အေး မင်းတို့အမေတို့ကြောင့် ဒီကောင်ဖြစ်နေတာ ငါသူကိုဆံုးမလိုမရမှန်းသိလို့ ငါတော်ရုံဆို မပြောဘဲနဲ့နေ‌နေတာ အခုက ကျောင်းမှာ ရန်ဖြစ်တာ မိန်းကလေးကိစ္စ ကြောင့်တယ့် ထွီ ကိုဘ၀ကိုကြိုးစားဖို့ မစဉ်းစားဘူး အလကားဟာတွေလုပ်နေ မင်းမကြီးပွား ဘူးမှတ်

- ဟုတ်ပါတယ် သားကဘာမှအသုံးမကျဘူး အခုသား ဘာလို့ရန်ဖြစ်ရလဲ အဖေမေးလား အဖေ အပေါ်ယံစကားတွေနဲ့ သားကိုပြောနေတာလေ သားကိုသေချာမေးလို့လား
- မေးစရာလို့သေးလိုလား ရန်ဖြစ်တာကရန်ဖြစ်တာဘဲ မင်းအာ့လောက်ထိ ဖွန်ကြောင်ချင်နေရင် ငါနယ်ပယ်တွေမှဖြစ်မနေနဲ့ မင်းကြိုက်တယ့်နေရာမှာသွားဖြစ်
- ဘာလို့လဲ အခုသားနားခံရတယ့်ကျောင်းက အဖေရှယ်ယာတွေပါနေတော့ အဖေလုပ်ငန်းထိခိုက်နေလို့လား ဟုတ်လောက်မှာပါ အဲဒါကြောင့်မို့ဘဲ မေမေက ဖေဖေလောဘတွေနဲ့ သတ်လို့ သေသွားရတာလေ
- ဘာကွ တောက်ခ် ဦးထွဋ်ခေါင် ဘုန်းမြတ်ကို လက်သီးဖြင့်အားပါပါထိုးလိုက်တော့ အကိုကော အဝေပါ ဦးကိုဝိုင်းဆွဲချိန် အဖွားပါ မေ့လဲသွားတော့
- သား ဘုန်းထက် အဖွားမေ့လဲသွားလို့
- အဖွား အဖွား ကြီးမြရေ ဒေါက်တာစိုးထိုက် ကိုအခုဖုန်းဆက်ပေးး

    အဝေရဲ့သူ   [Completed]Donde viven las historias. Descúbrelo ahora