Your Life My Life Our Life [03]

211 30 12
                                    

အမည်သေချာမရှိသောတောရိုင်းပန်းကလေးများသည် လေအဝေ့တွင် ယိမ်းထိုးကုန်ကြသည်။

"" soobin-ah noona ကိုအရမ်းချစ်တာပဲလား ""

"" noona ကလည်းမင်းကိုအရမ်းချစ်တယ်တဲ့ ""

"" soobinie... noona ဒုက္ခရောက်နေပြီ ကယ်ပါဦး ""

"" မင်းမလား အသက်ငယ်ငယ်လေးနဲ့မထင်ရဘူး ရွံစရာကောင်းတယ် ""

"" မင်းဂေဟာကနေထွက်သွား မကောင်းဆိုးဝါး! !!! ""

"" noona နားမှာ အမြဲရှိနေတာမင်းတစ်ယောက်ပဲရှိတာလေ ဘယ်သူဖြစ်နိုင်သေးလို့လဲ ဝန်ခံလိုက်စမ်းပါ မင်း noona ကို ဒုက္ခရောက်အောင်လုပ်လိုက်တယ်မလား ""

"" လူကြီးတွေကိုပြောပြလိုက်လေ မင်းကြောင့်ပါလို့ ""

"" noona ဘယ်လောက်တောင်ရှက်နေလိုက်မလဲ ဒီကောင်ကတော့ ရိုးသားချင်ယောင်ဆောင်နေသေးတယ် မင်းမိဘတွေမင်းကိုစွန့်ပစ်ခဲ့တာ အရမ်းမှန်တယ် ""

သာယာကြည်လင်နေသောကောင်းကင်တစ်ခွင်ဟာ ရုတ်တရက် လျှပ်ပန်းလျှပ်နွယ်များနှင့်ပြည့်နှက်သွားပြီး သူ့ရင်ထဲကဝေဒနါများအား မိုးကြိုးသွားများအဖြစ် ကိုယ်စားပစ်လွှတ်ပြီး ထိုလူများအားလုံးကို ဇီဝိန်ချုပ်ပစ်လိုက်လေသလော...။

လောင်မြိုက်သောအသိစိတ်သည်ခန္ဓာကိုယ်အား လှုပ်နှိုးသည့်အခါ ကျွန်တော် ​ကွဲကြေလျက်နောက်တစ်ကြိမ်နိုးထလာရပြန်သည်။

အတိတ်ဆိုး အရိပ်ဆိုး သို့မဟုတ် ဘဝဆိုး။

စွန့်ပစ်ခဲ့သော စွန့်ပယ်ခဲ့သော ဘဝဟာ အိပ်မက်များအဖြစ် တစ်ဖန်လာရောက်ခြောက်လှန့်နေဆဲ။

ရေတံခွန်မှရေများစီးကျနေသလို နဖူးစပ်မှစီးကျနေသောချွေးများကို မသုတ်အားသေးဘဲ အခန်းထဲမှထွက်ကာ ကျွန်တော့်အားကိုးရာနတ်ဘုရားငယ်ဆီ အပြေးသွားမိသည်။

အခန်းတံခါးကိုအသာအယာဖွင့်လိုက်သည်နှင့် ရင်အေးဖွယ်မြင်ကွင်းဟာ ဆီးကြိုစောင့်ရှောက်ပါလို့ ရင်အစုံဟာ နွေးမြသွားရသည်။

တံခါးလက်ကိုင်ကိုအားပြုလျက် ကြမ်းပြင်ပေါ်တွင် ခွေယိုင်ကာ ထိုင်ကျသွားသည့်ခန္ဓာကိုယ်ကို ထူမတ်နိုင်ရန်မကြိုးစားမိ။

𝐘𝐨𝐮𝐫 𝐋𝐢𝐟𝐞 𝐌𝐲 𝐋𝐢𝐟𝐞 𝐎𝐮𝐫 𝐋𝐢𝐟𝐞 Kde žijí příběhy. Začni objevovat