ရှောင်ကျန့်နိုးလာတော့ သူအခုကြီးမားကျယ်ပြန့်သည့် အဖြူရောင်ကုတင်ကြီး ပေါ်မှာဖြစ်သည်။
ဒါပေမဲ့ သူမထသေးပဲ အိပ်ယာပေါ်
ဘယ်လှိမ့်လိုက် ညာလှိမ့်လိုက်နဲ့ အပြင်းကျောဆန့်နေပြန်တယ်။
သူအခု အိမ်ကြီးရဲ့အပေါ်ဆုံးထပ်အခန်းကျယ်ကြီးထဲမှာရှိနေတာဖြစ်တယ်။
သူကလွဲပြီးဘယ်သူမှ အိမ်အပေါ်ထပ်မှာရှိမနေပါ။အိပေါ်နဲ့ရိပေါ် ကတော့ စကားများနေကြခြင်းပါ။(မနက်စာ ထမင်းစားစားပွဲမှာပါ)
အကြောင်းကတော့ ရှောင်ကျန့်ကြောင့်ပဲ။''ကော ကျန့်ကို ငါလက်ထပ်ချင်တယ်။''
''ငါ့ဘက်ကမဖြစ်နိုင်ဘူးလို့ပြောရင် မင်းဘက်က မတရားဘူးလို့မြင်ချင်မြင်လိမ့်မယ် အိပေါ်....
ဒီတော့ ကျန့်ရဲ့ဆုံးဖြတ်ချက်ကို လိုက်နာပေးရုံကလွဲပြီးကျန်တာမရှိတော့ဘူး။
ကျန့် ကမင်းကိုလက်ခံရင် မင်းရှေ့ဆက်....
အကယ်၍ကျန့်ရဲ့ဘက်ကလုံးဝလက်မခံခဲ့ရင် မင်းလမ်းမင်းသိပါတယ်နော် အိပေါ်။''''ကောင်းပြီလေ ငါသဘောတူလက်ခံတယ် ကော။''
''ကောင်းပြီ....မင်းကိုအချိန် တစ်လပေးမယ်။''
''အင်း....ငါလက်ခံတယ် ကော....''
စားသောက်ပြီးလို့ ကျောလွယ်အိတ်ကို ယူ၍အိပေါ်ထိုနေရာမှထွက်ခွာသွားတော့တယ်။
ရှောင်ကျန့် သူအိပ်ယာကမထချင်သေးပေမဲ့ မနေ့ကဘာမှမစားပဲအိပ်ပျော်သွားတဲ့အတွက် သူ့ဗိုက်ကဆန္ဒပြနေလေပြီ။
''ဂွီးးးး....ဂလွီ....ဂွီးးးးး''
အဆက်မပြတ်ထွက်ပေါ်လာသည့်အသံများကြောင့် ငုတ်တုတ်ကြီး ထထိုင်ကာ
'အာ....ငါ့ဗိုက်လေးတောင် အစာတောင်းနေပြီ... ဒါနဲ့ ငါဘယ်ကိုရောက်နေပါလိမ့်။'ထုံးစံအတိုင်း သူ့မှတ်ဉာဏ်တွေက ပုံမှန်မဟုတ်သေးပေ....မေ့လျော့စေပြန်သည်။
သူ့အခန်းထဲ ဝင်လာခဲ့တဲ့ ဝမ်ရိပေါ်ကိုမြင်ပြီး ရှောင်ကျန့်အိပ်ယာပေါ်ကမဆင်းသေးပဲကြောင်ကြည့်နေလေတယ်။
နှုတ်ခမ်းကိုလဲ စူပြီးထော်ထားသေး...
''ဗိုက်ဆာလိုက်တာ....''
ထိုသို့သာ ရေရွတ်ပြီး ဝမ်ရိပေါ်ကိုကြည့်နေသည့် သူ။
YOU ARE READING
ဆူးမဲ့ပုံပြင်(ေခတ္တရပ်နား)
Actionကိုယ်ဝန်သည်ကာကွယ်ဆေးရဲ့နည်းပညာမှားယွင်းမှု့ကြောင့် စတင်ဖြစ်ပွားတဲ့ virus ကူးစက်ခံနယ်မြေမှာ ဂိုဏ်းစတားညီအကိုနှစ်ယောက် ချစ်ရသူနဲ့သူတို့ရဲ့ ရင်သွေးကို ဘယ်လိုကာကွယ်ပေးသွားမလဲ။ ဒီကူးစက်ရောဂါကိုရော သူတို့ဘယ်လို တားဆီးပြီးကယ်တင်ပေးမလဲဆိုတာ သဲထိန့်ရင်ဖိုစွာ...