Ch 26

199K 12.4K 1.4K
                                    

Unicode

"ကိုဖြိုး ... ဦးဝေ ဘာမှာခဲ့သေးလဲ"

"အာ.....နိုးပြီလား သူရိန်။ ဆရာကမင်းကိုဒီနေ့ အိမ်ထဲမှာပဲနေ ဘယ်မှလျှောက်မသွားနဲ့တဲ့။ ကားသော့လည်း သိမ်းသွားတယ်"

"အော်.... ဟုတ်ကဲ့။ တခြားဘာမှ မမှာဘူးလား"

"အင်း မမှာဘူး"

ည ၃ နာရီထိုးခါနီးမှ အိပ်ထားသည့် အရှိန်ကြောင့် သူရိန်မနက် နိုးချိန် ၁၀ နာရီထိုးနေပြီဖြစ်သည်။ ဦးဝေကတော့ မနက်စောစောတည်းကအလုပ်သွားပြီဖြစ်တာကြောင့် သူရိန်နိုးလာငည့်အချိန် မရှိတော့။ သူရိန့်ကိုမနက် မနှိုးသွားတာကြောင့် ဦးဝေဘာမှာခဲ့ လဲသိရအောင် ကိုဖြိုးကိုလာမေးပေမယ့် အပြင်မထွက်ဖို့မှာသွားသည်မှလွဲ ဘာမှထွေထွေထူးထူးမရှိ။ ဦးဝေခွင့်ပြုချက်မရှိပဲ သူရိန် အပြင်မထွက်တာကြောင့် ထိုအရာက သူရိန့်အတွက်တော့ အခက်အခဲမရှိပါ။ လုပ်စရာအလုပ်မရှိတာကြောင့် သင်တန်းမှ သင်လိုက်သည့် interior design များကိုသာ ပြန်ကျင့်ဖို့ အပေါ်တတက်ခဲ့လိုက်သည်။ ထိုစဉ် သတင်းစာ တစ်စောင်ကိုင် ဆင်းလာသည့် ဘဘကြီးကြောင့် သူရိန် အံ့သြသွားရသည်။ မြန်မာနိုင်ငံရောက်ကတည်းက အားလပ်ချိန်မရှိလောက်အောင် အလုပ်များပြီး အရင်ဆို မိုးလင်းမိုးချုပ်တွေ့ဖို့ပင်ခဲယဥ်းလှသည့် ဘဘကြီးက အခု အလုပ်မသွားသေးတာကြောင့် သူရိန် မေးလိုက်မိ၏

"ဘဘကြီး ဒီနေ့နားတာလား"

"အေးကွ.... ညနေမှ partaner တစ်ယောက်နဲ့ချိန်းထားတာသွားရမယ် မနက်ပိုင်းကတော့အားနေတယ်"

"အော်... ဟုတ်ကဲ့"

"သူရိန်က ဒီနေ့ သင်တန်းမရှိဘူးလား"

"မရှိဘူး ဘဘကြီး"

ဦးဝေအဖေကို သူရိန်မည်သို့ခေါ်ရမှန်းမသိတာကြောင့် ပထမဆုံးစကား စပြောစဉ်ကတည်းက ခေါ်ခဲ့သည့် ဘဘကြီးဟူသည့် နာမ်စားကို ဦးဝေသဘောတကျရယ်ခဲ့သေးသည်။ ပထမတော့ ဦးဝေခေါ်သလိုခေါ်ဖို့ပြောပေမယ့်နောက်တော့အဆင်ပြေသလိုခေါ်ပါစေဆိုသည့် ဘဘကြီး အပြောကြောင့် သူရိန် အခုချိန်ထိ ဦးဝေအဖေကို ဘဘကြီးဟုသာ နှုတ်ကျိုးနေခဲ့ပြီဖြစ်သည်။ သူရိန်နှင့် စကားပြောလျှင် ဦးဝေတို့နှင့် ပြောသလို ကိုယ့်ကိုကိုယ် daddy လို့သာ သုံးနှုန်းတတ်ပေမယ့် သူရိန်ထိုကဲ့သို့မခေါ်ဖြစ်။

သက်ဆိုင်သူ (Unicode+Zawgyi)Where stories live. Discover now