Part 07

2.1K 150 1
                                    

(unicode)
သွေး အခန်းထဲတွင် ပိတ်မိနေသည်။ တစ်ယောက်တည်းတော့ မဟုတ်။ သူ့ဘေးတွင် ပိကျိပိကျိလုပ်နေသည့် ငှက်နှစ်ကောင်နှင့်။

အလုပ်က သူ့ကိစ္စတွေကို ရှင်းပေးပါမည်ဟု ရုပ်တည်ကြီးနှင့် မိန့်သွားသော Min ကြောင့် အိပ်ချင်နေသည့်စိတ်တွေသည် ကြက်ပျောက်ငှက်ပျောက်။ Min ကို မယုံတာတော့ မဟုတ်ပေမယ့် အကောင်တွေကလွဲလို့ ဘာမှစိတ်မဝင်စားသည့် တိရစ္ဆာန်ဆေးကုဆရာဝန်လေး​က Drug Lord တစ်ဦး​၏ ပြဿနာ​ကို ကိုင်တွယ်မည်ဆိုတော့ အနည်းနှင့်အများတော့ မျက်ခုံးလှုပ်ရသည်။

ပြီးနောက် ဒီတစ်ခါ ငြိသည့်လူက Mr.James ။ အမေရိကန်​၏ ထိပ်တန်း စားသောက်လုပ်ငန်းပိုင်ရှင်။ နောက်ကွယ်တွင် သွေးဆီမှ ပစ္စည်းယူကာ သူ့ပတ်ဝန်းကျင်က တခြားလုပ်ငန်းရှင်များကို တစ်ဆင့်ရောင်းသော Drug Dealer ဆိုလည်း မမှား။ သွေးဆီမှ တစ်ဆင့်ပြန်ဝယ်ရပေမယ့် သူ့ဝင်ငွေကလည်း မသေးပေ။ တစ်ခါတစ်ခါ အစပ်ကောင်းလျှင် အရင်းထက် အမြတ်က အဆများစွာ ပိုလျှံနေသေး​၏။

သို့ပေမယ့် ပိုက်ဆံရသလောက် အလုပ်ဟာ အင်မတန်မှ ခေါင်းခြောက်ဖို့ကောင်းသည်။ လှည့်ကွက်တွေဟာလည်း အများကြီး။

လူတိုင်းနားလည်အောင် ဥပမာပေးရလျှင် စတော်ဘယ်ရီဖျော်ရည်တစ်ခွက်ရှိသည် ဆိုပါစို့။ အဲဒီစတော်ဘယ်ရီဖျော်ရည်​၏ 100% လုံးဟာ စတော်ဘယ်ရီသီးစစ်စစ်ကို စက်ထဲထည့်ကြိတ်လို့ တခြားဘာဆိုဘာမှမရောဘဲ ထုတ်လုပ်ထားတာ ဖြစ်နိုင်သည်။ သို့မဟုတ် စတော်ဘယ်ရီသီး 30% နှင့် စတော်ဘယ်ရီပေါင်ဒါ 70% စပ်ထားတာလည်းဖြစ်နိုင်သည်။ သို့တည်းမဟုတ် စတော်ဘယ်ရီသီး 30% ၊ စတော်ဘယ်ရီပေါင်ဒါ 30% နှင့် သကြား 40% ရောထားတာလည်း ဖြစ်နိုင်​၏။

ဆိုတော့ ဘာကွာပါသနည်း။ ပထမသည် အရသာပဲပေါ့။ စတော်ဘယ်ရီသီးဟာ ချဉ်ပြုံးပြုံး စတော်ဘယ်ရီအရသာကိုပဲ ပေးစွမ်းနိုင်ပါရဲ့။ စတော်ဘယ်ရီပေါင်ဒါဟာတော့ artificial ဖြစ်၍ အရောင်ပိုလှသလို အရသာလည်း ပိုလေးမည်ထင်သည်။ သကြားပါထည့်တော့ ချိုချိုလေးနှင့် သောက်လို့ကောင်းမှကောင်း။ ထပ်ထည့်သည့်ပစ္စည်းအလိုက် အရသာနှင့် စျေးနှုန်းက အတက်အကျရှိသွားမည်။

Blood of MINWhere stories live. Discover now