"မာမီ ကျွန်တော်formသွားတင်လိုက်ဦးမယ်"
"ပြီးရင်တော့ အိမ်တန်းပြန်လာမယ်မဟုတ်လား"
အလုပ်နားလိုက်တဲ့ မစ္စစ်ဝမ်က သားငယ်ကိုအချိန်ပေးပြီး ဂရုစိုက်လာတယ်။
"အင်း"
ဒီနေ့ရိပေါ်က တက္ကသိုလ်လျှောက်လွှာသွားတင်မဲ့နေ့။ မေဂျာကတော့ မိဘတွေအတိုင်းပဲ အဏ္ဏာဝါသိပ္ပံကို စိတ်ဝင်စားတာကြောင့် Marine Biology and Biological Oceanography Major ကိုလျှောက်မယ်လို့စဉ်းစားထားတယ်။
ရိပေါ်တက်မဲ့ တက္ကသိုလ်က မိုင်ယာမီဘက်မှာဖြစ်တာကြောင့် ကားနဲ့ဆိုရင်တောင် နာရီဝက်ကျော်လောက်သွားရတယ်။ ဒါကြောင့်လည်း မစ္စတာဝမ်က ရိပေါ်ကို ကားစီစဉ်ပေးထားတယ်။
အသက်၁၅နှစ်နဲ့တရားဝင်ကားမောင်းလို့ရတဲ့ ဖလော်ရီဒါမှာ တက္ကသိုလ်ကျောင်းသားဖြစ်တော့မဲ့ရိပေါ်က ယာဉ်မောင်းလိုင်စင်ရထားပြီးသားဖြစ်တာကြောင့် သွားရေးလာရေးပူစရာမလို။
.
.
.
"Oh! I'm sorry"
'ကျစ်...ဒီလောက်လမ်းအကျယ်ကြီးကို....'
ရိပေါ်လျှောက်လွှာတင်ပြီးအဆောက်အဦးထဲကအထွက် လူကိုလာတိုက်မိတဲ့သူကြောင့် ထိုသူကိုဘုကြည့်ကြည့်လိုက်မိတယ်။
တစ်ခြားကြောင့်တော့မဟုတ် ဝင်တိုက်မိလို့ တောင်းပန်စကားပြောပေမဲ့ ရိပေါ်ခြေထောက်ပေါ်က မဖယ်သေးတဲ့ ထိုသူ့လက်ဂေ့ဂျ်ကြောင့်ပင်။ ဝင်တိုက်ရုံမကလို့ လက်ဂေ့ဂျ် နဲ့ပါတက်ကြိတ်တဲ့ကြောင်တောင်တောင်လူရယ်ပါ။
"ugh~ sorry again"
ရိပေါ်ရဲ့ အကြည့်ကြောင့် အခုမှသတိထားမိသွားသလို သူ့လက်ဂေ့ဂျ်ကိုအမြန်ဆွဲမ လေတယ်။ အားတုံ့အားနာနဲ့ပြုံးပြနေပြန်တဲ့ ထိုသူကို ရိပေါ်ကမြင်ဖူးနေသလိုပဲ။ အင်္ဂလိပ်သံပီပီသသပေမဲ့ သူ့လိုပဲအာရှသားရုပ်ပေမို့။ ဒီလိုနိုင်ငံတကာတက္ကသိုလ်မှာ အာရှသားကသူတို့ပဲရှိတာမဟုတ်လို့ အထင်မှားတာလဲဖြစ်နိုင်တယ်။
"It's okay"
မျက်မှောင်ကြုတ်ကြီးနဲ့ ၁မိနစ်လောက်ကြာမှ ထွက်လာတဲ့ရိပေါ်စကားသံကြောင့် ထိုသူကကြောင်အမ်းအမ်းနဲ့ ခေါင်းတစ်ချက်ငြိမ့်လို့ ကျောင်းအဆောက်အဦးထဲဝင်သွားတယ်။
YOU ARE READING
JUST ANOTHER BOY [ Completed ]
Fanfiction[ BJYX Fanfiction ] . . . Jan 14 2021~ Oct 13 2021