အဝေရဲ့သူအပိုင်း၁၀

528 41 11
                                    

     ဘာလိုလိုနဲ့အဝေ အကိုတို့ဆီမှာနေနေတာ သုံးပတ်လောက်ရှိပြီဘဲ  အဝေရွာလေးကိုသတိရနေတာတော့အမှန်ဘဲ  သတိရတယ့်အချိန်တိုင်းဖုန်းဆက်နေတာ အာ့တာကိုမိချောမက ပြောတယ့်သူတော့မသိဘူးတယ့် နားထောင်တယ့်သူတောင် တော်တော်လေးနားတွေပူနေပြီတယ့်  တကယ်ပါဘဲ အာ့မိချောမကလေ ဒီကလွမ်းလို့သတိရလို့ဖုန်းဆက်နေတာကို ဘာမှန်းမသိဘူး ဘဘုန်းကြီးတောင်ဘာမှမပြောဘူး သူသတိမရဘူးနေမှာပေါ့ အကိုကတော့ပြောပါတယ် အဝေ တက်ချင်တယ့် သင်တန်းစုံစမ်းထားတယ့် အဝေ ကွန်ပျူတာတိူ့ အင်္ဂလိပ်တို့တက်ချင်ပေမယ့် အဝေပညာမစုံခဲ့တော့ ဘယ်တတ်လို့ရပါ့မလဲ အာ့တော့အဝေရဲ့ဝါသနာဖြစ်တယ့် ပန်းထိုးတယ့်ဟာတို့ကျောက်အလှဆင်တာတို့ကို တက်မယ်လို့ဘဲပြောရအုံးမယ် အကိုကတော်တော်လေးကိုအလုပ်ရှုပ်မှန်းအခုမှဘဲသိတော့တယ် ဒီကိုရောက်တယ့်နေ့မှာဘဲသေချာလေးစကားပြောဖြစ်တာ နောက်ရက်တွေတော့  မနက်စာစားချိန်နဲ့ ညဘက်ထမင်းစားချိန်ဘဲတွေ့တော့တယ် ဦးလေးလည်းတူတူပါဘဲ အစထဲကသိပ်စကားမပြောတာ့ ‌မေးထူးခေါ်ပြောလောက်ပါဘဲ  အဝေဒီမှာနေတာ ရွာကိုသတိရတာလေးဘဲ ကျန်တာအကုန်အဆင်ပြေပါတယ် အကိုကအများကြီးအိမ်အလုပ်မလုပ်နဲ့လို့ပြောပေမယ့် အဝေမှမနေတတ်တာ ကြီးမြတို့ဟင်းချက်လည်းဝိုင်းလုပ်ပေးတာဘဲ အိမ်မှာက အကိုတို့အလုပ်သွားတော့ အဝေရယ် ဖွားဖွားရယ် ကြီးမြနဲ့ပန်း ခြံစောင့်ဦးဆွေရယ် ပြီးတော့အကိုမြတ်ရယ် သူကတော့တော်တော်ဆိုးဆိုးပါ မပြောချင်ဘူး ဦးလေးနဲ့လည်းမတည့် အကိုကိုယ်လည်းဂျစ်ကန်ကန်နဲ့  ကျောင်းမတက်ရတော့တစ်ခုခုလေးလုပ်ပေါ့ သင်တန်းတက်လေ ဟိုတစ်နေ့ကအာ့လိုပြောမိတာ အဝေကိုသူအရပ်မှီလာရင် အဝေပြောတယ့်အတိုင်းလုပ်မယ်တယ့် တကယ်ပါဘဲ အဝေလည်းအမြင်ကတ်ပြီးဘာမှမပြောချင်တော့ဘူး အခုလည်းအဝေကြီးမြတို့နဲ့ဟင်းကူချက်ပေးနေတာကို အိမ်ရှေ့ဧည့်ခန်းကနေ ခေါ်ခေါ်ခိုင်နေတော့ဟင်းချက်တာအရာကုိမရောက်သေး‌တာ

         - အဝေရာ အဝေရာ အေးနော်မင်းငါခေါ်တာကိုမကြားသလိုဟန်ဆောင်နေရင် မင်းတကယ်ကန်းမှာနော် ပြီးရင် မင်းချစ်သူထားရင်ရဲကဖမ်းမှာ

    အဝေရဲ့သူ   [Completed]Où les histoires vivent. Découvrez maintenant