Unnie Of Me

954 59 5
                                    

[Zawgyi]

ဒါကတော့ အစ်မအကြောင်းရေးတဲ့ ညီမရဲ့ ဒိုင်ယာရီ...

ညီမဟာဘယ်သူလဲ? ညီမဟာ လူသားတစ်ယောက် ညီမဟာ အသားညိုညိုပုလုံးလုံးနဲ့တစ်ယောက် တစ်နည်းအားဖြစ် ညီမဟာအသားဖြူဖြူ နှာတံလုံးလုံး မျက်ဝန်းဝိုင်းလေးပိုင်ဆိုင်ထားတဲ့အစ်မရဲ့ဘဝမှာအရေးကြီးဆုံးလူသားဖြစ်ချင်တဲ့ ဂျစ်ကန်ကန်ကောင်မလေးတစ်ယောက်ပဲ...

-ဒါ့ကြောင့် ညီမဆိုတဲ့လူသားကိုဖော်ပြဖို့ဆို မှတ်ပုံတင်ဘာတွေမလိုဘူး အစ်မပဲလိုတယ်...

၂၀၁၂ခုနှစ်ရဲ့ လတွေထဲက တစ်ရက် အစ်မနဲ့ညီမရဲ့တွေဆုံခြင်း...

ကံကြမ္မာ စာရေးဆရာရဲ့ စုတ်ချက်အောက်မှာ အစ်မနဲ့ညီမရဲ့တွေ့ဆုံမှုက အချင်းချင်းဝင်တိုက်မိပြီးပစ္စည်းပြိုင်တူကောက် လက်ချင်းထပ်မိခြင်းလဲမဟုတ် ရင်းနှီးသောမိဘများကြောင့်လည်းမဟုတ် ကျောင်းနေဘက်အတန်းတူအခန်းဖော်လည်းမဟုတ်ခဲ့ဘူး...

ပုံမှန်နှစ်တွေထဲက လလေးတစ်လမှာ ပုံမှန်ရက်တွေထဲက ထူးခြားတဲ့ရက်လေးလိုမျိုး အကလေ့ကျင့်ခန်းရဲ့
တံခါးလေးတစ်ချက်ကိုဖွင့် ခြေလှမ်းလေးတစ်လှမ်းလှမ်းပြီး အကြည့်လေးတစ်ချက်ပို့ အပြုံးလေးတစ်ပွင့်ဆင် ဒါဟာရိုးရှင်းပြီး စွဲဆောင်မှုရှိတဲ့ဇာတ်လမ်းတစ်ပုဒ်လိုမျိုး စတင်ခဲ့ခြင်း...

-ရူးသွပ်ရခြင်းများထဲမှာ အစ်မအကြောင်းတွေးရင်းရူးသွပ်ရတာကောင်းတယ်...

"အညော်ဟာစရော်..."

နားထဲမှာထည့်ထားနားကျပ်ထဲကသီချင်းသံတွေတောင်မကြားရလောက်အောင် အစ်မရဲ့ နှုတ်ဆက်သံက ညီမကို လွှမ်းမိုးထားနေတယ်...

ထို့အပြင် နားကျပ်တစ်ရံနဲ့ mp3ကို အဖော်ပြုနေတက်တဲ့ ညီမဟာ
လေ့ကျင့်ခန်းထဲကိုဝင်လာတဲ့ အစ်မကိုမြင်ထဲက ဒါဟာငါ့အပိုင်ဖြစ်ရင်ကောင်းမယ်လို့တွေးမိတဲ့ လူသားလေးအစ်မ...

တနည်းအားဖြင့်ဆိုရရင် မြင်မြင်ချင်းစွဲလမ်းသွားတယ်ပေါ့ဗျာ...
အစ်မဟာ ညီမရဲ့ ခရေဇီဖြစ်တဲ့ girl crushလေးပေါ့...

တစ်ချို့နဲ့ဆို  ရေပတ်မဝင်အောင်စကားတွေပြောပြီး ရင်းနှီးခဲ့တယ် တစ်ချို့ဆိုရင်လည်းခပ်တန်းတန်းပေါ့ဗျာ့အစ်မနဲ့ကျမှ ရင်းနှီးမှုကိုမျက်လုံးချင်းဆုံပြီးအပြုံးတစ်ခုနဲ့စတင်ခဲ့တာ အင်းပေါ့ နှလုံးသားချင်းနီးမယ့်သူတွေက စကားလုံးတွေအများကြီးမှမလိုတာလို့ ကိုယ်ဘက်ကိုယ်ယက်လိုက်တယ်...

မလိမ်ညာပဲ ပြောရမယ်ဆိုရင်ဗျာ

အစ်မရဲ့ သူမတူတဲ့အပြုံးကိုမြင်ပြီးကတည်းက ဘယ်သူကိုမှတော်ရုံမကြွေ နိုး..နိုး.. မဟုတ်ဘူးကြွေကိုမကြွေတော့တာ အစ်မရဲ့အပြုံးကလေ ဘယ်လိုပြောရမလဲ
မိုနာလီဆာလိုမျိုးကြွေကြစေတဲ့ မဒူဇာလိုမျိုး ညို့ယူတက်တဲ့အပြုံးမျိုး...

ခပ်မိုက်မိုက်တွေသာကြိုက်ပြီး ခပ်ဟော့ဟော့နေတက်တယ်ဗျာ တစ်ချက်ချက် ဆက်ဆီလေးတောင်ကျသေး အဲ့လိုမျိုးညီမဟာ
နူးညံမှုနဲ့ တည်ငြိမ်မှုပေါင်းစပ်ထားတဲ့အစ်မကိုတော့ ညီမအမြင်မှာ အရမ်းပြည့်စုံနေနေတာ ဘာ့ကြောင့်လဲ?တစ်ယောက်ယောက်လောက်ဖြေပေးကျရင်ကောင်းမယ်...

ပြီးတော့

လူနှစ်ယောက် ရင်းနှီးဖို့ အချိန်ဘယ်လောက်ကြာလဲ?
ညီမအတွက်ကတော့ အများဆုံးသုံးရက်ပေါ့ သက်သေအနေနဲ့ကတော့ ချွေးထုတ်ခန်းရဲ့ ရေချိုးဇလုံးထဲမှာရှိတဲ့ အစ်ရဲ့ အဝတ်ဗလာဖြစ်နေတဲ့ကျောပေါ်က ညီမရဲ့လက်သေးသေးလေးတွေက သက်သေပေါ့...

အဲ့တုန်းက အဖြစ်အပျက်ကဒီလို...အရမ်းတွေမမှောင်ကျပါနဲ့ ဖြူဖြူစင်စင်လေးပါနော် အစ်မဘက်ကပြောပါတယ်။တစ်နေ့ အစ်မက ညီမရေ ချွေးထုတ်ခန်းသွားဘူးလားပေါ့။

အင်း ကိုယ်က နယူးဇီလန်ကိုအသက်ဆယ်နှစ်မှသွားတာလေ ငယ်ငယ်ကမေမေနဲ့တော့ သွားဘူးတာပေါ့လို့ဖြေမလို့ရှိသေး အစ်မပြောလိုက်တဲ့စကားကြောင့် သေချာပေါက်ပြန်ပြောလိုက်တဲ့စကား မသွားဖူးးပါဘူးပေါ့...အစ်မပြောတာက

"မသွားဘူးရင် အစ်မနဲ့ပိတ်ရက်ကျရင်သွားကြရအောင်လေတဲ့"

ညီမဟာ အရှက်ကြီးသူလား? နိုးပါ နယူးဇီလန်လိုမျိုး လွတ်လပ်တဲ့နိုင်ငံမှာကျောင်းတက်ခဲ့တဲ့ညီမဟာ အတိုအပျက်ဆိုတာမစိမ်းတဲ့ယဉ်ကျေးမှု ကမ်းခြေက bikiniတွေဆိုတာ ရင်းနှီးနေကျ အခြေအနေတစ်ရပ်...

တစ်ခုပဲ အစ်မရဲ့ကိုယ်တီးလုံးကိုမြင်တဲ့အချိန်မှာတော့ ညီမရဲ့ပါးမို့မို့ ကာချယ်ရောင်နည်းနည်းသမ်းသွားတယ်ဆိုတာတော့ ငြင်းလို့မရတဲ့ ရှက်စရာအမှန်တရားတစ်ခုဖြစ်ခဲ့တယ်...

နောက်ကျောပြင်လေးကအစ မြတ်နိုးစရာကောင်းနေတာ ခင်ဗျားတို့တော့ဘယ်သိမလဲဗျာ...

အိမ်မက်တွေနဲ့ရည်မှန်းချက်တွေဆိုတာ ကိုယ်ပိုင်အခန်းထဲက dairy စာအုပ်လေးကသာတာဝန်ယူပြီးထိန်းသိမ်းတက်တာသဘာဝပေမယ့် ညီမကတော့ သဘာဝကိုလွန်ဆန်စွာ ရည်မှန်းချက်တွေအကြောင်းရေးတဲ့ ညီမရဲ့ လူသားdairyလေးအစ်မ...

အိမ်မက်တွေအကြောင်းရေးတဲ့ ညီမရဲ့ လူသားdairyလေးအစ်မ...

မကျေနပ်တဲ့အကြောင်းတွေရေးတဲ့ ညီမရဲ့ လူသားdairyလေးအစ်မ...

ပျော်စရာအကြောင်းတွေရေးတဲ့ ညီမရဲ့ လူသားdairyလေးအစ်မ...

ဒါ့ကြောင့်...

-အစ်မဟာ ညီမရဲ့ favourate ထက်ပိုသော crazy person...

ညီမရဲ့အိပ်မက်တွေတောင် အစ်မကိုပဲအပိုင်ပေးထားတဲ့ထိ စွဲလမ်းနေတာ...


အစ်မဟာ ညီမအတွက် ဘယ်လိုမျိုးလဲ? အစ်မဟာဒီလိုလူမျိုး...
အရမ်းအေးတဲ့ဆောင်းရာသီတွေမှာဆိုရင်လည်း
ဆက်ဆီကျတဲ့ညီမတောင် ဘာရယ်မဟုတ် နွေးနွေးထွေးထွေးနေဆိုတဲ့ အစ်မရဲ့စကားကြောင့် နေ့တိုင်းလည်စီးလေးကတော့မပါမဖြစ်ရှိခဲ့ဘူးတယ်။ အခုထိရှိနေတုန်းပဲ...


အစ်မကိုလည်း ညီမကပြန်မှာချင်တယ်။ နွေးနွေးထွေးထွေးနေပါလို့ ညီမချမ်းတဲ့အခါ အစ်မဟာ ညီမရဲ့အနွေးအိတ်လေးမို့...

ပြီးရင်

ညီမဆီက အနွေးအိတ်တွေကို အစ်မကိုအကုန်ပေးပစ်ပြီး ညီမအတွက်ကတော့ အစ်မကိုဖက်ထားချင်တာမို့ အစ်မက အမြဲတမ်းနွေးနွေးထွေးထွေးဝတ်ရမယ်နော်လို့...


အဲ့လိုမျိုးနှုတ်ခမ်းကိုထော်ပြီး အစ်မကို ဆိုးတော့ အစ်မကချစ်စရာလေးတဲ့ အဲ့ဒါကြောင့်အစ်မရှေ့ဆို ကလေးလေးလိုမျိုး အရမ်းချွဲနေမိရောပဲ...


တကယ်ပါ ဆောင်းရာသီရဲ့ အေးစက်လွန်းတဲ့ညနက်တွေထဲမှာ
ညီမအိပ်ခန်းထဲကစောင်တွေက brandဘယ်လောက်ကောင်းကောင်း နွေးထွေးမှုက အမရင်ခွင်ကိုမမီခဲ့ဘူး။ ဒါ့ကြောင်မို့ အစ်မရဲ့အိပ်ခန်းထဲ အကြောင်းချက်မျိုးစုံနဲ့ခဏခဏရောက်ဖြစ်နေတာပေါ့...


ပြီးရင်လည်းညဘက်တွေမှာ သီချင်းအေးအေးတွေအစား အစ်မရဲ့အသံသြသြလေးက ညီမရဲ့ အိပ်ရာဝင်တေး အစ်မဖုန်းထဲကဂိမ်းသံတွေက အိပ်ရာဝင်တေးရဲ့မယ်လိုဒီ အစ်မကိုယ်က ရနံ့က felondyလိုမျိုး ဖြစ်တည်မှု အဲ့ဖြစ်တည်မှုလေးကို ညီမကြိုက်တယ်...


ပြီးရင်အစ်မက...


ညီမရဲ့အကြိုက်ဆုံး အမွှေးပွအရုပ်လေး မနက်ခင်းတိုင်းရဲ့ချိုသာတဲ့တေးသံလေး ညီမတစ်ယောက်တည်းသံပတ်ပေးပိုင်ခွင့်ရှိတဲ့ နှိုးစက်လေး ...ညီမရဲ့မူပိုင်ရှင်လေး


လူတွေကပြောကြတယ် သူတို့ဆီမှာ အေးတယ်နော် ဂရူစိုက်တဲ့ ။ပြီးရင်မေးသေးတယ် အဲ့ကဆောင်းရာသီက အရမ်းချမ်းလားတဲ့?


ညီမကတော့ ငြင်းမိမယ်ထင်တယ် ဘာလို့လဲဆိုတော့ ညီမက
ချမ်းနေတဲ့အခါ အစ်မအပြုံးတွေနဲ့ အနွေးဓာတ်ယူမယ်
အေးနေတဲ့အခါ အစ်မအကြည့်တွေနဲ့ နွေးထွေးပြီး
မိုင်းနပ်ပြနေတဲ့ ဆောင်းမှာတောင် အိပ်မက်တွေက အစ်မကြောင့်နွေးလို့...


ဒါ့ကြောင့် ကိုရီးယားကဆောင်းရာသီက ညီမအတွက်တော့နွေးတယ် အစ်မရယ်...


လေဆိပ်က ညီမရဲ့အမ.........


လေဆိပ်က အမအပြုံးတွေကိုလည်း ခဏခဏငေးကြည့်ဘူးတယ်
ခပ်တည်တည်လမ်းလျောက်သွားတိုင်း အပြေးလေးလာပြီး ပြုံးပြတက်တဲ့အစ်မက တခြားသူတွေကိုလည်းနွေးထွေးစွာပြုံးပြနေဆဲပဲ မျက်မှန်အောက်က မျက်စောင်းတွေကိုတော့ အစ်မမမြင်ရှာဘူးလေ...


အေးစက်လွန်းတဲ့ရာသီဥတုမှာ အမလက်ဖဝါးနွေးနွေးလေးကိုလည်း ဖမ်းဆုပ်ထားဖို့ ကြိုးစားဖူးတယ်...
အစ်မပခုံးပေါ်မှာလည်း မှေးစက်ဖူးသလို ငိုလည်းငိုကြွေးဖူးတယ်
လူအများရှေ့မှာ အစ်မရဲ့ဂရုစိုက်မှုလေးများရရင်လေ ညီမအပြုံးတွေပိုတောက်ပခဲ့တာ အစ်မသိရဲ့လား...


အစ်မမျက်ဝန်းတွေကိုလည်း ညီမဆီမှာပဲ ရှိချင်ခဲ့တာ ပြီးတော့
ညီမမျက်မှန်အောက်က မျက်ဝန်းတွေကရော အစ်မဆီမှာပဲဆိုတာ အစ်မမသိခဲ့ဘူးလား...


ဒါ့ကြောင့်မို့
မှေးစက်နိုင်တဲ့ အစ်မရဲ့ပုခုံးတစ်စုံ ခိုလှုံနိုင်တဲ့ အစ်မရဲ့ ရင်ခွင်တစ်ခု အမှီပြုလို့ရတဲ့ အစ်မရဲ့ကျောတစ်ပြင်နဲ့ နွေးထွေးတဲ့ အစ်မလက်ဖဝါးလေးကို ဆုပ်ကိုင်ပြီး ညီမရဲ့အနာဂါတ့်ခြေလှမ်းတွေတိုင်းကို  အစ်မနဲ့အတူတူပဲလှမ်းချင်ခဲ့မိတယ်...
.
.
.
.
.
.
.

စာကြွင်း...

လူတွေက ပြောတယ် mr ben ဟာသက ရီစရာကောင်းတယ်တဲ့ အစ်မရဲ့ ဟာသတွေလောက်တော့ ဟက်ဟက်ပက်ပက်ရီမိမယ်မထင်ပါဘူး...





                            𛐊                            👭





ညီမရယ်အစ်မရယ်ခရီးတွေရယ်..........


ကမ္ဘာလှည့်ပြီး အစ်မနဲ့အတူ ခရီးတွေထွက်မယ်လို့စိတ်ကူးကြည့်ဖူးတယ်...

ကနေဒါမှာ ငါးပြတိုက်သွားကြည့်ကြမယ်

ဟာဝိုင်အီမှာ အစ်မနဲ့အတူ နေပူစာလှုံမယ်

စပိန်မြို့တော်မှာ အစ်မကြိုက်မယ့် ပန်ကိတ်သွားစားကြမယ်

သြဇီက တိရစ္ဆာန်ရုံကို အစ်မနဲ့အတူသွားချင်တယ်

ပဲရစ်မှာ ရှော့ပင်ထွက်မယ် ပိုက်ဆံတွေကုန်တဲ့ထိ

တိုကျိုမှာ ခရစ်စမက်ကို အစ်မနဲ့အတူကုန်ဆုံးပြီးတော့

ဆိုးလ်ကို ပြန်လာပြီးအစ်မကို လက်ထက်ချင်တယ်.....

ူဒါတွေကိုအရင်ကစိတ်ကူးပဲထင်ခဲ့တာ အခုတော့တစ်ကယ်ဖြစ်ခဲ့ပြီလေ...


ညီမရဲ့ရှေ့ကနေ ဦးဆောင်သွားနေတဲ့ အစ်မရဲ့ကျောပြင်လေးကိုကြည့်ရင်းပြုံးနေမိတယ် ပြီးတော့ အပြေးလေး အစ်မရဲ့လက်မောင်းလေးကိုဖတ်တွယ်ပြီးအစ်မရဲ့ပုခုံးလေးကိုခေါင်းလေးမှီထားလိုက်တယ်


အစ်မရေ နောက်နှစ်တွေလည်း ခရီးတွေအများကြီးထွက်ချင်တယ်နော်လို့အစ်မကိုပြောတော့ အစ်မကအပြုံးချိုချိုလေးတွေနဲ့
ခေါင်းငြိမ့်ပြရှာတယ်...
.
.
.
.
.
.
.
နာကျင်ခြင်းများထဲတောင် အစ်မကိုလွမ်းလို့နာကျင်ရတာကို အကြိုက်ဆုံးပဲ...
-

နေ့ကိုရက်စား ရက်ကိုလစား လကိုနှစ်စားနဲ့............


ညီမရှေ့က ရှန်ပိန်ခွက်ထဲက ရှန်ပိန်လည်း ဖင်ကပ်ပဲကျန်တော့တယ်
ရှန်ပိန်ပုလင်းဆိုလည်း အခွံကြီးသက်သက်.. တစ်ခါတစ်လေတွေးမိတယ် အရက်မကြိုက်တဲ့အစ်မနဲ့ အရက်အရမ်းကြိုက်တဲ့ ညီမနဲ့ ဘယ်လောက်တောင် match ဖြစ်လိုက်သလဲဆိုတာ...

အစ်မနဲ့အကြောင်းတွေကို ရှန်ပိန်လေးသောက် မျက်လုံးလေးမှိတ်ပြီတွေးရတာကြိုက်တယ် ဘေးက LP playerက her ရဲ့ best partလေးကပျံ့လွင့်လို့ ...

ဒီနေ့ဆို အစ်မနဲ့မတွေရတာဘယ်လောက်ကြာပြီလဲ မတူညီတဲ့ အချိန်ဇယားတွေနဲ့ မတူညီတော့တယ်လျောက်လမ်းတွေကြောင့် အရင်လိုအမြဲအတူမရှိနိုင်တော့ဘူး။
တစ်ခါတစ်လေ အောင်မြင်မှုကိုမုန်းတယ် အစ်မနဲ့ညီမကိုဝေးကွာစေလို့ ...

အစ်မကိုလွမ်းတိုင်း stayhighထဲက အစ်မအသံလေးပဲနားထောင်နေရတယ်။ ...ပြီးတော့ ညီမဖုန်းထဲက အစ်မရဲ့ short funny vedioလေးတွေနဲ့ပဲ အလွမ်းဖြေနေရတယ်...

Group chatbox ထဲက အစ်မရေးတဲ့ စာတွေက အစ်မရဲ့felondyလည်းမရသလို ညီမရဲ့ ဆောင်းရာသီကိုလည်းမနွေးစေဘူးအစ်မရဲ့။
အိပ်ပျော်ဖို့ဖွင်တဲ့ASMRတွေကလည်း အစ်မရဲ့ အသံသြသြလေးလောက်မှ မကောင်းတာအစ်မရာ။ အဲ့လိုစဉ်းစားတိုင်းကျလာတဲ့ မျက်ရည်တွေက အစ်မရဲ့ရင်ခွင်လိုမနွေးထွေးပဲ အေးစက်စက်နဲ့....

လွမ်းတယ် အစ်မရဲ့အပြုံးတွေကို
လွမ်းတယ် အစ်မရဲ့အသံလေးကို
လွမ်းတယ် အစ်မရဲ့အပြုအမူလေးတွေကို
လွမ်းတယ် အစ်မကို...
အစ်မကို လွမ်းနေတဲ့ အစ်မရဲ့ ညီမ...


.
.
.
.
.
.
.
.
.
.
.
.
.
.
.
.


From ... your unnie

ဖက်ထုပ်လေး...

အစ်မရဲ့ဖတ်ထုပ်လေးရေ...

ဂျစ်ကန်ကန်နဲ့ထင်ရပေမယ့် ညဖက်တွေမှာဆိုရင် ပါပီလေးလိုမျိုးကပ်တွယ်နေတတ်တဲ့ အစ်ရဲ့ဖက်ထုပ်လေး...

သဝန်တိုချိန်ဆို မျက်လုံးတွေက စွန်ရဲတစ်ကောင်လိုသာဖြစ်မယ် နှုတ်ခမ်းလေးတွေက ဘဲပေါက်လေးလိုမျိုး အစ်မရဲ့ဖက်ထုပ်လေးက...

အရက်မူးလာတိုင်း ရစ်တက်တဲ့ ဆူထွက်နေတဲ့နှုတ်ခမ်းလေးနဲ့ ရီဝေဝေအကြည့်နဲ့ ပါပီမျက်လုံးရယ် ပတ်ကျိလိုမျိုးကပ်တွယ်နေတက်တဲ့ အစ်မရဲ့ဖတ်ထုပ်လေး...

ကိုယ်ကြိုက်တဲ့ အစပ်တွေကို တစ်ရှုးရှုးတရှဲရှဲနဲ့ စားတက်တဲ့ အစ်မရဲ့ဖက်ထုပ်လေး...

မျက်လုံးလေးတွေမှိတ်တဲ့ထိ ရယ်တက်တဲ့ အစ်မရဲ့ဖက်ထုပ်လေး...

ကိုယ့်လက်ဖဝါးတွေကို တင်းတင်းကျပ်ကျပ်ဖမ်းဆုပ်ထားတက်တဲ့ လက်သေးသေးလေးတွေနဲ့ အစ်မရဲ့ဖက်ထုပ်လေး...

ကိုယ့်ပခုံးပေါ်ခေါင်းလေးမှီပြီးချွဲလွန်းတဲ့ ကိုယ့်ရဲ့ဖက်ထုပ်လေး...

ရှော့ပင်ထွက်ရတာကြိုက်တဲ့ အစ်မရဲ့ဖက်ထုပ်လေး...

မရှိတဲ့ ဗိုက်ကအဆီလေးတွေကိုပြပြီး သူဝိတ်တက်လာတယ်လို့ ခဏခဏပြောတက်တဲ့ အစ်မရဲ့ဖက်ထုပ်လေး...

ဘယ်လောက်အိပ်အိပ် အိပ်ရေးမဝဘဲ အမြဲတမ်းအိပ်ငိုက်တက်တဲ့ အစ်မရဲ့ဖက်ထုပ်လေး...

မင်းဟာ ခလေးလေးတွေထက်ချစ်ဖို့ကောင်းတဲ့ ဖက်ထုပ်လေးမို့ အဲ့လိုဖြူဖြူဖွေးဖွေး ဖက်ထုပ်လေးက ကိုယ့်အကြိုက်ဆုံး ထမင်းပူပူလေးတောင် မလိုလောက်အောင် မင်းက စားချင်စရာကောင်းလွန်းနေတယ်...

အခုဆို...

LP player ကလွင့်လာတဲ့သံစဉ်တွေအောက်မှာ ရှိန်ပိန်အရှိန်လေးနဲ့ အစ်မဟာသူ့ကိုပစ်ထားတယ်ဆိုပြီး သူတစ်ယောက်ထဲပေါက်တက်ကရတွေတွေး နှုတ်ခမ်းလေးတွေဆူပြီး ကိုယ်ရင်ခွင်ထဲခေါင်းငိုက်စိုက်ကျလာဦးမယ်...


သူ့ရှေ့က ကိုယ်ကပဲ ဝိညာဉ်ကြီးလိုလိုဘာလိုလိုနဲ့....

ခလေးလေးတွေထက်ချစ်ဖို့ကောင်းတဲ့ ကိုယ့်ရဲ့ငမူးဖက်ထုပ်လေး...

.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
အစ်မရဲ့ ဖက်ထုပ်လေးအပြောအောက်မှာကျဆုံးသွားသော readersအားလုံးကိုလည်း အစ်မက ဖက်ထုပ်လေးကိုချစ်တဲ့အချစ်ထဲက နည်းနည်းနည်းနည်းနည်းနည်းလေးဖဲ့ပြီးချစ်ပေးပါ့မယ်လို့...ဘိုင့်ဘိုင့်နော်..ငမူးလေးကိုသွားသိပ်လိုက်ဦးမယ်...

သြော်...ပြီးတော့ပြန်မလာတော့ဘူးနော် ငမူးလေးက ကိုယ့်ရင်ခွင်ထဲမှာပဲအိပ်တတ်တာမို့....😜 \Kim Jisoo\


END_

MlP:

1522021:

Unnie Of MeWhere stories live. Discover now