Part (22)

2.9K 183 6
                                    

"မနားသေးဘူးလား ရိပေါ်..."

ခြံထဲက ရေကန်ငယ်လေးနားမှာရိပေါ်ထိုင်နေတုန်းအနောက်ကရောက်လာတဲ့ လစ်ဇ်ကြောင့် ရိပေါ်ခေါင်းသာယမ်းပြလိုက်တယ်။

"လင်းအာနဲ့အခြေနေက...."

ရိပေါ်သက်ပြင်းချကာ...
"ပြတ်သွားပြီ...။ နဂိုကလဲ အကြောင်းတစ်ချို့ကြောင့်တွဲဖြစ်ခဲ့တာ...။"

စိတ်မရှည်သံပေါက်နေတဲ့ရိပေါ်စကားကြောင့် လစ်ဇ်ပြုံးလိုက်တယ်။
စိတ်ထဲလဲ ကိုယ့်ဘာသာဂုဏ်ယူမဆုံးပေ ဘာလို့လဲဆိုတော့ သူမထင်တာမှန်ခဲ့သားပဲ ရိပေါ်တစ်ကယ်ပဲ လင်းအာကိုမချစ်ခဲ့ဘူးဆိုတာ....

"ကြည့်ရတာ ရိပေါ်လင်းအာသတင်းမကြားသေးဘူးထင်တယ်။ လမ်းခွဲပြီးနောက်ပိုင်းလုံးဝ အဆက်သွယ်မရှိတော့တာလား..."

"ကျစ်....လစ်ဇ် ရိပေါ်ကိုဘာပြောချင်နေတာလဲ။ "

ဝမ်ရိပေါ်လေးစိတ်မရှည်ဘူး။ ကြည့်ရတာ သူ့လင်ကြောင့်လစ်ဇ်ကို စကားတောင်ပြောချင်ပုံမရ...။ လစ်ဇ်ရီမိတယ် သဘောတကျကို...။ အူတိုနေတဲ့ကောက်လေးက နုတ်ခမ်းထော်နေပြီး မျက်မှောင်ကြုံ့ထားသေးတာရယ်....

"ဘာရီတာလဲ....!!"

ဘောက်ဆပ်ဆပ်အသံနှင့်အတူ သူ့နုတ်ခမ်းက ခုနကထပ်ပိုထော်လာခဲ့ပြီ....

"ဟား..ဟား....ချစ်ဖို့ကောင်းလိုက်တာ ရိပေါ်ရယ်...။"

မိန်းကလေးအိန္ဒြေတောင်မဆည်နိုင်ပဲအားပါးတရအော်ရီကာ ဖောင်းနေတဲ့ပါးနှစ်ဖက်ကိုဆွဲကိုင်ညစ်တော့ မျက်ထောင့်နီကြီးနဲ့ လစ်ဇ်ကိုကြည့်ကာ လက်တွေကိုပုတ်ချလေတယ်။

သူ့ကိုယ့်သူတော့ Lion အသွင်ဖမ်းထားပေမဲ့ လစ်ဇ်မျက်စိထဲ မာန်ဖီနေတဲ့ ကြောင်ပေါက်လေးလိုပဲ...

"ဘာလုပ်တာလဲ....!!!"

ရိပေါ်နားမလည်ပါ။ လစ်ဇ်ကဘာကြောင့်ရိပေါ်ကို သူ့မောင်လို ကလေးတစ်ယောက်လိုပြုမူနေရပါသလဲ...။

"Ok...Ok... မစတော့ဘူး အတည်ပြောမယ်။ လင်းအာ လန်ဒန်ပြောင်းသွားတာသိပြီးပြီလား..."

"ဟမ်....တစ်ကယ်လား။ ရိပေါ်မသိဘူး ဘယ်တုန်းကလဲ...။"

ရိပေါ်တစ်ကယ်မသိပါ ။ လင်းအာနဲ့နောက်ဆုံးတွေ့ခဲ့တာ လမ်းခွဲသည့်နေ့ကပင်...။ အဲ့နောက်ပိုင်း လုံးဝ အဆက်သွယ်မလုပ်တော့တာ....

သိပ်ချစ်မိ၍......(Complete )Where stories live. Discover now