Part (9)

2.4K 105 1
                                    

အနက်ရောင် ကောင်းကင်

🌸pann

Part (9)

" ဟင်း.. "

ရိုးမယ် မျက်ခုံးတွေတွန့်ချိုးကုတ်ထားရင်း ညီးသံလေးထွက်မိသည်.. ။

မျက်လုံးတွေက အရမ်းပူလွန်းနေတာ နေရခက်လွန်းတယ်.. မဖွင့်ချင်တဲ့ မျက်လွှာကိုအားယူပြီး ပင့်ယူကြည့်ရသည် ။

' ရိုးမယ် ဘယ်ရောက်နေတာပါလိမ့်.. '

မျက်လုံးနှစ်လုံး ပွင့်သည်နှင့်ကိုယ့်ကိုယ်ကိုယ် ပြန်ပြန်မေးနေမိတဲ့ စကားတစ်ခွန်း.. ။

နောက်မှ ကိုယ်ဘယ်ရောက်နေတယ်ဆိုတာ တွေးမိရသည်.. မျက်လုံး ဖွင့်လိုက်တိုင်း စိမ်းသက်နေတဲ့အရာတွေနဲ့ ပဲ ရှိနေခွင့်ရတာကို မကြိုက်ချင် ။

အမေနဲ့အတူနေတဲ့ အိမ်ရဲ့ရိုးမယ်အခန်းကိုပဲ ပြန်ချင်သည်..

ရိုးမယ် လက်နှစ်ဖက်လုံးကို ထောက်ပြီး ထထိုင်ဖို့လုပ်နေချိန်..

" ကလေးမ.. မင်းနိုးပြီလား "

ရိုးမယ်အခန်းထဲဝင်လာတဲ့ ဒေါ်ဝင်း ထဖို့လုပ်နေတဲ့ ရိုးမယ်ဘွဲ့ကိုတွေ့လို့ မေးရင်းအနားကပ်သွားလိုက်သည်.. ။

ရိုးမယ် အားယူပြီး ခပ်လျှောလျှော လေး ထထိုင်လိုက်သည်..

" ဟို.. ရိုးမယ် ကျောင်း "

" မင်း ဖျားနေတာ ကျောင်းသွားလို့မရဘူး.. "

ဟင်း... စိတ်ညစ်လိုက်တာနော် ။

နောက်သုံးရက်မြောက်နေ့ဆို စာမေးပွဲ အစိန်ကြီးရှိကာမှ ကောက်ပြီးနေမကောင်းရတယ်လို့..ဒီနေ့ကျောင်းပျက်မိတော့ စာတွေတော့ပျက်ပါပြီ ။

ဆရာမက သေချာကျက်မှတ်ရမယ့် သင်ခန်းစာတွေ ဒီနေ့ပြောပြပါမယ်ဆိုမှ.. ရိုးမယ်က ကျောင်းလည်းမသွားရတော့ ဘယ်သူ့ဆီကမှပြန်ကူးလို့လည်း ရမှာမဟုတ်ဘူး ။

မနက်ဖြန် က စနေ တနင်္ဂနွေ ကျောင်းပိတ်ရက်တွေ ဖြစ်သွားပြီ.. ကျောင်းဖွင့်တာနဲ့စာမေးပွဲရက်ကြီး ။

ရိုးမယ် မျက်လုံးနှစ်လုံး ပွင့်သည်နဲ့ တွေးပူရပြန်တဲ့ အကြောင်းတစ်ခု..

အနက်ရောင် ကောင်းကင် (Unicode) Onde histórias criam vida. Descubra agora