အနက်ရောင် ကောင်းကင်
🌸pann
Part (17)
" မင်းက နာတတ်တယ်လား.. "
ရိုးမယ်ကို မေးလာတဲ့စကား.. ။
ရိုးမယ်မဖြေသေးဘဲ လုပ်နေစအလုပ်ကိုရပ်ပြီး သူ့ကို ကြည့်နေလိုက်သည်..
" ငါမေးနေတယ်လေ.. နာတတ်နေတာလား နာရင်လည်း နာတယ်ထုတ်ပြောမနေနဲ့ နင်နဲ့မလိုက်ဘူး "
" အဟက်.. လူပဲ မနာတတ်သင့်ဘူးလား အသွေးသားနဲ့ တည်ဆောက်ထားတဲ့ ခန္ဓာ ခံစားချက် မဲ့နေတဲ့ သူတွေ မဟုတ်ဘူး.. ဒါပေမယ့် ငါကနာတာကို နာတယ်လို့ပြောခွင့်မရတဲ့သူဆိုတာ ငယ်ငယ်လေးကတည်းက ဝလုံးမရေးတတ်ခင်ကတည်းက သင်ကြားခံခဲ့ရတဲ့ ဘာသာရပ်တစ်ခု ငါကောင်းကောင်းတတ်ကျွမ်းတဲ့ ပညာရပ်မို့ငါ့ကို လက်ညိုးထောက်ပြီး နင်သင်ပြပေးနေစရာ မလိုဘူး "
" နင်တို့နာတယ်ဆိုတာ ဖြုတ်ကိုက်ရုံလောက်ပဲရှိတယ်.. နင်တို့ကြောင့် ထိခိုက်နာကျင်ခဲ့ရတဲ့ မိသားစုတွေက တနင့်တပိုးကြီး ခံစားခဲ့ရတာ "
ရိုးမယ်တို့ နာကျင်ရတာက ဖြုတ်ကိုက်ရုံလောက်ပဲ ရှိတာတဲ့လား.. နင်မြင်လား ငါ့ဒဏ်ရာတွေကို ဘယ်လောက်ထိနက်တဲ့ဒဏ်ရာတွေလဲ ဆိုတာ နင်မြင်လို့လား နင်သိလို့လား ။
သူများရတဲ့ဒဏ်ရာတွေကိုတော့ နင်မြင်နိုင်ပေးပေမယ့် ငါရနေတဲ့ဒဏ်ရာတွေကျတော့ ဒဏ်ရာလို့နင်မမြင်ဘူးမလား..
" နင်အဲ့လိုထင်နေရင် အဲ့လိုပဲဆက်ထင်နေလိုက်ပါ.. ငါ့ကိုယ်ငါ နင်ပြောသလို မဟုတ်ဘူးလို့နင်နဲ့ပြိုင်ငြင်းမှာမဟုတ်ဘူး နင့်ကိုလည်း အာညောင်းခံပြီး ငါရှင်းပြနေဖို့ လည်း ငါစိတ်မပါဘူး..ဖြေလည်းမဖြေရှင်းချင်ဘူး ကြိုက်သလိုသာ ထင်တော့ "
ရိုးမယ် ပြောပြီး လျှော်ရမယ့်အခင်းစွပ်အဖုံးစွပ်တွေကို ကောက်ယူပွေ့ပိုက်ပြီး သူ့အခန်းထဲကနေထွက်ဖို့ လုပ်ရသည်..
" နင်ငါ့ကို ပြန်တောင်ခံပြောနိုင်နေပြီ.. ဘာအားကိုးတွေရပြီး မာန်ထောင်လာနိုင်တာလဲ "
ဟော.. စကားကို အေးဆေးပါးစပ်ကပဲ မပြောဘူး ။
အခန်းထဲကမထွက်ခင် သူ့ဘေးဖြတ်လျှောက်ထွက်နေတာကို ရိုးမယ်လက်မောင်းကို ကိုင်ပြီးလာပြောနေပြန်ပြီ..
![](https://img.wattpad.com/cover/277769673-288-k481131.jpg)
ESTÁS LEYENDO
အနက်ရောင် ကောင်းကင် (Unicode)
Romance" ငါ့အိမ်ထဲကို နင်ကဘာလို့ဝင်လာတာလဲ..ထွက်သွားစမ်း " " ငါ နင်နဲ့နင့်အမေကို အရမ်းမုန်းတယ်.. နင်တို့ကြောင့် ငါ့အမေ နေမကောင်း ဖြစ်ရတာ " ငါ့အိမ်မှာ နေဖို့လာတဲ့နင့်ကို ငါက ကောင်းကောင်း နေခွင့်ပေးမယ် ထင်နေလား.. ထိုင်ဆုတောင်းနေလိုက် ။ . " မင်းက နာတတ်တယ်လား...