အနက်ရောင် ကောင်းကင်
🌸pann
Part (26)
ဟန်နေ အတန်းထဲမှာထိုင်နေလည်း စိတ်လုံးဝမပါ.. ဆရာစာသင်ပြနေတာကို ဘယ်လိုမှအာရုံစိုက်လို့မရ ။
" ဟန်နေ.. မင်းကလည်း ငေါင်လိုက်တာကွာ တက်တက်ကြွကြွနေစမ်းပါ "
ဆရာစာသင်နေလို့ မင်းစိုးက ဟန်နေနားကပ်ပြီး တီးတိုးလေး သတိပေးရသည်..
ဒီကောင် ဆရာစာသင်နေတာတောင် အသက်မဲ့နေတဲ့သူလို ငိုင်ပြီး ရေခဲကျောက်တောင်ကြီးလို အေးတိအေးစက်နဲ့.. အကြည့်တွေက ကြမ်းပြင်ကိုပဲ ငေးစိုက်ကြည့်နေတာက ဝိဉာဉ်လွင့်နေသူလို ဖြစ်နေတာ.. ။
သူကဒီလိုကြီး အာရုံမရတဲ့သူလို စာသင်ခန်းမှာလာထိုင်နေတော့ ဆရာကစာသင်ရင်းဒီကောင့်ကို လှမ်းလှမ်းကြည့်နေတာ.. သတိထားမိတဲ့ကိုယ်က ဒီကောင့်နားကပ်ပြီး တီးတိုးကပ်သတိပေးရသည်..
" ဟန်နေ.. မင်းကို ဆရာကြည့်နေပြီ နည်းနည်းပါးပါး အာရုံလေးကပ်အုံး "
ဆရာက လှမ်းကြည့်နေတယ်ကြားတော့ ဟန်နေဆရာ့ကိုလှမ်းကြည့်လိုက်ပါသည်.. ကိုယ်လှမ်းကြည့်တဲ့ချိန် ဆရာကလည်းကြည့်နေတော့ အကြည့်ချင်းဆုံသွားရပြီ.. ဟန်နေ အမြန်လေး အကြည့်ရုတ်သိမ်းလိုက်ရသည်.. ။
ဟူး... မင်းကြောင့် ကိုယ်အာရုံစုစည်းမရတော့ဘူး မယ် ။
ဟန်နေ စိတ်ကိုဘယ်လိုပဲ စာသင်ခန်းမှာပဲနှစ်နှစ် မရ.. အာရုံတွေ အားလုံး မယ့်ဆီကိုပဲရောက်ရောက်သွားတတ်သည်..
ကိုယ့်ကိုယ်ကိုယ်တောင် မသိလိုက်ခင် ရိုးမယ်ကို ဒီလောက်ချစ်သွားခဲ့နေပြီလား.. ။
.
" လာစမ်းပါကွာ မင်းကလည်း.. "
မင်းစိုး ဟန်နေကိုဆွဲခေါ်နေရသည်.. အတန်းထဲထိုင်နေတော့လည်း အာရုံကပ်နေတာမှ မဟုတ်တာ ။
စိတ်အပြောင်းလဲဖြစ်အောင် စာသင်ခန်းထဲကနေ ကန်တင်းဘက် ဆွဲထုတ်ခေါ်လာခဲ့လိုက်သည်..
" ကဲ.. ထိုင်စမ်းပါ မျောက်အိုနာကြီးအတိုင်း မနေစမ်းပါနဲ့ မင်းနဲ့မလိုက်လိုက်တာ "
YOU ARE READING
အနက်ရောင် ကောင်းကင် (Unicode)
Romance" ငါ့အိမ်ထဲကို နင်ကဘာလို့ဝင်လာတာလဲ..ထွက်သွားစမ်း " " ငါ နင်နဲ့နင့်အမေကို အရမ်းမုန်းတယ်.. နင်တို့ကြောင့် ငါ့အမေ နေမကောင်း ဖြစ်ရတာ " ငါ့အိမ်မှာ နေဖို့လာတဲ့နင့်ကို ငါက ကောင်းကောင်း နေခွင့်ပေးမယ် ထင်နေလား.. ထိုင်ဆုတောင်းနေလိုက် ။ . " မင်းက နာတတ်တယ်လား...