အနက်ရောင် ကောင်းကင်
🌸pann
Part (27)
ရိုးမယ် ညကအဖျားရှိန်တွေ အရမ်းတက်နေတာ.. နေမကောင်းပေမယ့်လည်း ဆေးထသောက်ဖို့ မလုပ် ဘယ်သူ့ကိုမှလည်းမပြောနေလိုက်ပါ ။
ကိုယ့်ဘာသာ တိတ်တိတ်လေးနေနေလိုက်သည်..
မနေ့က အပြင်ကပြန်လာချင်း ရေပန်းအောက်ဝင်ထိုင်နေမိတော့ အပူရှပ်ပြီးဖျားရတော့တာပဲ..ခေါင်းကိုက်နှာစေးပြီး နေရခက်နေတာ ။
ကျောင်းကိုလည်းမသွားလည်းမဖြစ်.. မနေ့က ရိုးမယ်စာအုပ်နဲ့လွယ်အိတ် တွေ ကျောင်းမှာပဲကျန်ခဲ့တာလေ ။
ဒီနေ့သွားပြန်ယူမှဖြစ်မယ်..
" ရိုးမယ်ဘွဲ့.. နင်ဘာဖြစ်နေတာလဲ "
ကားမှီပြီး အိပ်လိုက်နေတာ.. အရင်နေ့ကအခုလိုမှ မဟုတ်တာ ။
" ငါ ဘာမှမဖြစ်ဘူး.. အဟွန်း "
ရိုးမယ် ပြန်ဖြေရင်း လည်ချောင်းမရှင်းလို့ ရှင်းလင်းရေးလုပ်လိုက်ရသေးသည်..
" နင်.. ဟိုကောင်နဲ့အပြီးပြတ်ပြောခဲ့ပြီးပြီ မဟုတ်လား "
ကောင်းရန်နိုင်ရှင်း မေးမှ မနေ့ကအကြောင်း ခေါင်းထဲပြန်ရောက်လာပြန်သည်.. ။
မျက်လုံးထဲ ပြန်မြင်လာယောင်မိလို့ မျက်လုံးမှိတ်ချပြီး ပြန်ဖယ်ထုတ်လိုက်ကာ..
" အွန်း.. "
ရိုးမယ်ဘွဲ့ ခေါင်းညိတ်လိုက်တော့ ဘာကိုစိတ်သက်သာရာ ရမှန်းမသိ..တော်တော်လေးတော့ ရင်ထဲပေါ့သွားသည် ။
" မနေ့က ဘာလို့အိမ်ကိုစောစောပြန်လိုက်တာလဲ.. "
" စောပြီးလို့.. "
စကားများများ မပြောခိုင်းပါနဲ့လား.. ။
စကားအပြောမှားမှာစိုးလို့ တော်တော် ထိန်းပြောနေရတာ ။
" လွယ်အိတ်ကရော..အိမ်မှာကျန်ခဲ့တာလား "
" မဟုတ်ဘူး ကျောင်းမှာ.. "
" ကျောင်းမှာ ဟုတ်လား "
" အွန်.. ဟုတ်တယ် စာအုပ်တွေအကုန်ကျောင်းမှာထားခဲ့တာ "
ESTÁS LEYENDO
အနက်ရောင် ကောင်းကင် (Unicode)
Romance" ငါ့အိမ်ထဲကို နင်ကဘာလို့ဝင်လာတာလဲ..ထွက်သွားစမ်း " " ငါ နင်နဲ့နင့်အမေကို အရမ်းမုန်းတယ်.. နင်တို့ကြောင့် ငါ့အမေ နေမကောင်း ဖြစ်ရတာ " ငါ့အိမ်မှာ နေဖို့လာတဲ့နင့်ကို ငါက ကောင်းကောင်း နေခွင့်ပေးမယ် ထင်နေလား.. ထိုင်ဆုတောင်းနေလိုက် ။ . " မင်းက နာတတ်တယ်လား...