အနက်ရောင် ကောင်းကင်
🌸pann
Part (32)
ရိုးမယ် ကျန်နေတဲ့စာရွက်တွေကို ဆက်ဖတ်ကြည့်မိသည်.. ။
" ဆရာမ.. ဘယ်လိုဖြစ်တာလဲ ကျွန်မသမီးက တကယ် ကိုယ်ဝန်ရှိနေတာလား "
ဆရာဝန်မလေးက မျက်နှာမကောင်းကတည်းက သဉ္ဇာရိပ်မိလိုက်ပါပြီ.. ။
တကယ်ကို မထင်မှတ်ထားတဲ့အရာတွေ တစ်ပြုံထဲကိုယ့်ဆီအလုံးရင်း ဝင်လာတာ ။
" ဆရာမ ပြောပါအုံး ဆရာမရယ်.. ကျွန်မသမီးလေးက တကယ်ပဲကိုယ်ဝန်ရှိနေပြီလား "
သဉ္ဇာ့အမေကတော့ လက်မလျှော့စွာ ဆရာမကိုမေးနေသေးတာ.. ။
" ဟင်း.. "
ဆရာဝန်မလေးက သက်ပြင်းလေးတစ်ချက် ချလိုက်ပါသေးတယ် ။
" ကျွန်မ ဘယ်လိုပြောရမလဲ မသိတော့ဘူး အစ်မရယ်.. "
သဉ္ဇာ စိတ်ဝိဉာဉ်လွင့်နေတဲ့ လူတစ်ယောက်လို ထိုင်ခုံမှာ မတုန်မလှုပ်လေးထိုင်နေတာ.. မျက်လုံးအကြည့်က ဆရာမစားပွဲခုံမှာ တင်ထားတဲ့ အိုဗီမင်ပြက္ခဒိန်က ဗိုက်ကိုဓာတ်ပုံရိုက်ပြထားတဲ့ကာဗာတစ်ခုမှာ မျက်တောင်မခတ် စိုက်ကြည့်နေတာ ။
" ကျွန်မတို့လည်း ဒီညီမလေး ဆေးရုံရောက်လာကတည်းက သေချာ ဆေးတွေထိုးထားပေးပါတယ်.. အမှန်ဆိုအခုလို ကိုယ်ဝန်ရလာမှာမျိုး မဖြစ်သင့်ပေမယ့် အခုတော့ "
ဆရာမ စကားရပ်လိုက်တာနဲ့ အမေက အံ့အားသင့်ကာတုန်လှုပ်လာပြီး ကျောက်ရုပ်အတိုင်းအေးခဲသွားသည်.. ။
" ကျွန်မ သမီးလေး.. ကျွန်မသမီးလေးကို ဘယ်လိုလုပ်ရတော့မလဲ အခုသူ့မှာ "
အမေကတော့ သဉ္ဇာ့လက်ကိုဆုပ်ကိုင်ပြီး မျက်ရည်တွေကျလာပြန်ပြီ.. ။
ဆရာဝန်တွေတောင် မထင်မှတ်ထားတဲ့အခြေနေမျိုး ဖြစ်လာတာမို့အားလုံးကလည်း အံ့ဩနေကြတာ.. ။
တစ်ခါတစ်လေ ကံကြမ္မာက ကြီးမားတဲ့ ကျီစယ်နောက်ပြောင်မှုတွေလည်း လုပ်တတ်မှန်းသိတော့တယ်.. ။
" ညီမ ဒီကိုယ်ဝန်ကို ဘယ်လိုလုပ်ချင်လဲ.. ညီမမလိုချင်ဘူးဆို တရားဝင်ဖျက်ချပေးမယ် ညီမသဘောထားကဘယ်လိုလဲ "
KAMU SEDANG MEMBACA
အနက်ရောင် ကောင်းကင် (Unicode)
Romansa" ငါ့အိမ်ထဲကို နင်ကဘာလို့ဝင်လာတာလဲ..ထွက်သွားစမ်း " " ငါ နင်နဲ့နင့်အမေကို အရမ်းမုန်းတယ်.. နင်တို့ကြောင့် ငါ့အမေ နေမကောင်း ဖြစ်ရတာ " ငါ့အိမ်မှာ နေဖို့လာတဲ့နင့်ကို ငါက ကောင်းကောင်း နေခွင့်ပေးမယ် ထင်နေလား.. ထိုင်ဆုတောင်းနေလိုက် ။ . " မင်းက နာတတ်တယ်လား...