Part (34)

2.7K 87 0
                                    

အနက်ရောင် ကောင်းကင်

🌸pann

Part (34)

ဒီနေ့ ကိုယ်တွေသားအမိက အိမ်ပြန်ရောက်နေကြပေမယ့် အဖေ အိမ်မလာသေးသလို ရိုးမယ်ဘွဲ့ကလည်း ပြန်မလာသေးပါ..။

ဘယ်မှာ ဘာတွေများလုပ်နေကြတာလဲ ။

ကောင်းရန်နိုင်ရှင်း အမေ့ကိုသေချာဂရုစိုက်ပေးနေလိုက် အဖေနဲ့ရိုးမယ် ပြန်အလာကိုလည်းမျှော်နေရနဲ့ တစ်ယောက်ထဲ အားတယ်ကိုမရှိဘူး.. ။

ရိုးမယ်ဘွဲ့က ကျောင်းကိုလည်း မရောက်လာဘဲပျောက်ချက်သား ကောင်းနေတယ်လို့ဟန်နေလာပြောထားတယ်.. ရိုးမယ်ဘွဲ့က ဘာလို့ကျောင်းမတက်ရတာလဲ ။

စဉ်းစားလေ အဖြေနဲ့ဝေးလေ.. အဖြေကောင်းတစ်ခုမှမထွက် ။

" ကျွီ.. "

ကားရပ်သံကြားလိုက်ရတော့ ဧည့်ခန်းမှာထိုင်နေရင်း ခါးလေးမတ်သွားမိသည်.. ။

အဖေများလား.. ။

အိမ်တံခါးဝဆီကို ခါးလေးနည်းနည်းကိုင်းပြီး လှမ်းချောင်းကြည့်လိုက်ပါသည်.. တကယ်ပဲ အဖေရောက်လာတာပါလား ။

ကောင်းရန်နိုင်ရှင်း ကိုယ်ကိုပြန်မတ်ကာဟန်မပျက်နေရင်း ရှေ့စားပွဲပေါ်တင်ထားတဲ့ ဖုန်းကို အမြန်ယူကြည့်ပြီး ခပ်တည်တည် နေနေလိုက်သည်.. ။

" ဟူး... "

အိမ်တံခါးဝမှာ အဖေ့ရဲ့သက်ပြင်းချသံနဲ့အတူ လေမှုတ်ထုတ်လိုက်တဲ့အသံက ကျွန်တော် ကောင်းကောင်းကြားရလောက်အောင် ကျယ်ပါသည်..။

အိမ်ပြန်လာရတာ အဲ့လောက်တောင် စိတ်ပျက်နေပြီလား အဖေ.. ကျွန်တော်နဲ့အမေ ရှိတဲ့အိမ်က အဖေ့အတွက် အပန်းမဖြေနိုင်တဲ့ အ်ိမ်ဖြစ်ခဲ့ပြီလား ။

ညရှစ်နာရီခွဲမှ အိမ်ကို ရောက်လာတဲ့အဖေကို ကျွန်တော်ဝမ်းပန်းတသာနဲ့ ကြိုဆိုပေးသင့်လားမသိတော့ပါ.. အိမ်ကိုပြန်လာတာတောင် ပျော်ရွှင်မှုပျောက်နေတဲ့ အဖေ့ကို ကျွန်တော်ဘယ်လိုစိတ်ထည့်ပြီး နှုတ်ဆက်ကြိုဆိုရတော့မှာလဲ ။

အဖေပြန်လာလည်း ထဆီးကြိုမနှုတ်ဆက်ဘဲ ရှိနေတဲ့နေရာမှာပဲ မသိကျိုးယောင်ဆောင်ကာ ဆက်ထိုင်နေလိုက်သည်.. ။

အနက်ရောင် ကောင်းကင် (Unicode) Onde histórias criam vida. Descubra agora