အနက်ရောင် ကောင်းကင်
🌸pann
Part (39)
ညရောက်တော့ ရိုးမယ် ကျောင်းစာတွေ ပြန်ကြည့်နေရတယ်.. စာမေးပွဲ ကလည်းနီးနေပြီ ။
ဒီရက်ပိုင်းကြားထဲ စာလည်းပုံမှန်လိုက်မကြည့်ဖြစ်သလို ကျောင်းလည်းမသွားဖြစ်.. ။
စာတွေလည်း အတော်နောက်ကျနေခဲ့ပြီ.. ။
အခုလောလောဆယ် လောက်တော့ ရိုးမယ်မှာရှိနေပြီသား စာကိုပဲ ပြန်မှတ်ကျက်ရမည် ။
ကောင်းရန်နိုင်ရှင်းလည်း သူ့အခန်းမှာပဲ စာကြည့်နေလောက်သည်.. ။
ကောင်းရန်နိုင်ရှင်းက ရိုးမယ်ကိုခေါ်လာတဲ့နေ့ကတည်းက ရိုးမယ်နဲ့ပတ်သက်တာယူလာပေးသေးလို့ ကျေးဇူးတင်ရမလို.. ။
ကျောင်းနဲ့ပတ်သက်တဲ့ စာအုပ်စာရွက်တွေလည်း ယူလာပေးတယ်.. အဝတ်စားလည်း ပြည့်ပြည့်စုံစုံ ပါလာတယ် ။
ပြင်ဆင်ဖြီးလိမ်းဖို့အတွက် တစ်ခုမှ မပါလာပေမယ့်လို့ပေါ့.. ။
အဓိက တကယ်အသုံးလိုတာပဲ ပါလာတာကိုပဲ ကျေနပ်ရောင့်ရဲနေရမှာပေါ့.. ။
ကျန်တဲ့အတွေးတွေ အဝင်မခံသေးဘဲစာကိုပဲ တစိုက်မတ်မတ် အာရုံစိုက်လုပ်နေလိုက်သည်..
.
" အင်း..... "
ညသန်းခေါင်ယံ ရောက်တော့ ထုံးစံအတိုင်း ရိုးမယ်နိုးလာရပြန်ပြီ.. ။
ဒီစွဲနေတဲ့အကျင့်ကို ရိုးမယ်ဖြေဖျောက်ရနိုင်ပါ့မလား မပြောတတ်တော့.. ။
နိုးလာမှတော့ ရိုးမယ်ဆက်လှဲမအိပ်နေချင်.. ဒီလိုညရောက်တိုင်း အမေ့ကိုစောင့်ခဲ့ရတာ ၊ အမေပြန်မလာသေးဘူးလားလို့ ထွက်ကြိုစောင့်ခဲ့ရတာ ပြန်တွေးမိလိုက်ရင် မနေ့တစ်နေ့ကလိုပဲ..။
အမေ့ကိုလွမ်းမိပြန်တော့ အခန်းထဲ အောင်းမနေဘဲ ထွက်ကာ အိမ်ရှေ့ကိုထွက်လာခဲ့မိသည်..။
အိမ်ရှေ့တံခါးပေါက်ဂျက်ဖွင့်ပြီး တံခါးလှပ်ကာ အပြင်ခြံတံခါးပေါက်ဝကို လှမ်းကြည့်မိပါသည်..။
ငယ်ငယ်က အခုလိုရပ်စောင့်နေရင် တစ်ချိန်ချိန်ကျရင်တော့ ကားမီးလင်းရောင်လေးတွေ့ပြီး ပြန်လာတတ်တဲ့အမေ့ကို တွေ့ရသေးတယ်.. ။
YOU ARE READING
အနက်ရောင် ကောင်းကင် (Unicode)
Romance" ငါ့အိမ်ထဲကို နင်ကဘာလို့ဝင်လာတာလဲ..ထွက်သွားစမ်း " " ငါ နင်နဲ့နင့်အမေကို အရမ်းမုန်းတယ်.. နင်တို့ကြောင့် ငါ့အမေ နေမကောင်း ဖြစ်ရတာ " ငါ့အိမ်မှာ နေဖို့လာတဲ့နင့်ကို ငါက ကောင်းကောင်း နေခွင့်ပေးမယ် ထင်နေလား.. ထိုင်ဆုတောင်းနေလိုက် ။ . " မင်းက နာတတ်တယ်လား...