အနက်ရောင် ကောင်းကင်
🌸pann
Part (43)
ရိုးမယ်ဘွဲ့အမေ ဆုံးသွားတယ်ဆိုတာ ကောင်းရန်နိုင်ရှင်း အခုမှ သိရတော့တာ.. ။
" သမီး ရိုးမယ်ဘွဲ့က အတော်လေး စိတ်ဓာတ်ကျနေခဲ့တာ.. သူ့အမေနောက်ဆုံး မျက်လုံး မှိတ်ချိန်လေးတောင် အရောက်မသွားနိုင်ခဲ့လို့ "
" ဒေါ်ဟန်နီသွေးက တကယ် ဆုံးသွားခဲ့ပြီလား.. "
ကောင်းရန်နိုင်ရှင်း အဖေ့ပါးစပ်ဖျားကနေ ပြောတာတောင် မယုံချင်သေးဘူးဖြစ်နေတာ..။
" ဒါဆို ရိုးမယ်ဘွဲ့က ဘယ်သွားနေတာလဲ.. "
သူ့အမေ အိမ်မှာမနေဘူးဆို ဘယ်မှာသွားနေနေတာလဲ.. ။
" သမီးနဲ့က ဘာဖြစ်လာကြ တာလဲ.. "
ဦးစည်သူနိုင် အလုပ်ကနေပြန်ရောက်တော့ သား အိမ်ပြန်ရောက်နေတယ် ဆိုတော့ စိတ်ထဲတောင် အလုံးကြီးကျသွားရသည်.. ။
အလုံးကျနေလို့မှမကြာသေး.. သား သာ ပြန်ရောက်နေတယ် သမီး ရိုးမယ်ဘွဲ့ကပျောက်နေပြန်တယ်တဲ့ ။
ဒီကလေးနှစ်ယောက် ဘာတွေ ဖြစ်ထားကြပြန်တာလဲ.. ။
" ရိုးမယ်ဘွဲ့နဲ့ နည်းနည်း စကားများသွားကြတာပါ.."
" စကားနည်းနည်း များကြရုံနဲ့ သမီး ရိုးမယ်ဘွဲ့က အိမ်ကနေ ဆင်းသွားပါ့မလား.. "
ကျွတ်.. အဖေတို့ကို ဘယ်လိုဆက်ရှင်းပြရတော့မှာလဲ မသိတော့ပါ ။
တကယ်တမ်း ကိုယ်တွေဖြစ်နေကြတဲ့ ပြဿ နာက ကြီးကြီးမားမားဖြစ်ကြတာလည်းမဟုတ်ဘူး.. ။
" သူ ဘယ်မှာရှိနေလောက်မလဲ.. အဖေ သိလား "
အဖေများ ရိုးမယ်ဘွဲ့ရှိနေလောက်မယ့် နေရာလေးသိလောက်မလားလို့ မှန်းကြည့်ခိုင်းမိရသေးတယ်.. ။
ကိုယ်ကတော့ သူရှိလောက်မယ့်နေရာကိုသွားပြေးရှာကြည့်ဖို့ နေနေသာသာ မှန်းဖို့အမှန်းတစ်ခုလေးတောင် မလုပ်နိုင်ဘူး.. ။
ရိုးမယ်ဘွဲ့နဲ့ကိုယ် ဘယ်လောက် အလှမ်းကွာဝေးနေခဲ့ကြလဲ.. အတူသာနေကြပေမယ့် တစ်ယောက် နဲ့ပတ်သက်ပြီး နောက်တစ်ယောက် ကဘာမှမသိနေခဲ့တာပဲ ။
YOU ARE READING
အနက်ရောင် ကောင်းကင် (Unicode)
Romance" ငါ့အိမ်ထဲကို နင်ကဘာလို့ဝင်လာတာလဲ..ထွက်သွားစမ်း " " ငါ နင်နဲ့နင့်အမေကို အရမ်းမုန်းတယ်.. နင်တို့ကြောင့် ငါ့အမေ နေမကောင်း ဖြစ်ရတာ " ငါ့အိမ်မှာ နေဖို့လာတဲ့နင့်ကို ငါက ကောင်းကောင်း နေခွင့်ပေးမယ် ထင်နေလား.. ထိုင်ဆုတောင်းနေလိုက် ။ . " မင်းက နာတတ်တယ်လား...