အနက်ရောင် ကောင်းကင်
🌸pann
Part (45)
ကောင်းရန်နိုင်ရှင်း အဖေပြောတဲ့လိပ်စာဆီ ရောက်လာခဲ့ပြီ.. ။
အဖေက ခဏနေပါအုံး.. အတူ သွားရအောင် အခုအလုပ်ရှုပ်နေလို့ပြောပြီး တားနေလည်းဂရုမစိုက်နိုင် ။
အဖေ့နားလိပ်စာတောင်းပြီး ထွက်လာခဲ့တာ..။
ကားထဲကနေဆင်းပြီး ဘေးပတ်ဝန်းကျင်ကိုတစ်ချက် စူးစမ်းကြည့်မိသေးတယ်.. အိမ်ခြံတံခါးဝရှေ့ရောက်တော့ လူခေါ်ခေါင်းလောင်းလေးတွေ့သည်.. ။
" ကလင် ကလင်.. "
ခေါင်းလောင်းလေး တစ်ချက်ဝှေ့သွားတိုင်း ရင်တွေ တထိတ်ထိတ်နဲ့ ခုန်နေလိုက်တာ..။
အိမ်တံခါးဝကို စိတ်လှုပ်ရှားစွာ လှမ်းကြည့်မိသေးသည်.. ။
ရိုးမယ်ဘွဲ့များ ပြေးထွက်လာမလား..။
တွေ့ရင် ဘယ်လို စနှုတ်ဆက်ရမလဲ.. ။
ကောင်းရန်နိုင်ရှင်း အင်္ကျီကိုသေချာနေရာပြန်ချ ကော်လံလည်းပြန်ပြင်နေမိသေးသည် ။
ထွက်လာမယ့်သူက ရိုးမယ်ဘွဲ့လို့ထင်ထားခဲ့တာ.. အထင်တွေ လွဲပြန်ပြီ ။
အိမ်လိပ်စာများ မှားနေတာလား မသိဘူး.. ။
" ဘယ်သူလဲကွဲ့.. "
" ဒီမှာ ရိုးမယ်ဘွဲ့ဆိုတဲ့ တစ်ယောက် ရှိလားမသိဘူးဗျ.. "
ရိုးမယ်ဘွဲ့ကိုမတွေ့လို့ လှည့်ပြန်တော့ရအောင်လည်းမဟုတ်.. ဘယ်သူလဲလို့ စမေးလာပြီဆိုမှတော့ ရှောင်ထွက်မရတော့ဘူးလေ ။
" သမီးရိုးမယ်ဘွဲ့တော့ ရှိတယ်.. မောင်ရင်ကဘယ်သူလဲကွဲ့"
" ဗျာ.. ရိုးမယ်ဘွဲ့က ဒီအိမ်မှာရှိနေတာလား "
" ကြီးကြီး မေးတာ အရင်ဖြေပါ.. "
" ကျွန်တော်က ဦးစည်သူနိုင်ရဲ့သား ကောင်းရန်နိုင်ရှင်းပါ.. "
" မောင်စည်သူနိုင်ရဲ့သားလား.. "
" ဟုတ်ကဲ့ဗျ.. ရိုးမယ်ဘွဲ့နဲ့တွေ့လို့ရမလားဗျ "
" သမီးလေးက တွေ့ချင်တယ်ဆိုတွေ့လို့ရပါတယ်.. "
" သူ တွေ့ချင်လောက်မှာပါ.. "
ESTÁS LEYENDO
အနက်ရောင် ကောင်းကင် (Unicode)
Romance" ငါ့အိမ်ထဲကို နင်ကဘာလို့ဝင်လာတာလဲ..ထွက်သွားစမ်း " " ငါ နင်နဲ့နင့်အမေကို အရမ်းမုန်းတယ်.. နင်တို့ကြောင့် ငါ့အမေ နေမကောင်း ဖြစ်ရတာ " ငါ့အိမ်မှာ နေဖို့လာတဲ့နင့်ကို ငါက ကောင်းကောင်း နေခွင့်ပေးမယ် ထင်နေလား.. ထိုင်ဆုတောင်းနေလိုက် ။ . " မင်းက နာတတ်တယ်လား...