part 7 ( uni/ zawgyi)

481 29 9
                                    

ဒါပေမဲ့ ဘဝတွေကတော့ အိမ်မတ်တွေလောက်လက်တွေ့မဆန်ဘူးလေ

မနတ်ရောက်တော့ နွေးထွေးလှတဲ့ ရင်ခွင်တစ်ခုအစားအေးစက်စက်အိပ်ရာခင်းကို တွေ့ထိမိတော့ရင်ထဲမှာနာတယ် ကိုကိုရယ်
ဒါပေမဲ့ လည်းရင်ထဲကဝေဒနာထက် ကိုကိုပြန်လာရင်စားဖို့အတွက် လုပ်ပေးချင်တဲ့စိတ်က တားမရဘူးလေကိုကို့အပေါ်ထားတဲ့စေတနာက ရင်ထဲကဝေဒနာထက်သာတယ်ဆိုတာကိုပြောပြခွင့်ရမယ်ဆိုပြောချင်ပါသေးတယ် ကိုကိုရယ်

ပြန်လာဖို့မသေချာတဲ့လူတစ်ယောက်
ပြန်လာရင်တောင်စားဖို့မသေချာတဲ့အစားအစာတွေ ကိုချက်ပြုတ်နေရတာတောင် ကို့ကို့အတွက်ဆိုတဲ့စိန်က ငယ့် ကို​ပျော်ရွှင်စေတယ်ကိုကို
ချက်ပြုတ်ပြီးတော့ အချိန်ကိုက်ခြံထဲဝင်လာတဲ့ ကိုကိုရဲ့ကား အနက်လေး

အိမ်ထဲဝင်လာတဲ့ကိုကို့ ကိုသွားကြိုမိတော့ အရက်နံ့နဲ့အတူပါလာတဲ့ က်ုကိုသုံးနေကြမဟုတ်တဲ့ရေမွှေးနံ့စူးစူးက
အားအင်တွေကိုစုပ်ယူတယ်

" ကိုကိုမနေ့ညကအိမ်ပြန်မအိပ်ဘူးလား"

" မအိပ်လို့ဘဲအခုတွေ့နေရတာမဟုတ်လားရိပေါ် 
ကျစ် ဘာတွေမေးနေမှန်းကိုမသိဘူး ငါသွားနားဦးမယ် ပြီးမှထမင်းစားမယ်"

ပြောပြီးအပေါ်တက်သွားတဲ့ကိုကို့ကိုကြည့်ရင်း သက်ပြင်းချကာ

" ရိပေါ် ရိပေါ် မင်းကလည်းလေ ကိုကို့ကို စိတ်ရှုပ်အောင်လုပ်ပြန်ပြီ
အဲ ကိုကိုကဒီတိုင်းကြီးအိပ်နေမယ်နဲ့တူတယ် မဖြစ်သေးပါဘူး အင်္ကျီလဲပေးဦးမှပါ"

ပွစိပွစိပြောကာအပေါ်တက်သွားတော့ထင်တဲ့အတိုင်းပါပဲ ကိုကိုရယ်လေ ကုတင်ပေါ်မှာ အဝတ်တောင်မလဲနိုင်ပဲ အိပ်နေတာ ရိပေါ်ပြုံးနေရင်း အဝတ်လဲပေးဖို့လုပ်လိုက်တယ်
ဒါပေမဲ့ရိပေါ်မျက်နှာထက်ကအပြုံးတွေက ကြာကြာမခံပါဘူး
ကိုကို့အင်္ကျီကို ကျယ်သီးတွေဖြုတ်ပြီး ချွတ်လိုက်တဲ့ အချိန်မှာပေါ်လာတဲ့
Marking ရာတွေနဲ့ လက်မောင်းပေါ်က ကုတ်ခြစ်ရာလေးတွေက ကျနော့ကို မျက်ရည်ကျစေဖို့ လုံလောက်တယ်ကိုကို
မျက်ရည်တွေကိုအသာထိန်းရင်း ကိုကို့ကိုပဲ အဝတ်လဲပေးဖို့ကြိုးစားလိုက်ပါတယ်
အဝတ်လျှော်ဖို့ အဝတ်တွေကိုရေချိုးခန်းထဲမှာ ထားပြီးပြန်ထွက်လာခဲ့တယ်

တကယ်လို့Where stories live. Discover now