Unicode
- April 16 2007 [ 6: 00 AM ]
" ချန်... "
" အွန်... "
" ကိုယ်မနက်စာလုပ်နေတုံးမှာ
နောက်ကနေ မဖက်ထားပါနဲ့လို့ ဘယ်နှစ်ခါပြောရမလဲ ? "သူ့ခါးကို အိပ်မှုန့်စုံဖွားဖြင့် အနောက်က
သိုင်းဖက်ထားသည့် ချန်ဖေးယွီကို လော်ယွင်ရှီးသည် အိုးထဲက ပန်ကိတ်ကို တစ်ဖက်လှန်ရင်း ဆူလိုက်သည်။" ဘာလို့ ဒီနေ့အစောကြီးထနေတာလဲ? "
" ဟော ကိုစုံထောက်ကြီးရယ်
ဒီနေ့ တနင်္လာနေ့လေ။
ကိုယ်လည်း ကျောင်းသွားရမယ်။
ချန်လည်း အလုပ်သွားရမယ်မှတ်လား..? "" မောင်တော့ တနင်္လာနေ့ကြီးကို မုန်းလိုက်တာ။ "
ချန်ဖေးယွီသည် မနေ့ကလို နှစ်ယောက်တည်း
အေးဆေး မနေရတော့မဲ့ အတွက် ဘယ်သူကို
ကောက်လို့ ကောက်မှန်းမသိဘဲ စိတ်ကောက်သွားသည်။
မနက်ခင်းတိုင်းမှာ ပွစိပွစိပြောတတ်သည့်
သူ၏ အထက်လူကြီး ရဲမင်းကြီးကိုလား
ကြားရက်တွေဆိုရင် သူကိုတောင်
ဂရုမစိုက်နိုင်ဘဲ သူ့ကျောင်းကိစ္စတွေနှင့် လုံးပန်းနေသည့် Professorပေါက်စကိုလား..မနေ့ကဆိုရင် နှစ်ယောက်စလုံး
ညနက်မှ အိပ်ပြီး မနက်နေမြင့်မှ အတူထကြသည်။
သူ၏ အာရုံနောက်ရသည့် အမှုတွဲတွေကို ခဏခေါက်ထားပြီး
နှစ်ယောက်လုံးက ရုပ်ရှင်သွားကြည့်ကြသည်။
ညကျ ယွင်ကြိုက်သည့် steak houseမှာ လိုက်ကျွေးပြီး
တစ်ရက်လုံးကို တစ်ပတ်လုံးမှာ
သူတို့လုပ်ချင်တာတွေဘဲ လျှောက်လုပ်နေခဲ့တာ။
တကယ်တော့ သူတို့လုပ်ချင်တယ်ဆိုတာထက်
သူ့ဘေးက ရုပ်ရှင်ကို စိတ်၀င်တစားကြည့်နေသည့် လော်ယွင်ရှီး၏ အကြိုက်တွေကို မှတ်ထားပြီး လိုက်လုပ်ပေးနေခဲ့တာ။Thriller movieတွေဆိုရင်
ဆေးစွဲသလို စွဲနေတဲ့ လော်ယွင်ရှီးသည်
ထွက်တာ သိပ်မကြာသေးသည့်
Disturbia movieကို နေတိုင်းနီးပါး
သူကို ပြောပြနေခဲ့သည်။ သွားကြည့်ကြမယ်ဆိုတော့လည်း
အလုပ်တွေက များတာ၊ စာတွေက စစ်ရမှာ မပြီးသေးဖြင့် အမျိုးမျိုး အဘိုးအိုလေးလို ထိုင်ညီးပြနေသည်။

YOU ARE READING
I Hate Monday
FanfictionMature content - schoolgunshots Based on April 16 2007 ( Virginia Tech shooting ) Death - 32 students and teachers injury - 23 ( 17 by gunshots )