အပိုင်း၁၁

463 42 4
                                    

   ဒီနေ့ကအလုပ်ပိတ်ရက်မို့ကျွန်တော်အေးဆေးအနားယူဖို့စီစဉ်ထားတယ် ပြောမယ်ဆိုရင်အဝေရယ်ဖွားဖွားရယ်ကိုပိုအချိန်ပေးဖို့အတွက်ပေါ့ ကျွန်တော်ညီတော်မောင်ကတော့ဒီချိန်ထသေးမှာမဟုတ်တယ့်အတွက် မနှိုးတော့ဘူး
   အဖွားတောင်မနက်စာစားပြီးလို့ထသွားပြီ ဟိုခလေးကဘာလို့မလာသေးတာလဲ အရက်အရှိန်ကြောင့်မထနိုင်တာလား ခေါင်းတွေများကိုက်နေတာလား ပြောမယ်ဆိုကျွန်တော်လည်းအခုထိ မနက်စာမစားရသေးဘူး ဗိုက်ဆာလှပြီ သွားကြည့်အုံးမှာဘဲ

    - ဒေါက်ဒေါက်
 
ကျွန်တော်တံခါးခေါက်လိုက်တော့ ဘာမှပြန်မထူးဘူး တစ်ခုခုဘဲ တံခါးအနားလေးကပ်ပြီနားထောင်တော့ အသံလေး‌နဲနဲတော့ကြားရတယ် ဒီကောင်လေးဖျားနေတာလား မဖြစ်သေးဘူးသော့သွားယူမှာဘဲ

အဝေမနက်မိုးလင်းတော့ခေါင်းတွေထိုးကိုက်နေတာသေတော့မယ်အတိုင်းဘဲ ဘာဘဲဖြစ်ဖြစ်ထကမှာဘဲလေ ဆိုပြီးထဖို့အလုပ် မနေ့ကအကြောင်းအရာတွေက ပိတ်ကားပေါ်ကနေပြ‌ေနသလို တစ်ခုချင်းစီပေါ်လာတော့

       - ဟာ သွားပြီ အာ့တာအကိုမြတ်ကြောင့်မသောက်ချင်ပါဘူးဆို အတင်းတိုက်တယ်ပြီးတော့ ဟိုအအေးတွေကလည်း အာ့တာတွေဘဲဖြစ်မှာ ပြီးတော့အကို ငါတော့တကယ်ကိုမကောင်းတာဘဲ သေချင်စော်တကယ်ကိုနံနေပြီ ကျစ်

       အဝေ ခေါင်းကဆံပင်တွေကိုဖွာပြီးဘာလုပ်လို့လုပ်ရမှန်းမသိ ရှက်ကလဲရှက် အားလည်းအားနာ မနေ့က ဦးကောရှ်ိမှာအဖွားကောဘဲ သေချာတာကတော့ ဘဘုန်းကြီးသိရင်သေမှာ တသက်နဲ့တကိုယ် ငါးပါးသီလမချိုး‌ေဖာက်ဘဲနေလာတာ ဟိုအကျင့်မကောင်းတယ့်လူကြောင့် တော်ပြီငါအပြစ်ကျေအောင်ဘုရားရှိခိုးမယ်
       ဆိုပြီး လက်အုပ်မြန်မြန်ချီပြီး ဘုရားစာရွတ်နေတော့တယ်

ကျွန်တော်သော့နဲ့သူအခန်းကိုဖွင့်လိုက်တော့
ပါးစပ်ကနေ ဘုရားစာတွေရွတ်ပြီး ဘုရားရှိခိုးနေတယ့် အဝေပါလေ တကယ်ပါဘဲကွာဘာတွေလုပ်နေတာလဲ သူလုပ်နေတာကိုကြည့်ပြီးကျွန်တော်မှာရီရမှာလိုလို ဘာလိုလိုနဲ့ 

      - အရှင်ဘုရား တပည့်တော်ငါးပါးသီလထဲကနေ  သုရာ‌မေရယ ဆိုတယ့် အရက်သေစာမသောက်စားရ သီလတစ်ပါးကိုချိုးဖောက်မိပါတယ်ဘုရား တပည့်တော်ရဲ့ ဘဘုန်းကြီးစကားကိုနားမထောင်ဘဲလုပ်မိပါတယ်ဘုရား တပည့်တော်လုပ်မိတယ့်အပြစ်ကို တပည့်တော်ဘဲပြန်ခံစားရစေပါစေအရှင်ဘုရား ဘဘုန်းကြီးတော့မသိပါစေနဲ့ဘုရား  
   
     အဝေဆုတောင်းနေတုန်း အနောက်ကနေရီသံကြီးကြားလိုက်ရတော့

    အဝေရဲ့သူ   [Completed]Where stories live. Discover now