💗1💗

319 31 37
                                    

Zawgyi

"CEO Min...နှစ်ချုပ်စာရင်းတွေပါ။ လက်မှတ်ထိုးပေးပါဦး။"

"သေသေချာချာ စစ်ထားရဲ့လား ?"

"ဟုတ်ကဲ့ စစ်ထားပါတယ်"

"သွားတော့"

"ဟုတ်ကဲ့"

စကားကို တိုတိုတုတ်တုတ်သာ ပြောပြီး မှင်သေသေ မျက်နှာထားနှင့် ထိုသူကတော့ မင်ယွန်းဂီ ပါလေ။

ခပ်ချေချေ သာနေပြီး ဘယ်သူ့ကိုမှ (အဲလေ) တစ်ကမ္ဘာလုံးကိုတောင် ဂရုမစိုက်သည့်ပုံစံဖြင့် သာနေသည်။

ပြောရမယ့် ဆိုရင် သူ့အကျင့်ပေါ့လေ။

ငယ်ငယ်ကတည်းက မိဘနှစ်ပါးစလုံးကို ဆုံးရှုံးခဲ့ရပြီး
တစ်ယောက်တည်းသာ ရုန်းကန်ကြိုးစားလာရသည့် အကျိုးရလဒ်အနေဖြင့် YK company ကြီးကို
တည်ဆောက်လာနိုင်ခဲ့လေပြီ။

YK companyကြီးကို သွေး၊ ချွေး၊ မျက်ရည် တို့ဖြင့်
တည်ထောင်လာခဲ့ရသည်မှာ 1နှစ်တိုင်အောင်ကိုပင်
တစ်နိုင်ငံလုံးရှိ Top-1 companyစာရင်းဝင် ဖြစ်ခဲ့သည်။

အသက်ငယ်ငယ် CEOများထဲတွင် သူကတော့
အအောင်မြင်ဆုံး ဟု​ဆိုရပေမည်။ ကျောင်းကတစ်ဖက်ကုမ္မဏီကတစ်ဖက်ဆိုတော့ အရမ်းကို
ပင်ပန်းသည်။ ဒါကြောင့်မို့ မနက်ပိုင်းကိုတော့
အတွင်းရေးမှူးနှင့်သာ ကုမ္မဏီကို နှစ်ပါး သွားခိုင်းထားရသည်။
ပညာရေးကိုလည်း လုပ်ရမယ် မဟုတ်လား။

အခုဆိုရင် သူ16နှစ်ပြည့်ပြီးလေပြီ။ ပျိုတိုင်းကြိုက်နှင်းဆီခိုင်
ဆိုလည်း မမှားပေ။ ကံဆိုးချင်တော့ ယွန်းဂီက
မိန်းကလေးတွေကို ရှိသည်လို့တောင် မထင်ဘဲ ချေပါသည်။

သူ့ရဲ့ နာမည်ပြောင်ကတော့ ရေခဲတုံး ပါ။ သို့ပေမယ့်
ထို နာမည်ပြောင်ကို တစ်ယောက်မှ ခေါ်ဆိုခြင်းမရှိပေ။
ပြောရမယ်ဆိုရင် ရှိန်ရလို့ပေါ့လေ။ ရေခဲတုံးဆိုသည့်
နာမည်ပြောင်ကို တော့ သူ၏ အချစ်ဆုံးသူငယ်ချင်း
နှစ်ယောက်ဖြစ်သည့် ဂင်မ်ထယ်ယောင်း နှင့် ဂင်မ်နမ်ဂျွန်း
ကသာ ခေါ်ခွင့်ရှိသည်။ သူတို့တောင် တစ်ခါတလေ ယွန်းဂီကို
ကြောက်ရပါသည်။

CEO MIN[Yoonmin💗]Where stories live. Discover now