ရိပေါ်က အခုရေကူးအသင်းကိုပုံမှန်သွားဖြစ်နေတယ်။ ဂျွန်ကတော့ပြောပါတယ် အံ့သြစရာပဲတဲ့။ ရေကူးအသင်းဝင်တစ်ယောက်က အသင်းကိုပုံမှန်သွားတာ ဘာတွေအံ့သြစရာကောင်းသလဲတော့ ရိပေါ်မသိဘူး။
ပြီးတော့ နဂိုကတည်းကရေကူးကျွမ်းပြီးသားရိပေါ်ကို လူသစ်တန်းရေကူးပြိုင်ပွဲဝင်ပေးဖို့ အသင်းကပြောထားလို့။ ရိပေါ်သဘောနဲ့သာဆိုရင် ဟိုလူရှိနေတဲ့ရေကူးအသင်းကိုခြေဦးတောင်လှည့်ဖြစ်မယ်မထင်ဘူး။
သွေးပူလေ့ကျင့်ခန်းလုပ်နေကြတဲ့အသင်းသားတွေထဲ ရိပေါ်တစ်စုံတစ်ယောက်ကိုလိုက်ရှာနေတယ်။ တစ်ခြားကြောင့်တော့မဟုတ်။ စီနီယာတွေက အကူအညီတောင်းထားတာကြောင့်။
'Sean Xiao'
ဟိုလူ့ နာမည်....
အခု သူရှာနေတဲ့သူ...
ဒါပေမဲ့ သူရှာနေတဲ့လူက ကလပ်ထဲမှာရှိမနေ။
'ကျစ်...မလာဘူးလား။ အသင်းဝင်ထားပြီး ကိုယ့်သဘောနဲ့ကိုယ်လုပ်နေတာက ဖြစ်သင့်လို့လား'
တစ်ပတ်တိတိအသင်းဘက်ကိုခြေဦးမလှည့်ခဲ့တဲ့ရိပေါ်က ရှာနေတဲ့လူကိုမတွေ့တာနဲ့ အလိုမကျဖြစ်လာတယ်။
အသင်းသားထဲကတစ်ယောက်က ရိပေါ်စိတ်မကြည်မှန်းသိတာမို့ ရိပေါ်ဆီက လျှောက်လွှာကို လက်လွှဲယူပေးဖို့ပြောပေမဲ့ ရိပေါ်ကလက်မခံခဲ့ဘူး။
ဒီလောက်ထိ လူမှုဆက်ဆံရေးမကောင်းတဲ့သူကို သူကိုယ်တိုင်ပေးပြီး မှတ်လောက်အောင်ပြောဆိုဖို့ တွေးထားလိုက်တယ်။
ဂျွန်ကိုလှမ်းမေးကြည့်တော့ အရေးကြီးတဲ့အတန်းရှိတာကြောင့်မဆင်းကြသေးဘူးဆိုတာနဲ့ ရိပေါ်က လူမှုရေးသိပ္ပံအဆောင်ဘက်ကို ခြေဦးလှည့်လိုက်တယ်။
အတန်းရှေ့ရောက်တော့ တင်ပြချက်ဖတ်နေတဲ့ဟိုလူ။ သူ့ဘေးကပါတနာကတော့ ထစ်ဖနီဆိုတဲ့ကောင်မလေး။
အရပ်ရှည်ရှည် ခန္ဓာကိုယ်သွယ်သွယ်နဲ့ ဆွဲဆောင်မှုရှိတဲ့ အာရှသားနဲ့ ဆံပင်ရွှေအိုရောင် မျက်လုံးပြာပြာ လှလှပပမိန်းကလေးကို ဘယ်လိုကြည့်ကြည့် လိုက်ဖက်တယ်လို့ပင်ရိပေါ်မတွေးမိ။
YOU ARE READING
JUST ANOTHER BOY [ Completed ]
Fanfic[ BJYX Fanfiction ] . . . Jan 14 2021~ Oct 13 2021