/ ဒဏ္ဍာရီတွေ ယုံတမ်းစကားတွေကို ရှင် ယုံလား /
______
နှစ်တွေကြာမှအတူတူစားရတဲ့ထမင်းဝိုင်းကလည်း
တိတ်ဆိတ်နေသည်။ အပြင်လူဖြစ်တဲ့ Lisa က
တော့ သူမတို့မိသားစုအခြေအနေကိုသာအကဲခတ်နေတယ်။ Jennie က လူကြီးမင်းကိုတစ်ချက်ကလေးမှမကြည့်သလို လူကြီးမင်းလည်းထို့နည်းတူ။
Jisoo ကတော့ Lisa ကိုခဏခဏဆိုသလိုကြည့်
နေခဲ့ပါသည်။တိတ်ဆိတ်စွာစားသောက်ပြီးစီးသွားတဲ့နေ့လည်စာ
နေရာမှာ လက်ဖက်ရည်နဲ့မုန့်တွေကနေရာပြန်ယူ
လာတာကြောင့် စိတ်ရှုပ်ပေမယ့်လည်း Jennie
ထိုင်နေရပြန်သည်။ Lisa ကိုတစ်ချက်လှမ်းကြည့်လိုက်ပေမယ့် သူကတော့မုန့်စားရင်းအလုပ်ရှုပ်နေသည်။ သက်ပြင်းသာချနေမိတဲ့သူမအဖြစ်ဟာ
အရမ်းမွန်းကြပ်နေခဲ့သည်။" Lee Yooshin ပြန်ရောက်လာပြီ Jennie "
လူကြီးမင်းပြောတဲ့စကားကသိပ်မများပါဘူး။
သို့သော်လည်း အခန်းထဲမှာရှိတဲ့လူသုံးယောက်၏
အာရုံစူးစိုက်မှုကလူကြီးမင်းဆီကိုရောက်သွားသည်။Jisoo မျက်ဝန်းတွေလင်းလက်သွားသည်။
Jennie မျက်နှာကစိတ်ရှုပ်ခြင်းတွေကိုပိုလာသည်။
Lisa ကတော့ဘယ်သူလဲဆိုတာကိုသိချင်မိသည်။Lee Yooshin ကဘယ်သူလဲ။
ဘာလုပ်တဲ့သူလဲ။ မြို့တော်ဝန်ကသူရောက်လာပြီ
လို့ပြောတာတောင်လှိုက်လှဲမှုတွေနဲ့။" Jennie လက်ခံမယ်လို့ထင်ပါတယ် "
" ဒါပေမယ့်..."
" အဖေ အနားယူချင်ပြီ "
Jennie ဘာစကားမှပြောချိန်မရလိုက်ပါ။
အစေခံတစ်ချို့ဝင်လာပြီး စားပွဲလေးတွေကို
သိမ်းဆည်းသွားသည်။လူကြီးမင်းကတော့
စာအုပ်တစ်အုပ်ကိုဖတ်နေသည်။တိတ်ဆိတ်စွာပဲ သူမနေထိုင်ရာနေရာဆီပြန်လာ
ခဲ့ကြသည်။ သူမတို့ထိုင်ခဲ့သောစားပွဲလေးက
မိုးရေတွေကြားမှာမြင်မကောင်း။ မိုးရေစိုနေတဲ့စက္ကူအလွတ်တွေပေါ်မှာဆေးတွေကပေပွ နေသည်။" ညီမ "
အဆောင်ပေါ်လှမ်းတက်မယ့်သူမခြေထောက်တွေ
ရပ်တန့်သွားသည်။ အသံလာရာဘက်ကိုလှည့်ကြည့်
မိတော့ အမျိုးသားတစ်ယောက်သူမကိုပြုံး၍ကြည့်နေတာကိုတွေ့ရသည်။
YOU ARE READING
The Uncontrollable
Rastgele" ဒဏ္ဍာရီတွေ၊ယုံတမ်းစကားတွေကို ရှင် ယုံလား" " ဟင့်အင်း ကျွန်မက မိန်းကလေးကိုပိုယုံတာ "