Ones in the Millions (Part-6)
'အာ.. Omma ဒီနေ့ မလိုက်တော့ဘူး..´
'မလိုက်လဲနေ... Show ပွဲ တစ်ခါလေး လိုက်ဖို့ ကို တော်တော် ကြီး ခေါ်ရ တာပဲ....´
Tokyo Dome ဒုတိယ တစ်ရက် ကို သူ မလိုက်ရန် ဆုံးဖြတ်လိုက် သည်..
သူ့ အမေ က ဒီတစ်ခါ တော့ နှစ်ခါ မခေါ်တော့ပါ.. ကြည့်ရတာ မနေ့က ပွဲမှာ အဖော် ရသွားပြီ ထင်ပါရဲ့
အဲ့ဒါလဲ ကောင်းတာပဲ.. သူ့အမေ သူ့အား ပွစိ ပွစိ ပြောကာ ဟိုတယ် အခန်းထဲမှ ထွက်သွားချိန် သူလက်ထဲ မှ Iphone 6 လေးအား ငုံ့ကြည့်လိုက်လေသည်
ဘာလို့ အခုထိ ဖုန်းမခေါ်သေးတာလဲ?
သူ ဒီနေ့ မသွားလို့ကော ဖြစ်ပါ့မလား?
သွားလဲ လူတွေ အများကြီး ဘယ်သူ ကပေးလို့ ဘယ်သူ ပြန်ပေး ရမှန်းလဲ မသိချေ..
ဖုန်းပိုင်ရှင် ဆက်သွယ် လာတဲ့ ချိန်ထိ စောင့်နေရမှာပဲ..
'တီ....´
သူ အတွေး နယ်လွန် နေစဉ် သူ့ ကိုယ်ပိုင် ဖုန်းထဲ Msg ၀င်လာသည်
'Japan က ပြန်လာရင် ဖုန်းဆက်ပါ´
Msg မှာ တိုတိုလေး ဖြစ်သည်
'ဘာလဲဟ?? ဘယ်သူကြီးတုန်း? ´
သူ ဘယ်သူလဲ တွေးနေစဉ် နောက် Msg တစ်စောင် ထပ် ၀င်လာသည်
'Choi Minho´
'အမလေး..အံ့သြပါရဲ့.. ဘယ်သူများလဲ လို့.. သူ ခေါ်ခိုင်းတိုင်း ငါက ခေါ်စရာ လား??´
သူဖုန်းအား ကုတင်ပေါ် ပစ်တင် လိုက်ရင်း ရုတ်တရပ် Jonghyun အား သတိရသွားကာ ဖုန်းကို ပြန်ကောက် ကိုင်လိုက်ရင်း Speed Dial no.1 အား နှိပ် လိုက်လေသည်
'အာာ.. ဘာလို့ ဖုန်းက မအား ရတာလဲ?? ´
သူ ဆက်တိုက် ခေါ်သော်လည်း ဖုန်းက တော်တော် ကြာသည် အထိ မအားပေ..
သူ တစ်ချက် စဉ်းစားလိုက်ကာ နောက် ဖုန်းနံပါတ် တစ်လုံး အား ပြောင်းခေါ်လိုက်သည်..
YOU ARE READING
Ones in the Millions(Hiatus)
RomansaSHINee : ကျွန်တော် တို့ 5ယောက် လုံး ကောင်မလေး တစ်ယောက်တည်း ကို မတူညီတဲ့ ပုံစံမျိုးနဲ့ တွေ့ဆုံ ခဲ့ပြီး တူညီတဲ့ အချစ် တစ်မျိုးတည်း နဲ့ ချစ်မိခဲ့ ကြတယ်..။ Park Miyoung (Reader) တစ်ချိန်ထဲမှာ လူ 5 ယောက် လုံးကို ချစ်မိသွားဖို့ ဆ...