Ones in the Millions (Part-14)
'Miyoung-ya.. စိတ်အေးအေး ထားစမ်းပါ.. ဘာမှ မဖြစ်လောက်ပါဘူး..´
သူ့အမေ က သူ့ လက်အား လှမ်းဆုပ်ကာ ပြောလိုက်လေသည်...
'Nae..Omma!!´
သူ မနည်းပြုံးကာ ပြန်ပြောလိုက်သော်လည်း ရင်ထဲ မကောင်းပေ.. သူ Minho.ကို ဆိုးရိမ် နေသည်မှာ အမှန်ပေ..
သွားခံနီး လာခံနီး လူကို သူ စိတ်မဖြောင့်အောင် မဟုတ်သုတ်ခ တွေလျှောက်ပြောထား သေးတယ်မလား..
Minho သာ တစ်ခုခု ဖြစ်လို့ကတော့ သူ့ကိုယ်သူ ခွင့်လွှတ်နိုင်မည် မဟုတ်..
'ဘာလို့ အဲ့လောက် ကြာနေတာလဲ??!´
လေယာဉ်မှာ ဆိုက်ရောက် ရမည့် အချိန်ထက် တစ်နာရီ နောက်ကျ နေလေပြီ..
'Miyoung ရေ..ငြိမ်ငြိမ် ထိုင်နေစမ်းပါဟ..´
နာရီ တစ်ကြည့်ကြည့်နှင့် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက် နေသော သူ့အား သူ့အဖေ လှမ်းအော် လိုက်လေသည်
သူ လှည့်ကြည့် လိုက်တော့ လေဆိပ် တစ်ခုလုံး နီးပါးမှ ဧည့်သည် လာစောင့် သည့် လူများ အားလုံး ၏ မျက်နှာ တွင် ဆိုးရိမ် မှု အထင်းသား နှင့်...
သူ့ အမေ ဘေးတွင် ထိုင်နေသည့် Minho မိဘ နှစ်ယောက် ကို သူ လှမ်းကြည့် လိုက်သည်
'ကျွတ်..ဒုက္ခ ပါပဲ.....´
'May I have your attention please?!´
Operators ကောင်မလေး ရဲ့ စကားသံ ကြောင့် ဆူညံပွက်လောရိုက် နေသော လေဆိပ် တစ်ခု လုံး ငြိမ်ကျ သွားလေသည်
'M-852 လေယာဉ် နှင့် ယခုပင် အဆက်အသွယ် ပြန်လည် ရရှိလာကြောင်းပါ.. မုန်တိုင်း အခြေအနေ ကြောင့် အဆက်အသွယ် ခဏ ပျက်တောက် သွားခြင်း ဖြစ်ပြီး ခရီးသည် အားလုံး ဘေးကင်း ကြောင်းပါ.. ခဏနေ အချိန်အတွင်း မှာ ဆိုက်ရောက် လာတော့ မည်ုဖြစ်ကြောင်း သတင်း ကောင်း ပါးအပ် ပါသည်ရှင်.. ကျေးဇူးတင်ပါတယ် ´
YOU ARE READING
Ones in the Millions(Hiatus)
RomanceSHINee : ကျွန်တော် တို့ 5ယောက် လုံး ကောင်မလေး တစ်ယောက်တည်း ကို မတူညီတဲ့ ပုံစံမျိုးနဲ့ တွေ့ဆုံ ခဲ့ပြီး တူညီတဲ့ အချစ် တစ်မျိုးတည်း နဲ့ ချစ်မိခဲ့ ကြတယ်..။ Park Miyoung (Reader) တစ်ချိန်ထဲမှာ လူ 5 ယောက် လုံးကို ချစ်မိသွားဖို့ ဆ...