ကျွန်တော်ယောကျာ်းတစ်ယောက်ကိုချစ်နေမိတယ်ep(1)
ကောင်းကင်တစ်ခွင်အုံ့မွိုင်း၍မိုးသည်းထန်စွာရွာသွန်းလျက် ရှိသည်။ထိုအချိန်အဝေးပြေးလမ်းမကြီးတစ်နေရာ၌မိုးရေထဲပြေးလွှားနေတဲ့လူငယ်တစ်ဦးလည်းရှိလို့နေလေသည်။မိုးခိုရန်နေရာရှာနေသည်မှာလည်းစိုရွှဲနေသည့်မိမိ၏ခန္ဓာကိုယ်ကသက်သေပြလျက်ရှိသည်။
*မိုးနတ်မင်းကြီးရယ်...ဒီကအိမ်ပြေးလေးကိုမိုးမိပြီးမြန်မြန်သေအောင်လို့လား*
မကြာမီပင်နားခိုရန်နေရာရွာတွေ့ ပြီဖြစ်၍အမြန်
နှုန်းမြင့်လိုက်တော့သည်။ခရီးသည်များနားနေရန်ဆောက်ထားသောဇရပ်ဖြစ၍အမောဖြေနေတော့သည်။မိုးခိုနေရင်းလည်းဖြစ်သမျှ အကြောင်းစုံအားထိုင်ကာတွေးတောညီးညူနေတော့သည်။"ဘာကွမိုးရန်ကင်းမင်းဘာပြောလိုက်တယ်''
ဒယ်ဒီဦးမိုးဇော်အိမ်၏အော်သံကြောင့်ကျွန်တော်လန့် သွားတယ်...အခုမှတော့မထူးတော့ပါဘူးကျွန်တော့်ရဲ့ဘ၀ကိုဒယ်ဒီချုပ်ကိုင်နေတာကြာညောင်းလှပြီ...အခုကျွန်တော့်ဘဝတစ်ခုလုံးနဲ့သက်ဆိုင်နေတဲ့ကိစ္စမှာဒယ်ဒီ့အကြိုက်ထပ်လိုက်လျောလို့မဖြစ်တော့ဘူး...
"ကျွန်တော်အဲ့မိန်းမကိုမယူချင်ဘူး''
"အေးဘာလို့မယူချင်ရတာလဲ''
"ကျွန်တော်မှမချစ်တာဒယ်ဒီရ''
"ဟေ့ကောင်မင်းဘာသာမင်းချစ်ချင်ချစ်မချစ်ချင်နေငါယူခိုင်းရင်ယူရမှာပဲ''
"ဒယ်ဒီကျွန်တော့်ကိုဘယ်တော့မှလွှတ်လပ်ခွင့်ပေးမှာလဲဘယ်အချိန်ထိခြယ်လှယ်နေအုန်းမှာလဲ''
"ငါကမင်းအဖေကွမင်းကိုမွေးထားတဲ့အဖေမိတဆိုးမို့အလိုလိုက်ထားတာရောင့်တက်မနေနဲ့''ဟုတ်ပါတယ်ကျွန်တော်ငယ်ငယ်လေးကတည်းကအမေမရှိတော့တာပါ။အမေမရှိတဲ့နောက်ပိုင်းအဖေကပဲအမေလိုတစ်မျိုးအဖေလိုတစ်ဖုံပြုစုစောင့်ရှောက်ပေးခဲ့တာလေ။
BẠN ĐANG ĐỌC
ကျွန်တော်ယောကျာ်းတစ်ယောက်ကိုချစ်နေမိတယ်(ongoing)
Phi Hư CấuHello everyone,🍁 ဒီ fictionလေးကအေးအေးငြိမ့်ငြိမ့်လေးနဲ့ ရေးသွားဖို့ရှိပါတယ်... မုန်တိုင်းနည်းပါမယ်... ကျေးလက်ရဲ့သဘာ၀အငွေ့သက်တွေပါမယ်... သာမန်မဟုတ်တဲ့ကောင်လေးနှစ်ယောက်ကြားက ကြီးမားတဲ့ချစ်ခြင်းတရားနှင့်အတူရင်မဆိုင်ရဲဘဲစိုးရိမ်ကြောင့်ကြမှုလေးတွေပါမယ်...