Chapter - 65

4K 823 15
                                    

Unicode

ကျားရေကိတ်မုန့်လိပ်
________________

မေမေရှန်က စိတ်ကြည်နေကာ ပူတင်းလုပ်ဖို့ပြင်ရင်း သံစဉ်လေးညည်းနေလေ၏။

စိတ်ကြည်မနေသည့်ဖေဖေရှန်ကတော့ သူ့မကျေမနပ်မှုတွေကို မြိုသိပ်ထားရင်း သူမကို မီးဖိုခန်းထဲမှာ ကူညီနေခဲ့သည်။ သူ သူ့သားရဲ့'ဇနီးလေး'ကို သဘောကျပေမယ့်လည်း သူတို့ကိုကြည့်နေတုန်းမှာ သူ့ဇနီးက သူတစ်ယောက်တည်းကိုပဲ မျက်လုံးထဲထည့်သင့်တယ်ဆိုကာ စိတ်ထဲ တနုံ့နုံ့ဖြစ်နေရှာ၏။

တစ်ချိန်တည်းမှာပင် အိမ်ရဲ့တခြားဖက်၌ ရှန်ဖူတစ်ယောက် ရုတ်တရက်နှာထချေသည်။

"အခုတလော ပိုအေးလာတာလား?"

ရှန်ဖူ သူ့ဘာသာရေရွတ်လိုက်မိသည်။

လင်ရှုယီက မျက်လုံးလှန်ကာပြန်ဖြေ၏။

"ခင်ဗျားက မကောင်းတာတွေအများကြီးလုပ်ထားတာဖြစ်ရမယ်၊ အခု တစ်ယောက်ယောက်က ခင်ဗျားနောက်ကွယ်မှာ ခင်ဗျားအကြောင်းပြောနေပြီ။"

ရှန်ဖူ : ...

ရှန်မိသားစုက မသေးတာမို့ သူတို့ရဲ့မိသားစုအိမ်တော်ကလည်း လူတိုင်းနေနိုင်အောင် အတော်လေးကြီးသည်။

ရှန်ဖူနဲ့ရှန်ယန်တို့က တခြားနေရာမှာ သူတို့ကိုယ်ပိုင်အိမ်တွေရှိကြတယ်ဆိုပေမယ့် ဖိုးဖိုးရှန်က လူစည်တာကိုသဘောကျတယ်ဆိုတာကို ဘယ်တုန်းကမှထုတ်မပြောခဲ့‌သည့်တိုင် သိကြသည်မို့ ဖိုးဖိုးရှန်တစ်ယောက်တည်း အထီးမကျန်ရလေအောင် သူတို့က ဒီမှာ မကြာမကြာလာနေပေးကြသည်။

ရှန်ဖူ့အိပ်ခန်းက ဒုတိယထပ်မှာရှိကာ ရှန်ယန့်စာကြည့်ခန်းဘေးမှာဖြစ်သည်။ နေသာတဲ့နေ့တွေမှာ နေရောင်က ပြတင်းပေါက်ကိုဖြတ်ပြီး အခန်းထဲရောက်လာတတ်တာကြောင့် အိမ်တော်မှာရှိသမျှအိပ်ခန်းတွေအားလုံးထဲမှာ ဒီအိပ်ခန်းက အကောင်းဆုံးတွေထဲက တစ်ခန်းဖြစ်ပေသည်။ ဒါတင်မကသေး၊ အခန်းက ကြီးမားကျယ်ပြန့်သည်၊ ရှန်ဖူက လင်ရှုယီဝင်ဖို့အတွက် တံခါးဖွင့်ပေးရင်း ရှင်းပြလေ၏။

ရှန်ဖူ အိမ်မှာမရှိချိန်မှာတောင် သူ့အခန်းကို နေ့တိုင်းသန့်ရှင်းနေကြဆဲမို့ သူ အိမ်ကနေ အချိန်အကြာကြီးအဝေးရောက်နေပြီးမှ အခန်းထဲ ခြေပြန်ချချိန်မှာပင် ဖုန်တစ်စက်မရှိသန့်ရှင်းနေဆဲဖြစ်၏။

I'm a Chef in the Modern Era [Myanmar Translation]Where stories live. Discover now