ရှောင်းကျန့်က ရိပေါ်ကိုရှိန်တယ်။ ရိပေါ်ကိုတွေ့တိုင်း သူငယ်ငယ်က အိမ်နီးချင်းကလေးတစ်ယောက်ကိုသွားသတိရတယ်။ ဖြူ ဖြူ လုံးလုံးချစ်ရာလေးပေမဲ့ အရွယ်နဲ့မလိုက်အမြဲတည်နေတဲ့မျက်နှာကြောင့် ရှောင်းကျန့်မှာ သူငယ်ချင်းတောင်မလုပ်ရဲခဲ့ဘူး။ ငါနဲ့လာမကစားနဲ့ဆိုတဲ့ စာတန်းကြီးကနဖူးမှာကပ်ထားသလိုမျိုး။
အခုဝမ်ရိပေါ်လည်း အဲ့အတိုင်းပဲ ရုပ်ရည်လေးချောပေမဲ့ ငါ့ကိုလာမရှုပ်နဲ့ဆိုတဲ့မျက်နှာထားကြီးကြောင့် ဝေးဝေးကရှောင်နေရတယ်။
.
.
.
အခုတော့ ပိတ်ရက်မို့ရှောင်းကျန့်က အဆောင်တွင်းအောင်းနေရာကထွက်လို့ သူအကြိုက်ဆုံးပိုင်မုန့်ဝယ်ဖို့ထွက်ခဲ့တယ်။ အခန်းဖော်ကိုခေါ်ပေမဲ့လည်း ထုံးစံအတိုင်း ကောင်မလေးနဲ့ဒိတ်ဖို့ထွက်သွားတာမို့ တစ်ယောက်တည်းသာလာခဲ့လိုက်တယ်။
တက္ကသိုလ်နဲ့ခပ်နီးနီးမှာ ကိတ်ဆိုင်တစ်ဆိုင်ရှိတယ်။ ရှောင်းကျန့်ကတော့ သိပ်သိပ်ကျေးဇူးတင်။ မဟုတ်ရင် တစ်ခါခါသူစားချင်တာအတွက် အဝေးကြီးသွားနေရမှာ။
ဆိုင်လေးကလည်း မကြီးမသေးနဲ့ချစ်စရာကောင်းတယ်။ စုံတွဲတွေအတွက်တော့ ကဗျာဆန်တယ်ဆိုတဲ့အနေအထားမျိုးပေါ့။
ရှောင်းကျန့်က ကောင်တာကိုသွားလို့ key lime pie တစ်စိတ်နဲ့ iced latte ကိုယူလိုက်တယ်။
ကောင်တာကနေလှည့်အထွက် အနောက်ကလာတဲ့ ကောင်မလေးတစ်ယောက်ကိုတိုက်မိမလိုဖြစ်တယ်။ ဒါပေမဲ့ ရှောင်းကျန့်က ကိုယ်ကိုထိန်းလို့အနောက်ကိုယို့လိုက်တာကြောင့် မတိုက်မိတော့ဘူး။
တစ်ဆက်တည်းမှာပဲ ဝမ်ရိပေါ်ဆိုတဲ့ကောင်လေးပြောတဲ့ စကားကိုသတိရသွားမိတယ်။
'တစ်ကယ်ပဲ ဘေးမှာကူတွဲဖို့တစ်ယောက်လိုနေပြီထင်တယ်....ဟူး'
တစ်ဖက်ကကောင်မလေးကလည်း ရုတ်တရက်လန့်သွားပုံပေါ်တယ်။ အနည်းငယ်ကြောင်အသွားပြီးမှ သူရှေ့ကထွက်သွားတော့တယ်။
"တော်သေးတယ်...ဝမ်ရိပေါ်လိုမဟောက်သွားလို့"
"ခင်ဗျား...ဘာပြောတာလဲ"
YOU ARE READING
JUST ANOTHER BOY [ Completed ]
Fiksi Penggemar[ BJYX Fanfiction ] . . . Jan 14 2021~ Oct 13 2021