Part 2 U

787 21 5
                                    

Rain ကို ပြုစုပေးဖို့သာ
စိတ်ရောက်နေခဲ့တဲ့ နယောက
သော်ညီ့ကိုလည်း ဧည့်ဝတ်မကျေနေတော့ပါ။

နှာခေါင်းလေးတရှုံ့ရှုံ့နဲ့
Rainအား ရေပတ်တိုက်ပေးနေပုံလေးက
အနံ့ပြင်းပြင်းတွေကိုမခံနိုင်မှန်း
သိသာလွန်းပေမဲ့ ထိုအနေအထားအတိုင်းနှင့်ပင်
ရှိနေခဲ့သည်ကလည်း
သော်ညီပြန်သွားပြီးကတည်းကပင်။

အားလုံးပြီးစီးတော့ မနက်နှစ်နာရီခွဲပြီးလို့
သုံးနာရီတောင် ထိုးလုပြီ။

ငိုက်မြည်းစလည်းပြုနေပြီမို့
နယော ကိုကို့ဘေး နေရာလွတ်မှာဝင်လှဲရင်း
ကိုကို့ရဲ့မျက်နှာကို တမေ့တမောငေးလို့
ကြည့်နေမိတော့သည်။

''ကိုကိုက ချောလိုက်တာ..''

ဘေးတစ်စောင်းမြင်နေရသည့်
မျက်နှာကျအနေအထားနှင့်ပင် ရှင်းသန့်ကာ
ချောမောလွန်းသည့်ကိုကိုက
နယောကို ငယ်ငယ်က အမြဲတမ်း
အူတိုရအောင်လို့ လုပ်နိုင်လွန်းတဲ့သူ..၊

ထူထဲတဲ့ မျက်ခုံးတွေအောက်က
မှေးမှိတ်ထားသည့် မျက်ဝန်းတစ်စုံသည်
ဘယ်လောက်ထိကို ညှို့ငင်နိုင်စွမ်းရှိပါကြောင်း
အခြားသောမိန်းကလေးတွေဆီကနေ
ပြန်ကြားရသည်ကလည်း
နားမထောင်ချင်မှအဆုံးပါပင်။

ထိုမျက်ဝန်းတွေကပင်.. နယောအား
ချစ်မြတ်နိုးလွန်းစွာကြည့်လာတိုင်း
နယောမှာ မေးကလေးပင့်မော့လို့ ဝင့်ကြွားစွာနဲ့
ဂုဏ်ယူမဆုံး ဖြစ်ရမြဲ။

''နယောက ကိုကို့ရဲ့တစ်သက်တာလုံးမှာ
အချစ်ရဆုံးနဲ့ ကိုကို အကာကွယ်ပေးချင်ဆုံး
မိန်းကလေးပဲ ... နောက်ပြီး ကိုကို ဘယ်တော့မှ
မုန်းလို့မေ့လို့မရမယ့်မိန်းကလေးဟာလည်း
နယောပဲဖြစ်နေမှာ.. အဲ့ဒါက ဘယ်သောအခါမှ
ပြောင်းလဲသွားမှာမဟုတ်တဲ့ အမှန်တရားပဲ.. ''

ကိုကို့ရဲ့(၁၇)နှစ်ပြည့်မွေးနေ့မှာ
မိန်းကလေးအုပ်စုကြားရောက်နေသည့်
ကိုကို့ကို အတင်းဆွဲထုတ်ပြီးမေးစဥ်က
ကိုကို ပြန်ဖြေလာသည့်စကားကြောင့်
နယောမှာ ခေါင်းလေးတဆတ်ဆတ်ညိတ်လို့
ပျော်မဆုံးဖြစ်ခဲ့ရတာကို တစ်သက်မမေ့နိုင်ခဲ့။

နှလုံးသားရဲ့ ဂီတ(နှလုံးသားရဲ့ ဂီတ)Where stories live. Discover now