[Zawgyi]
စုပေ သူ့ကိုယ်သူတွန်းအားပေးရင်း စွပ်ပြုတ်
သောက်လိုက်ရသည်။ထို့နောက် ရှောက်ချင်းရန်က
သူ့ကိုမြင်းစီးချင်သလား မေးသည်။အစတုန်းက
တော့ စုပေငြင်းဆန်ချင်ခဲ့သည်။ပြောရမယ်ဆိုရင်
အိမ်မှာနေပြီး comic ဆွဲနေတာက
မြင်းသွားစီးတာပဲဖြစ်ဖြစ် ဒါမှမဟုတ်
အပြင်မှာ တစ်ခုခုသွားလုပ်တာထက်တော့
သာတယ်လေ။ထိုအချိန် ရှောက်ချင်းရန်ကပြောလိုက်
သည်။
"မစ္စရီက မင်းကုသမှုတိုးတက်နှုန်းကို
တကယ်သိချင်နေတာထင်တယ်..."ကောင်းပါပြီ။ဗီလိန်ကြီး အလိုကျအတိုင်းပါ။စုပေက
ရှောက်ချင်းရန်အလိုကျအတိုင်း မြင်းခြံကိုလိုက်သွား
ခဲ့ပေမယ့် မြင်းစီးတာကိုစိတ်ဝင်စားခြင်း မရှိသေးပါဘူး။ဒါပေမယ့်လည်း ရှောက်ချင်းရန်ကြောင့် သူ အကာအကွယ်ဝတ်စုံတွေပြောင်းဝတ်ခဲ့ရသည်။ရှောက်ချင်းရန်ကတော့ စီးလာတာသက်တမ်းရင့်နေပြီ
ဖြစ်တဲ့အတွက် အကာအကွယ်တွေအများကြီး
မလိုအပ်ပါဘူး။မြင်းကျောပေါ်မှာ ထိုင်နေတဲ့ထိုလူ
သည် ရှေးခေတ်ကတော်ဝင်မင်းမျိုးမင်းနွယ်
တစ်ယောက်အဖြစ်တောင် တူနေသေးတယ်။သူက စုပေထံသို့ လက်ကမ်းပေးရင်း ,
"လာ...ငါမင်းကိုသင်ပေးမယ်"စုပေ၏မျက်လုံးများကတော့ မသင်ချင်ဘူး ၊ အိမ်ပြန်
လို့ရမလား လို့တောင်မေးနေသည်နှင့်တူသေးသည်။ဒါပေမယ့် ရှောက်ချင်းရန်က ထိုအမေးများကိုလျစ်လျူ
ရှုကာ စုပေကိုမြင်းပေါ်သို့တင်ကာ စီးနင်းတော့
သည်။သူ့လက်က စုပေရဲ့ခါးကိုဖက်ထားသည့်အတွက်
စုပေ နေမထိထိုင်မသာဖြစ်နေရသည်။စုပေ ပိုပြီး
သက်တောင့်သက်သာရှိတဲ့ နေရာယူချင်ပေမယ့်
ရှောက်ချင်းရန်ရဲ့ လက်မောင်းကြားထဲကနေ လှုပ်လို့
တောင်မရဘူး။မြင်းက စတင်ပြေးတဲ့အခါ စုပေ
လည်ချောင်းကွဲမတတ်အသံကုန် အော်ဟစ်တော့
သည်။မြင်းကပြေးတာအရမ်းမြန်သည့်အတွက် စုပေကြောက်ရွံ့မှုကိုသက်သာစေရန် မသိစိတ်ကနေ
လုံခြုံမယ်ထင်တဲ့နေရာကို မှီလိုက်မိသည်။စုပေ၏စိတ်ထဲတွင် : "ရှောက်ချင်းရန်က အကြံသမား
ကြီး..မြင်းကပြေးတာအရမ်းမြန်နေတာ ဒါက
ဘယ်လိုလုပ်ငါ့ကိုမြင်းစီးသင်တာဖြစ်မှာလဲ"
YOU ARE READING
ဗီလိန်ကြီးရေကျေးဇူးပြုပြီးငါလေးကိုညှာတာပေးပါ![MM translation]
RomanceEng Title _ Villain,please go easy on me Burmese Title _ ဗီလိန်ကြီးရေကျေးဇူးပြုပြီးငါလေးကိုညှာတာပေးပါ!! [ဗီလိန်ကြီးရေကျေးဇူးပြုပြီးငါလေးကိုညှာတာပေးပါ!!] Status in COO - 2560 chapters Original Author _ A complex of dirty and Naïve Eng transl...