《93》[ပုံမှန်မဟုတ်တဲ့ ကောင်ငယ်လေး]

8.5K 1.5K 48
                                    

[Zawgyi]

စုပေက နဂိုတည်းကအားနည်းသူဖြစ်တဲ့အတွက်
အဖျားကြီးကာ သတိလစ်နေသည်။ရှောက်ချင်းရန်က
တော့ အားလုံးအဆင်ပြေသည်။သူက ဒဏ်ရာတွေကို
ကုသဖို့ပဲ လိုအပ်တာ....ရီထောင်ထောင်ကတော့
အိပ်ရာဘေးတွင်ထိုင်ကာ ငိုယိုနေသည်။

သူမရှောက်ချင်းရန်ကို တွေ့တဲ့အခါ
တစ်ခုခုပြောလိုက်ချင်ပေမယ့် နောက်ဆုံးတော့
ဘာစကားမှပြောမထွက်ခဲ့ဘူး။ရှောက်ချင်းရန်က
စုပေကိုကြည့်လိုက်ကာ
သူ့မျက်လုံးတွေကစုပေအပေါ်
မြတ်နိုးစိတ်တွေကို ထုတ်ဖော်ပြသနေတယ်။

"စုပေက အရမ်းကြင်နာတတ်တယ်။"

ရီထောင်ထောင်က ဘာမှတ်ချက်မှဝင်မပေးဘူး။
ရှောက်ချင်းရန်က ဆက်ပြောသည်။

"သူ့ကြင်နာမှုတွေက ငါတို့ကိုစိတ်ရိုင်းဝင်စေ
တယ်။ငါတို့က သူ့ကြင်နာမှုတွေကိုအသုံးချပြီး
သူ့ကိုငါတို့ဘေးနားမှာသိမ်းထားချင်တဲ့အထိပဲ"

ရီထောင်ထောင်လည်း သူ့အပြောကိုထောက်ခံသည်။
သူ့ရဲ့စကားတစ်လုံးချင်းစီတိုင်းက သူမနှလုံးသားကို
ထိမှန်တယ်။သူမကလည်း စုပေစိတ်ပျော့တာကို
အခွင့်ကောင်းယူပြီး သူ့ဘေးကပ်ခဲ့သည်။

ရှောက်ချင်းရန်က သူ့လက်ကိုဆန့်ထုတ်က
စုပေပါးကိုပွတ်သပ်လိုက်တယ်။
"ဒါပေမယ့် ငါသူ့ကိုစွန့်လွှတ်မှာမဟုတ်ဘူး။
ပြီးတော့ မင်းလည်းဒီကိစ္စမှာရှုံးပြီးသားပဲ"

ရီထောင်ထောင် မျက်ရည်တွေထွက်ကျလာသည်။
"ဘာလို့လဲ...စုပေကဘာလို့ငါ့ကိုမကြိုက်ရတာလဲ...
ငါကမိန်းကလေးတစ်ယောက်ဖြစ်နေလို့လား"

ရှောက်ချင်းရန်က ပြုံးလိုက်သည်။
"တစ်ခါတစ်လေ ခံစားချက်တွေက ရှင်းပြရခက်တယ်။
မင်းနှလုံးသားစေရာအတိုင်း လိုက်လုပ်ပါ"

သူ့လိုပေါ့...အစကသူ စုပေအကြောင်းကို သိချင်
တယ်။နောက်တော့ သူ့အပေါ်စိတ်ဝင်စားလာတယ်။
နောက်ဆုံးမှာတော့ သူ့အပေါ်လုံးဝကျရှုံးသွားသည်။
ရီထောင်ထောင်က အကြာကြီးငိုလိုက်ပြီးနောက်
တစ်ဆို့နေသည့် လေသံဖြင့် သူ့ကိုပြောသည်။

"စုပေအပေါ် ကောင်းပေးပါ..ငါနင်တို့ကို
ကောင်းချီးပေးပါ့မယ်"

ဗီလိန်ကြီး​ရေ​ကျေးဇူးပြုပြီးငါ​လေးကိုညှာတာ​ပေးပါ![MM translation]Nơi câu chuyện tồn tại. Hãy khám phá bây giờ