[အရမ်းအရမ်းကိုကြာခဲ့ပြီ။ခုချိန်ထိ ဒီFicကိုမှတ်မိနေသေးရင် စောင့်နေခဲ့သေးရင် အရင်ဆုံးတောင်းပန်ပါရစေ။ပြီးတော့ ကျေးဇူးတင်ပါတယ်။ဒီအချိန်ထိစောင့်နေပေးခဲ့လို့။ပြီးတော့ Zawgyi ရော Unicodeရောအဆင်ပြေအောင်လုပ်ပေးထားပါတယ်။ဖတ်ရတဲ့သူတွေအဆင်ပြေအောင်သပ်သပ်စီပဲခွဲထားပေးပါတယ်နော်။Profileမှာပဲတစ်ချက်ရှာပြီးကြည့်ပေးပါ။ပြီးတော့အသစ်တစ်ပုဒ်လေးလဲထပ်ရေးထားမိလို့ဝေဖန်ပေးဖို့တောင်းဆိုပါတယ်။If you think you would love to read this,pls share this with your friends.
Zawgyi ဆိုရင်တော့ ဒီမှာပဲဆက်ဖတ်ပါ။Unicodeဖြစ်သွားပြီဆိုရင်တော့ Accထဲမှာ တစ်ပုဒ်လုံးအသစ်တင်ထားပေးပါတယ်နော်]
×××××××××××××"အလုပ်လစ်ပြီး အတော်မှကြည်နူးခဲ့ရဲ့လား"
"WHAT????!!!!!!"
သူမအတော်ပင်လန့်သွားမိသည်။သူမတို့ကိုတစ်ယောက်ယောက်မြင်သွားပြီလား။တကယ်ပဲလား။သူမအရင်ဆုံးစဉ်းစားလိုက်မိတာ Tae အတွက်ဖြစ်သည်။မဖြစ်ဘူး။သူမအတွက်ကသိပ်မထူးပေမယ့် Taeကပတ်ဝန်းကျင်ဒဏ်ကိုခံနိုင်ပါ့မလား။သူမခေါင်းထဲမှာအတွေးတွေချာချာလည်နေတုန်း"ခုထိကြောင်တောင်တောင်ဖြစ်နေပုံထောက်ရင် ကောင်လေးကိုတကယ်သဘောကျတာထင်တယ်"
Soo Young ကဝင်ပြောလိုက်တော့ သူမပို၍ပင်နားမလည်နိုင်ဖြစ်သွားရသည်။"Sica များနော်။အတူနေတာတောင် တို့ကိုတစ်ခွန်းမှမပြောဘူး" Hyoကပြောတော့
Seoကလဲ "ဟုတ်ပ Unnie ရယ်"
တစ်ယောက်တည်းကမ္ဘာမှာနားမလည်နိုင်ဖြစ်နေရတာကတော့ Jung Jessica ရယ်ပါ။
"Wait! နေကြပါဦး ဘာအကြောင်းကိုပြောနေကြတာလဲ။Sicaနားမလည်နိုင်တော့ဘူး"
သူမခေါင်းကိုခါရမ်းကာပြောလိုက်သည်။"ဘာလား။ခုမှမသိချင်ယောင်ဆောင်နေတာလား။Tae အဲ မဟုတ်"
သူမတို့ရုံးမှာမို့ အခေါ်အဝေါ်ဆင်ခြင်ကြရသည်။
" အဖွဲ့ခေါင်းဆောင် ကပြောပြီးပြီ။Sica ကျောင်းတုန်းကCrushနဲ့တွေ့လို့ နည်းနည်းနောက်ကျမယ်လို့ခွင့်တိုင်သွားတယ်ဆို" Yuriပြောမှပဲအကြောင်းစုံကိုနားလည်သွားတော့သည်။"အာ အဲ့လိုမဟုတ်ပါဘူး။ဒီတိုင်း..."
Sicaစကားကိုဆုံးအောင်မပြောတော့ဘဲ ခုံမှာထိုင်ပြီး မျက်နှာကိုသူများမမြင်အောင်သာ ဝှက်ထားလိုက်တော့သည်။
YOU ARE READING
Falling Crazy In Love
RomanceTaengsic My first Story and hope you enjoy it. My own words. Titled by the song "Falling Crazy in love-Jessica" Written by Eain Mat May