နှစ်ရက်လောက်ကြတော့ အဝေတို့ပုံမှန်တိုင်းလေးဘဲ အကုန်လုံးကဆက်သွားနေကြတယ် အဝေလည်း သင်တန်းကတက်ရတော့မှာဆိုတော့ ပြန်ပြီး ပန်းလေးတွေကို အပ်ချင်တွေနဲ့အလှဆင်တာလေးတွေလုပ်မိနေတယ် ကျန်တယ့်အချိန်တွေကိုတော့ကြီးမြကိုဝိုင်းလုပ်ပေးလိုက် ဦးဆွေကိုလုပ်ပေးလိုက် အိမ်ကအလုပ်တွေလုပ်လိုက်နဲ့ ပျင်းဖို့အချိန်တောင်မရ အကိုမြတ်ဆိုလည်းကျောင်းပြန်တက် နေရတော့ နဲနဲတော့နားညီး သက်သာရတာပေါ့ ခိုင်းတာကိုလုပ်ပေးရတာက ကိစ္စမရှိပေမယ့် ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ပြောတာတော့ တော်တော့်ဆိုး မိချောထက်ပိုဆိုးတယ် ပြီးရင် အကိုနဲ့လည်းအဝေ အဆင်ပြေပါတယ် အရင်တုန်းကလောက် အကိုမရင်နှီးတော့ပေမယ် အဝေသင်တန်းအတွက်ဆိုရင် သူအားတက်သရောပါဘဲ ရှောင်တယ်လို့မမည်ပေမယ့်လည်း အကိုအလုပ်တွေတော်တော်ရှုပ်နေတာတော့ အဝေမြင်ပါတယ်
- အဝေရေ ကြီးမြကို စောင်လေး ရေညှစ်ချင်လို့ လာကူပေးပါအုံးကွယ်
- ဟုတ်လာပြီကြီးမြ
- အဝေ အဖွားအခန်းကိုနွားနို့သွားပို့ပြီးပြီးလား
- ဟုတ်ကြီးမြ
- အေးကွယ် အဝေလာမှာဘဲ အဖွားအတွက်မပူရတော့တယ် အရင်တုန်းကကြီးမြတို့လည်း အိမ်အလုပ်နဲ့ဆိုတော့တခါတလေ ဆေးတိုက်ပေးဖို့မေ့တယ်ကွဲ့ အခုဆိုအဖွားအတွက်မပူရတော့ဘူးး
- ဟုတ် အဝေရွာမှာကထဲက ဘဘုန်းကြီးအတွက်အကုန်လုပ်ပေးရတာလေ ဆေးတိုက်တာတို့ အကုန်လုပ်ပေးကတာ အာ့တော့အဖွားကိုဘဘုန်းကြီးလို့ သတ်မှတ်ထားတယ်လေ ရှေ့လျှောက်အဝေဘဲလုပ်ပေးမယ် ဟဲဟဲ
- ဟုတ်ပါ့ အဝေဘဲအားကိုးရမယ်အဝေတို့အနောက်မှာ စောင်လျှော်ပြီးလှမ်းနေတုန်း ကားသံကြားတော့
- အဝေ အရှေ့မှာကားသံမလား
- ဟုတ်တယ် အကိုမြတ်ပြန်လာတာလား
- မဟုတ်လောက်ပါဘူး ကျောင်းကဒီချိန်မလွှတ်ဘူးလေ
- အဝေ သွားကြည့်လိုက်မယ်အဝေ အရှေ့ကိုလာကြည့်တော့ နထင်ကို လက်နဲ့ဖိပြီး ထိုင်နေတယ့် အကို့ ကိုမြင်တော့ အဝေလည်း တစ်ခုခုလုပ်ပေးရန် အနားသို့ သွားလိုက်သည်
- အကို
- အွန်
- အဝေ ဘာလုပ်ပေးကမလဲ အကိုကြည့်ကတာ နေမကောင်းလို့ပြန်လာတာထင်တယ်
- ဟုတယ် ခေါင်းတွေကိုက်နေလို့
- ဟုတ်အဝေသံပုရာရည်သွားဖျော်ပေးမယ်
- ကြီးမြတို့ကော ဖွားဖွားကော
- ကြီးမြက အနောက်မှာစောင်တွေလှမ်းနေပါတယ် မပန်းက အ၀တ်လျှော်နေတယ် ဖွားဖွားက အခန်းထဲအိပ်နေပါတယ်
- အွန် ကောင်းပြီ ချဉ်ချဉ်လေး လုပ်ပေးနော်အဝေ
- ဟုတ်
VOCÊ ESTÁ LENDO
အဝေရဲ့သူ [Completed]
Romanceဘုန်းရှိန်ထက် (seme)---ငါမင်းကိုမချစ်ဘူးအဝေငါရဲ့ဂရုစိုက်မှုတွေကမင်းအတွက်အရောင်ဆိုးမိသလိုဖြစ်သွားခဲ့တာဘဲငါချစ်တာအမရာကိုဘဲဟုတယ်ငါချစ်တာသူမဘဲဒီလိုတွေသာဖြစ်ခဲ့မယ်ဆိုမင်းနဲ့စပြီးတွေ့ဆုံမိတဲ့အချိန်ကိုငါမပျော်ခဲ့မိသင့်ဘူးး။ ငါတို့တွေ့ဆုံမှုကမှားကိုမှားခဲ...