အခန်းထဲဝင်လျှင်ဝင်ခြင်း သတိထားလိုက်မိတဲ့ ကျန့်ကောရဲ့တွန့်ချိုးနေတဲ့မျက်မှောင်တွေနဲ့ အခန်းပြန်ရန်ပြောစဉ်က သိပ်မကောင်းခဲ့သည့် Andy မျက်နှာတို့ ပေါင်းစပ်ပြီးသကာလ သူတို့နှစ်ဦးကြားထဲ တခုခုတော့ဖြစ်ခဲ့ပြီဆိုတာကို ရိပေါ် ရိပ်မိလိုက်သည်။ ဆိုဖာပေါ်ထိုင်ကာ မျက်မှောက်ကုတ်နေတော့ Miller ၊ ယွီပင်နဲ့ ဟောက်ရွှမ်းမှာလဲ အသံထွက်ရဲပုံမရ၊ ကုတင်ပေါ် သုံးယောက်တက်ထိုင်ကာ ဖန်ခွက်တစ်ယောက်တခွက်ဖြင့် မော့လိုက်၊ ကျန့်ကောထံသို့ ကဲကြည့်လိုက်နှင့်ပင်။
ဘာဖြစ်နေတာလဲဟု မေးမည့်စကားလုံးတွေကလဲ မော့ကြည့်လိုက်တဲ့ ကောရဲ့မျက်လုံးအကြည့်တွေကြောင့်မမေးရဲတော့ပဲ Miller ကုတင်အနီးသို့သာ လျှောက်လာခဲ့သည်။ ဟိုက်ခွမ်းကောကတော့ နှလုံးအေးသူပီပီ သူ့သူငယ်ချင်းမျက်နှာ တချက်ကြည့်ပြီးကတည်းက ဘာမေးခွန်းမှမမေးပဲ ရေချိုးခန်းထဲ တန်းဝင်သွားသည်။ Miller ကုတင်ဘေးက ခုံပေါ်အစာထိုင်ချကာ မုန့်တခုပါးစပ်ထဲ ပစ်ထည့်ပြီးနောက်...
"ဟောက်ရွှမ်း? ကျန့်ကော မင်းတို့နဲ့စကားများထားတာလား.."
"မဟုတ်ပါဘူး...စဝင်လာကတည်း အဲ့ဒီမျက်နှာပဲ"
"Miller မင်းရော မသိဘူးလား။"
"ဘယ်သိမလဲ..."
"ယွီပင်ရောမသိဘူးလား..."
"မသိဘူး..."
"ဘာဖြစ်လို့မသိတာလဲ ဆရာဝန်ဖြစ်ပြီးတော့..."
တမင်တကာကို ရစ်နေတော့ ယွီပင်က ခြေဖျားဖြင့် လှမ်းကန်ကာ အသံကိုကြိတ်၍ အော်သည်။
"ရူးနေလား ဆရာဝန်ဆိုတိုင်း သိရအောင် ငါက စိတ်အကြံပေးလဲမဟုတ်၊ ပြီးတော့ သူတို့နဲ့ငါ အတူတူထိုင်နေတာလေ သူတို့မသိတာကို ငါကရော သိမလား။ လူပေါက်စေ့လိုက်မေးနေမယ့်အစား မင်းဘာ့သာမေးလိုက်လေ။"
"ငါ မမေးရဲလို့လေ မေးရဲမှတော့မင်းတို့ ၃ကောင်ကို လေကုန်ခံမေးနေပါတော့မလား ။"
"ငါတို့ကျတော့ အော်ခံရရ၊ အဆဲခံရရ အဆင်ပြေတယ်ဆိုတဲ့ သဘောပေါ့။"
ယွီပင်ရဲ့ ပွစိပွစိအသံဆိုးကြီးကို ကြိတ်ရယ်ကာ လေထုအေးစက်နေတဲ့အခန်းထဲ မုန့်စားရင်း ဖြတ်ကျော်နေချိန် ကျန့်ကောက လှမ်းခေါ်လာခဲ့သည်။ သို့သော် မိမိကိုတော့ မဟုတ်...
ВЫ ЧИТАЕТЕ
Follow The Command - S4
ФанфикшнFic Name - Follow The Command (S4) Fanfiction အမျိုးအစား Written by choyee6 Fic cover by - Wang Qiu All description are already mentioned in previous seasons
