Unicode
ရိပေါ် စစ်ဆေးရေးခန်းကထွက်လာတော့ မျက်နှာချင်းဆိုင်က အခန်းတံခါးလည်းပွင့်လာပြီး အသက်ငါးဆယ်ခန့်အမျိုးသမီးကြီးတယောက်က စောင့်စောင့်အောင့်အောင့်နဲ့ထွက်လာတာတွေ့ရတယ်။ ရိပေါ်ခဏရပ်စောင့်လိုက်တော့ ထိုအခန်းထဲကနေ ရှောင်းကျန့်ထွက်လာတယ်။ရိပေါ်က...
" စီနီယာကတော့ စစ်လို့မပြီးသေးဘူးထင်တယ်"
" အင်း , ရုံးခန်းထဲကနေပဲစောင့်ရအောင် ... ဝမ်"
"အေး"
သူတို့ရုံးခန်းဆီသွားနေတုန်း စီနီယာ စစ်ဆေးနေတဲ့အခန်းတံခါးကပွင့်လာတာမို့ ဆက်မသွားပဲနေရာမှာပဲ ရပ်စောင့်နေလိုက်တယ်။ ထိုအခန်းထဲကနေ လှပပြီးကျက်သရေရှိတဲ့ အမျိုးသမီးလေးကအရင်ထွက်လာတယ်။ ဒါက မြို့တော်ဝန်ရဲ့သမီး ကုရှောင်မုံဖြစ်မယ်ထင်တယ်။
ထိုအမျိုးသမီး၏လှပရွှန်းစိုနေသော မျက်လုံးလေးများက ရုတ်တရတ်ဝိုင်းစက်ပြူးကျယ်သွားတယ်။ တစုံတရာကို အံ့သြသလိုနဲ့ နေရာမှာမလှုပ်မရပ်ရပ်နေပြီး ရိပေါ်တို့၂ယောက်ဆီလှမ်းကြည့်နေတယ်။ ဟင့်အင်းမဟုတ်ဘူး, ရိပေါ်တို့၂ယောက်ဆီကိုကြည့်တာမဟုတ်ဘူး, တိတိကျကျပြောရရင် ရှောင်း ဆီကိုကြည့်နေတာ။ နောက်ကထွက်လာတဲ့စီနီယာကပါ ကြောင်ပြီးရပ်ကြည့်နေတယ်။
ရိပေါ် သူ့နံဘေးမှာရပ်နေတဲ့ ရှောင်းကို လှမ်းကြည့်လိုက်တော့ ရှောင်းကလည်းသူ့ကို ဘာဖြစ်တာလဲဆိုတဲ့သဘောမျိုးနဲ့ ကြည့်နေတယ်။ ရိပေါ်က ရုတ်တရက် ရှောင်းလက်ကိုဆွဲပြီး သူ့နောက်ကိုပို့လိုက်တယ်။ ထိုအမျိုးသမီးကိုလည်း စူးစူးရဲရဲ ပြန်ကြည့်ပစ် လိုက်တယ်။
ထိုအမျိုးသမီးက ကြောင်ပြီးရပ်နေရာကနေ သူတို့ဆီကိုလျှောက်လာပြီ...
" ရှောင်းကျန့်လေး.......ရှောင်းကျန့်လေးမဟုတ်လား ဟင်..?? "
ရှောင်းကျန့် လည်းထိုအမျိုးသမီးကို ကြောင်တောင်တောင်ကြည့်ရင်း နဲ့ ဘာပြန်ပြောရမှန်မသိဖြစ်နေတယ်...
ŞİMDİ OKUDUĞUN
Hope (Complete)
Genel Kurguအခုမှ စာစရေးတာမို့ အရေးအသားလိုအပ်ချက်တွေရှိနိုင်ပါတယ်။