Unicode
ရန်ကုန်မြို့ အလယ်ခေါင်က coffeeဆိုင်လေးတစ်ဆိုင်။ ဆိုင်အကြီးကြီးတော့ မဟုတ်ပေမယ့်သပ်သပ်ရပ်ရပ်လေးနဲ့ နားအေးပါးအေးထိုင်နိုင်တဲ့ဆိုင်လေး။
နာမည်က Soulmate ~"ဟဲ့ဟဲ့ ဟိုမှာကြည့်စမ်း"
ကြည်ဖြူလက်ညှိုးထိုးရာ ကြည့်လိုက်တော့
ဆိုင်ထဲသို့ဝင်လာတဲ့ အသက်နှစ်ဆယ်ကျော် ခပ်ချောချောကောင်လေးနှစ်ယောက်။ ဒါပေမယ့်ရောင်စဥ်အတွက်ကတော့ လက်ထဲကစာအုပ်လောက်တောင်စိတ်ဝင်စားဖို့မကောင်းခဲ့ချေ။"အဲ့တာဘာဖြစ်လို့လဲ
သူတို့ဟာသူတို့ဝင်လာတာလေ"ရောင်စဉ့်ရဲ့တုံ့ပြန်စကားမှာ ကြည်ဖြူကနှာခေါင်းတစ်ချက်ရှုံ့လာကာ...
"အေးပေါ့လေ... နင်ကအမ်းဒိတ်ကြီးဆိုတော့ အဆင်တွေကိုဘယ်ငမ်းတက်ပါ့မလဲ
ထားပါ ထားပါ""ဟဲ့ နင်နော်......ဘာကိုအမ်းဒိတ်လဲ
ငါရိုက်လိုက်ရ"တကယ်ရိုက်မှာမဟုတ်ပင်မဲ့လည်း ရောင်စဉ်က ရိုက်တော့မည့်ဟန်လက်ပြင်သည်။ အဲ့ဒီလက်ကသူ့အပေါ်အမှန်တကယ်ရောက်လာမည်မဟုတ်တာကိုသိနေတဲ့ ကြည်ဖြူကလည်း သိသိရက်နှင့် ကြောက်ဟန်ပြုရင်း မျက်နှာချိုပြန်သွေးလာလေသည်။
"hehe...စတာပါ သူငယ်ချင်းကလည်း စိတ်မဆိုးပါနဲ့"
ရောင်စဥ်တစ်ယောက် ကြည်ဖြူကိုမျက်စောင်းလေးတစ်ချက်ထိုးကာ လက်ထဲကစာအုပ်ကိုသာအာရုံပြန်နှစ်ထားလိုက်သည်။သေချာပြန်စဥ်းစားကြည့်ရင်လည်း ကြည်ဖြူပြောတာ မှန်သင့်သလောက်တော့မှန်သည်။ရောင်စဥ်ဘဝတစ်လျှောက်လုံးယောကျ်ားလေးတွေကိုလုံးဝစိတ်မဝင်စားခဲ့။ ရည်းစားထားဖို့ဆိုတာကတော့ အဝေးကြီးမှာပင်။ ယောကျ်ားလေးကိုစိတ်မဝင်စားတော့ မိန်းကလေးတွေကိုစိတ်ဝင်စားလားဆိုတော့လည်းမဟုတ်...။ သူ့ခေါင်းထဲမှာ စာဖတ်မယ်၊ သွားမယ်၊ စားမယ်၊ အိပ်မယ်၊ ဒီလေးခုသာရှိသည်။တစ်ခါတစ်လေ ကိုယ့်ကိုယ်ကိုယ် ယောကျ်ားရော ရပါ့မလားလို့တောင်တွေးမိသည်အထိပင်။
...................................."ကိုပေါက် ခင်ဗျား ဆိုင်ကိုဘယ်လိုစီမံနေတာလဲ
ကျွန်တော်တို့က ခင်ဗျားကိုယုံပြီးဆိုင်ကိုအပ်ထားတာလေ အခုခင်ဗျားလုပ်ပုံက ကျွန်တော်တို့စီးပွားပျက်မယ့်ကိန်းဗျ
စီးပွားပျက်မယ့်ကိန်း!!
YOU ARE READING
ချစ်ရပါသော
Fanfictionအချစ်ဆိုတာရယူခြင်းလား ပိုင်ဆိုင်ခြင်းလားလို့မေးလာရင်ကိုယ်ကတော့ မင်းလို့ပဲဖြေမယ်....... Zane