(Unicode Version)
နားရွက်ကလေးနှစ်ခုက အဖြူရောင်လေးတွေလို့ကျွန်တော်ထင်တယ်။ အမှန်တိုင်းပြောရရင် လရောင်အလင်းပဲရှိတာဆိုတော့ သိပ်သဲသဲကွဲကွဲကြီးတော့မမြင်ရဘူး။ယောင်းကိုကျွန်တော်နှိုးလိုက်ရမလား..မနှိုးရဘူးလား တစ်ယောက်တည်းအတွေးတွေနဲ့တိုင်ပတ်ကုန်တယ်။ နောက်ဆုံးမှာတော့ ဘာပဲဖြစ်ဖြစ် မေးကြည့်မယ်ဆိုပြီး အရဲစွန့်ပြီးလှုပ်နှိုးလိုက်တယ်။
"ယောင်း..ယောင်း ထဦး"
သုံးလေးချက်လောက်ဆင့်ပြီးလှုပ်နိုးလိုက်တော့ သူနိုးလာတယ်။ ဒါပင်မဲ့ နိုးလာလာချင်းပဲ ဘေးကမီးအိမ်ကိုလှမ်းဖွင့်လိုက်တော့ တစ်ခန်းလုံးလင်းထိန်သွားတာပဲ။ ဟယ်..စောက်ကျိုးနည်း နားရွက်ချွန်ချွန်လေးနှစ်ဖက်မရှိတော့ဘူး။
ဘာမှမပြောနိုင်ပဲကြောင်တောင်တောင်ထိုင်ကြည့်နေတဲ့ ကျွန်တော့်ကို ယောင်းက "ဘာဖြစ်လို့လည်း" လို့မေးလာတယ်။
"ဘာမှမဖြစ်ဘူး ငါအပေါ့သွားမလို့ မင်းသွားဦးမလားလို့"
ယုတ္တိတန်မယ်ထင်တယ့် စကားကအလိုလိုတော့ထွက်လာပါရဲ့ ဒါပင်မဲ့ အထစ်ထစ်အငေါ့ငေါ့နဲ့။ ယောင်းက "သွားမယ်" ဆိုပြီး အိမ်သာထဲသာအရင်ရောက်သွားတယ် ကျွန်တော် အိပ်ယာထက်ကတစ်လမမှ မရွှေ့ရသေးဘူး။"ချစ်..ဘာဖြစ်နေလည်း နေမကောင်းလို့လား"
"မဟုတ်ဘူး လာပြီ လာပြီ"
အဲ့နေ့ညက ယောင်းကသာပြန်အိပ်ပျော်သွားပင်မဲ့ကျွန်တော်တစ်စက်တောင်အိပ်မပျော်ခဲ့ပါဘူး။ ကျွန်တော့်ချစ်သူက လူစင်စစ်မဟုတ်ဘူးလား ကျွန်တော့်ကိုသွေးဆောင်ဖြားယောင်းပြီး ကိုက်စားမှာလား။ သူက Dominant Alpha ဆိုတော့ ခွန်အားအရာမှာလည်း ကျွန်တော်ကမယှဉ်နိုင်ဘူး။
ကျွန်တော်ဘယ်လိုလုပ်ရမလည်း။ ယောင်းကိုချစ်လည်းချစ်တယ် ကျွန်တော့်ကိုသတ်စားမှာလည်းဆိုးတယ်။ တွေးရင်း ကျွန်တော့်နောက်ကျောဘက်က ထွက်လာတဲ့အသက်ရှုသံမှန်မှန်ကိုတောင် ကြားနေရင်းကြက်သီးမွေးညင်းတွေ တဖြန်းဖြန်းထလာတယ်။
ကျွန်တော် ချော့မော့ပြောပြီး သူနဲ့လမ်းခွဲလိုက်ရင်ကော အဆင်ပြေနိုင်မလား။ မတော်လို့ သူ့ရဲ့ပင်ကိုယ်စရိုက်ပေါ်လာပြီး အူတွေအသည်းတွေပွင့်ထွက်အောင် ဖောက်စားလိုက်ရင် သေတာတောင်ရုပ်ဆိုးနေမယ်။
အား...ကျွန်တော်တကယ် ငိုတောင်ငိုချင်လာသလိုပဲ။