Ep - 4

22 1 0
                                    

"""Still together lll""

     Part - 4

Brightwin fic (boy-love) 💖💛
                                       Author- Angel
💖💛💖💛💖💛💖💛💖💛💖💛💖💛

ချစ်ရသူနဲ့ ဘန်ကောက်မြို့ကို
ခွဲခွာသွားဖို့
Sarawat ဘယ်တုန်းကမှ
မတွေးခဲ့ဖူးပါ အခု ဖခင်ဖြစ်သူနဲ့
အပေးအယူ လောင်းကြေး
ထပ်ပီး သိပ်ချစ်ရတဲ့ Tine နဲ့
တစ်သက်တာ
အနှောင့်အယှက်ကင်းစွာ
နေနိုင်ဖို့ -5- နှစ်တာကာလ
ကိုတော့ ကြံ့ကြံ့ခံလို့
ကျော်ဖြတ်ရဦးမည်ပင်

ညတုန်းက tine ကို
ဘာစကားမှမပြောဖြစ်လိုက်ပါပေ
Tine ကလည်း ဘာမှမမေးလို့
တော်သေးသည် မဟုတ်ရင် သူ့ ဆီမှာ
Tine ကို ရှင်းပြဖို့ အကြောင်း
ပြချက် မရှိပါလေ
အမှန်အတိုင်းပြောမိပြန်ရင်လည်း
ဖခင် ဦး Khuya ရဲ့
"" tine ကို ဒီအတိုင်းထားမှာ""
မဟုတ်ဘူးဆိုတဲ့
စကားက ခြောက်လှန့်နေလေသည်

မနက် -၄- နာရီ ထိုးနေပီမို့
Sarawat အထုပ်အပိုးတွေ
ပြင်ဆင်နေသည် လေယာဉ်
ကွင်းဆင်းချိန်က လိုသေးပေမဲ့
Tine မသိခင် ထွက်သွားရမှာမို့
ကြို၍ ပြင်ဆင်နေခြင်း
ဖြစ်သည်

ကြည့်စမ်းပါဦး တစ်ညလုံး
နားကြပ်တပ်ပီး
သီချင်း နားထောင်ရင်း
ဟိုလူးဒီလိမ့်ဖြင့်
အိပ်မရသည့် tine က
အခု မှနစ်နစ်ကြိုက်ကြိုက်လေး
အိပ်ပျော်နေတဲ့ ပုံက တကယ့်ကို
အပြစ်ကင်းစင်တဲ့
ကလေးတစ်ယောက်လို
ချစ်စရာကောင်းလှသည်

" ချစ်လိုက်တာ ကျွှဲပေါက်ရယ် ""

ထူထပ်နေတဲ့ မျက်ခုံး, စင်းလျားနေတဲ့
နှာတံ, မို့မောက်နေတဲ့
ပါးပြင်ပျစ်ပျစ်လေး နဲ့ စတော်ဘယ်ရီ
နူတ်ခမ်းသားလေးတွေက
Sarawatရဲ့ ရင်ခုန်သံတွေကို
ပြောင်းဆန်စေသည်

ချစ်ရတဲ့ ကျွှဲပေါက်လေးကို
အသည်းယားစွာနဲ့
နဖူးလေးကို ခပ်ဖွဖွအနမ်းလေး
တစ်ပွင့် ခိုးပေးလိုက်မိသည်

ဒီ ချစ်စရာကျွှဲပေါက်လေးနဲ့အဝေးမှာ
-၅- နှစ်တာဆိုတဲ့
အချိန်ကို ဘယ်လိုများ
ရှင်သန်နေထိုင်ရပါ့မလဲ

"" ကျွှဲပေါက်ရယ် ""

Sarawatရဲ့ မျက်လုံးအိမ်မှာ
စိုစွတ်ထွေးမြူစွာ ပြည့်လျံ
လာတဲ့ စို့နှင့်မျက်ရည်စက်တို့က
တားဆီးမဲ့စီးကျလာခဲ့သည်
သိပ်ချစ်ရတဲ့ ကျွှဲပေါက်လေးနဲ့
ခွဲရမယ်ဆိုတဲ့ အသိစိတ်က
ရင်ဘတ်တစ်ခုလုံးကို
ထုံကျင်စေလေသည်

မတတ်နိုင်ဘူးလေ
တစ်သက်တာအတွက်
ဒီအချိန်မှာတော့
စိတ်ပြတ်သားမှ ရမယ်
တောင်းပန်ပါတယ် ကျွှဲပေါက်ရယ်

""တောင်းပန်ပါတယ်""

ပြန်ဆုံတဲ့ နေ့မှာ လွမ်းရသမျှကို
အတိုးချပီး ချစ်ပေးပါ့မယ်
  Sarawat ရင်ထဲမှာ ဆို့နင့်စွာနဲ့
အထုပ်ကို ဆွဲ ပီး
အိမ်အပြင်ဘက်ကို ထွက်လာခဲ့ပေမဲ့
နှေးကွေးနေတဲ့ ခြေလှမ်းတွေက
ချစ်ရတဲ့ Tine ရှိရာသို့
ပြန်ဆွဲငင်ယူထားသလိုပင် 

အစ်ကို ဖြစ်သူကို လေဆိပ်ကို
လိုက်ပို့ဖို့ တာဝန်ကျတဲ့
Phukongက ကားတံခါး
ဖွင့်ကာ စောင့်ဆိုင်းနေသည်မို့
Sarawat ကားပေါ် သို့ တက်ကာ
လေဆိပ်ကို မောင်းနှင်
လာခဲ့လေသည်

"Phukong မင်း Tine ကို
ဂရုစိုက်ပေးနော်
Tine နဲ့ ပတ်သတ်သမျှ အကို့ ဆီ ကို
သတင်းပို့ဖို့မမေ့ပါနဲ့
အစ်ကို စိတ်ချ မယ်နော် Phukong
အားကိုးပါတယ်နော် ညီလေး ""

"စိတ်ချပါ Phi"
ကျွှန်တော် p'tine ကို ဂရုစိုက်ပါ့မယ်
Phi" ဆီကိုလည်း
သတင်းတွေအမြဲပို့ပေးမှာပါ ""

လေယာဉ်ထွက်ခါနီးမှာ
ချစ်သူကို ဂရုစိုက်ဖို့ တတွက်တွက်မှာ
ကြားနေတဲ့  အစ်ကို ဖြစ်သူကို
Phukongတစ်ယောက်
သနားမှု့ နဲ့ ပွေ့ဖက်ကာ
အစ်ကို့ရဲ့ ချစ်သူကို ဂရုစိုက်ပေးပါ့မယ်ဟု
ကတိ ပေးလိုက်ပါသည် 

USA-ကို ဦးတည် ပျံသန်းမဲ့
လေယာဉ်ကြီးပေါ် မှာ ချစ်ရသူကို
တမ်းတရင်း လွမ်းဆွတ် ဆွေ့မြေ့နေတဲ့
မျက်နှာပေါ်မှာ ရစ်ဝေဝေ စီးကျ နေတဲ့
မျက်ရည်စက်တွေကို ဖိသုတ်ရင်း

""အားတင်းထားရမယ် wat
မင်း အားတင်းထားရမယ် ""
""ဒါမှ "တစ်နေ့ Tine အနားမှာ
ထာဝရ နေနိုင်မယ်လေ ""

Sarawat ကိုယ့်ကိုကိုယ်
အားတင်းရင်း လောယာဉ်ပေါ်က
မြင်နေရတဲ့ မှုန်ဝါးဝါးဘန်ကောက်မြို့
ကြီးမှ  ချစ်ရသူ ရှိနေတဲ့
နေရာလေးကို မှန်းမျှော် ငေးမောရင်း
စီးပါ လိုက်နှင်သွားပါတော့သည်
----------------------------------------------------------------------

"" Still together lll """

Episode- 5 မျှော်

"" STILL TOGETHER lll ""Where stories live. Discover now