"" Still together lll ""
Part (12)
Brightwin fan fiction (boy-love) 💖💛
Author-AngelSarawat ကတော့အမြဲတမ်း Tineနဲ့အတူ ဖြတ်သန်း
မဲ့ အနာဂါတ်နေ့ရက်တွေကိုပဲ တွေးတော နေခဲ့သူမို့
တစ်နေ့ ဖခင် ဖြစ်သူက ဒီလို တင်းမာတဲ့အခြေအနေ
ထပ်ပီး ကြုံလာခဲ့ရင် ထောက်ပံ့မှု့ တွေ မပေးတော့ဘူးဟု
ပြောလာရင် လည်း Tineနဲ့ ကို့ရဲ့ အနာဂါတ်ခရီးလမ်း
မကြမ်းတမ်းစေဖို့ ပြည်ပမှာ နေစဉ်အချိန်မှာကတည်းက
အဒေါ်ဖြစ်သူရဲ့ လုပ်ငန်းမှာ ရင်းနှီးမြပ်နှံ့ မှု့ အစုရှယ်ယာ
တစ်ခု ဝယ်ထားခဲ့ပါသည် ဒါကြောင့် ဖခင်ဖြစ်သူဆီက
ထောက်ပံ့မှု့ ရပ်တန့်မည်ဆိုတဲ့ စကားကို ကြားရသော်လည်း
လုံးဝ တုန်လှုပ်ခြင်း မရှိခဲ့ချေ Sarawatရဲ့ အနာဂါတ်ဆိုတာ
Tineပါပဲ Tineသာ အနားမှာရှိရင် ဘဝကြီးက ပြီးပြည့်စုံပါပီ
ဒါကြောင့် Tineကို လက်ထပ်ဖို့ ရဲရဲကြီး ခွင့်တောင်းခဲ့သည်>>ကို့ ကို လက်ထပ်မယ်မလားဟင် Tine>>
အနှစ်နှစ်အလလ မျှော်ကိုး စောင့်စားခဲ့ရတဲ့ အိမ်မက်
လေးကို အကောင်အထည် ဖော်ခွင့်ရတော့မှာမို့ Tine
အတိုင်းထက်အလွန်ပင် ဝမ်းသာ ရပါသည် Sarawat
ပေးတဲ့ လက်ထပ် လက်စွပ်ကို မြင်တော့ Sarawatရဲ့
ဖခင် ဦးKhuya ရဲ့ ပုံရိပ်တစ်ချို့ကိုပါ မြင်ယောင်မိပါသည်
ဖခင်တစ်ယောက်အနေနဲ့ ကိုယ့်သားတစ်ယောက်ကို ယောင်္ကျား
လေးတစ်ယောက်နဲ့ လက်ထပ်ပီး ဘဝကုန်ဆုံးမှာကို လုံးဝ
မလိုလားဘူးဆိုတာ သဘာဝကျပါသည်လေ ဖြစ်နိုင်မယ်
ဆိုရင် အားလုံးကို ပျော်စေချင်ပါသည် သူ့ ကြောင့်နဲ့မို့
မိသားစု စိတ်ဝမ်းကွဲရမဲ့ အဖြစ်ကို မလိုလားပေမဲ့ လွန်ဆန်
မရတဲ့ နှလုံးသားလေးကတော့ Sarawatကို လက်ခံဖို့
ဖိအား ပေးနေပါသည် Sarawatဆိုတာ Tineရဲ့ တစ်ဦး
တည်းသော ချစ်ရသူ အနာဂါတ် ပါတနာ တစ်ဦးမို့ ခွင့်လွတ်ပါ
အန်ကယ်ရယ် အတ္တကြီးပီး wat ကို လက်မလွှတ်ပေးနိုင်တဲ့
အတွက် ခွင့်လွတ်ပါTine လက်လေးကို Sarawatရှေ့ကို ကမ်းပေးလိုက်သည်
Sarawatကလည်း အလိုက်သိစွာနဲ့ လက်ထပ်လက်စွပ်လေးကို
ဝတ်ပေးလာတော့ Tineရဲ့ သေးသွယ်တဲ့ လက်သူကြွယ်လေးက
အခုမှ ပို တင့်တယ် လှပသွားသလိုပင် ထင်မှတ်ရပါသည်
YOU ARE READING
"" STILL TOGETHER lll ""
FanfictionIntro - Brightwin fan fiction (boy-love) 💖💛 ကျွှန်တော့ရဲ့ အချစ်မှာ အကြောင်းပြချက် မရှိပါဘူး ရှိခဲ့ မယ်ဆိုရင်တောင် အဲဒီအကြောင်းပြချက်ဟာ Tine ဖြစ်နေလို့ပါပဲ ကျွှန်တော် Tineကို ယောင်္ကျားလေးလား မိန်း ကလေးလား အဲလို မျိုးတစ်ခါမှ ခွဲမကြည့်ဖူးပါဘူး ...