ဒီနေ့ကအဝေရဲ့ပထမဆုံးးသင်တန်းတက်ရတယ့်နေ့ အကို ကိုယ်တိုင်လိုက်မပို့နိုင်ပေမယ့် သင်တန်းမှာ အဝေကိုဘယ်လိုအပ်ရမယ်ဆိုတာတွေတော့ ဦးဆွေကိုမှာခဲ့တယ် ဟိုတခါအဝေနဲ့စကားအခက်မသင့်ဖြစ်ကထဲက အဝေကောအကိုပါ တစ်ယောက်နဲ့တစ်ယောက်တွေ့ရင် ရှောင်တာလည်းမဟုတ် အနေခက်တာလားဘာလားမပြောတတ်ပေမယ့် အရင်လိုတော့မဟုတ်ကြပေ အဝေကအကိုအိမ်မှာနေရတာလေ အာ့လိုဘယ်ဖြစ်ချင်ပါ့မလဲ ဒါမဲ့အဝေလည်း အကို့ကို စကားပြောမယ်လုပ်တိုင်း အကိုစိတ်အခြေအနေဘယ်လိုရှိမလဲ ဆိုပြီးတွေးနေရင်းနဲ့ဘဲ မပြောဖစ်တော့ဘူးး တကယ်ဆိုအကိုအာ့နေ့ညက အကိုမြတ်ကိုအပြစ်တင်သွားတာလေ အဝေကိုလည်း အကိုမြတ်နဲ့အထင်တွေလွဲခဲ့တယ် နောက်ဆုံးးအဝေသိလိုက်တာက အကိုကသူနမ်းခဲ့တယ့်ကိစ္စကို ပြောမှာစိုးလို့ အဝေကို စိတ်ကွပ်နေခဲ့တာဘဲ အင်းပေါ့လေ အကိုလိုလူကြီးလူကောင်းဂုဏ်သိက္ခာကြီးမားတယ့်လူမျိုးက ဘယ်လိုအနှောင့်အယှက်မှုမျိုးကိုမဆို ဘယ်လိုချင်ပါ့မလဲ သူစိုးရိမ်နေမှာပေါ့ အဝေစိတ်မကောင်းဖြစ်တာက အဝေတို့ရွာကိုလာခဲ့တယ့် အကိုရဲ့ပုံစံလေး ပျောက်ကွယ်သွားတယ့်ဟာ တစ်ခုလေးကိုဘဲ အဝေရဲ့အကို့ကိုဘဲ ပြန်လိုချင်မိတယ်
- ဒီမှာဘေးနားမှာထိုင်မယ်နော်
အဝေတွေးနေတာ ဘေးနာကနေမိန်းကေလးတစ်ယောက်လာပြောမှသတိရသွားတော့တယ် ဟုတ်သားဘဲ သင်တန်းလာပြီး အတွေးများနေတာ ဆရာမမလာသေးလို့တော်သေးးး
- ဟုတ်ထိုင်ပါခမျ
- အွန် ငါလည်းအခုမှလာတက်တာ ဝါသနာလေးလည်းပါလို့ နိကော
- အွန် အဝေကောဘဲ
- ဟလား ဒါနဲ့နာမည်ကအဝေလားး နာမည်လေးက ချစ်စရာလေးးနော်
- ဟုတ် သက်ဝေပါခမျ ငယ်ငယ်လေးထဲ အဝေဆိုပြီးပြောပြောနေတော့ နှုတ်စွဲသွားတာ
- ဟလားး ငါနာမည်က နွယ် ပါ
- ဟုတ် ဒါဆိုအဝေတို့ သယ်ချင်းဖြစ်သွားပြီပေါ့နော်
- ဒါပေါ့ နောက်လည်းတူတူထိုင်ရမှာ အာဂ ယောင်္ကျားလေး သုံးယောက်ထဲက နိနဲ့ဘဲထိုင်မှာ
- ဗျာ
- ဟုတယ် သင်တန်းမှာ ယောင်္ကျားလေးနိအပါအ၀င်သုံးယောက်ထဲရယ် ဟိုနှစ်ယောက်ကအတွဲတွေလားဘာတွေလားမသဲကွဲ အာ့မို့ နှစ်ယောက်ကြား၀င်ရင် မကောင်းမှာဆိုးလို့ နိနဲ့ထိုင်မယ် အဝေ ဟဲဟဲ
ESTÁS LEYENDO
အဝေရဲ့သူ [Completed]
Romanceဘုန်းရှိန်ထက် (seme)---ငါမင်းကိုမချစ်ဘူးအဝေငါရဲ့ဂရုစိုက်မှုတွေကမင်းအတွက်အရောင်ဆိုးမိသလိုဖြစ်သွားခဲ့တာဘဲငါချစ်တာအမရာကိုဘဲဟုတယ်ငါချစ်တာသူမဘဲဒီလိုတွေသာဖြစ်ခဲ့မယ်ဆိုမင်းနဲ့စပြီးတွေ့ဆုံမိတဲ့အချိန်ကိုငါမပျော်ခဲ့မိသင့်ဘူးး။ ငါတို့တွေ့ဆုံမှုကမှားကိုမှားခဲ...