Ones in the Millions (Part-21)
Main Cast - SHINee , Park Miyoung(You)
Supporting Cast - Kim Taewoo (Kasper) , Kim Tae yeon(SNSD)
3weeks Later~~
'Taeyeon-na~~´
'Onn??´
Taeyeon က သူ့အား မကြည့်ပဲ ထူးလိုက်လေသည်
'ငါ နင်နဲ့ တိုင်ပင်စရာ ရှိလို့...´
Taeyeon က ဘာလဲ ဟူသော မျက်နှာနှင့် သူ့အား ပြန်ကြည့်နေလေတော့သည်..
တကယ်တမ်း ပြောရမှန်း ကျတော့ သူ ဘယ်က စပြောရမှန်း မသိတော့.. ဒါပေမယ့် လဲ သူ့မှာ တိုင်ပင်စရာ ဆိုလို့ Taeyeon တစ်ယောက် သာ ရှိသည်
'အား..ဒါနဲ့ Jonghyun Oppa ဆေးရုံ က ဆင်းပြီလား?´
'အင်း.. ဒါပေမယ့် ကျောက်ပတ်တီး မဖြေရသေးဘူး....´
'ဟူး...တော်သေးတာပေါ့..... ဒါနဲ့ နင်တို့ကို အဲ့တာ တမင် လုပ်ခိုင်းတဲ့ သူ ရှိမယ် ထင်တယ်နော်... အဲ့လူကို ငါတွေ့လို့ကတော့.. တခါတည်းးး..!!´
'Taeyeon-ya~~ ဘယ်သူ လုပ်ခိုင်းတာ က အရေးမကြီးဘူး.. ငါ သိလဲ မသိချင်တော့ဘူး... အခု ငါဆိုးရိမ် နေတာက Taemin အခုထိ သတိ ပြန်မလည် လာသေးဘူး...´
'အေးဟာ..´
Taeyeon တစ်ယောက် သူ့စကား ကြားမှ သက်ပြင်းတစ်ချက် ချကာ ပြောလိုက်လေသည်
'သူသာ တစ်ခုခု ဖြစ်ရင် ငါ တစ်သက်လုံး ကိုယ့်ကိုယ်ကို ခွင့်လွှတ် နိုင်မှာ မဟုတ်ဘူး...´
'နင်ကလဲ.. အဲ့လောက်ထိ မဖြစ်နိုင်ပါဘူး.. ဆရာဝန် တွေက ဆိုးရိမ် ရတဲ့ အခြေအနေ ကျော် သွားပြိ လို့ပြောတာ ပဲ.. ငါတို့ စောင့်ကြည့်တာပေါ့...´
Taeyeon က သူ့ ကျောကုန်း အား ပုတ်ကာ နှစ်သိမ့် ပေးနေချိန်တွင် Canteen တွင် ကျောင်းသား တွေ တောင် ရှင်းစ ပြုနေလေပြိ..
အခု Miyoung ကျောင်းတွင် တစ်ယောက်တည်း ထိုင်နေ ရသည့် အချိန်မှာ တော်တော် ပင် ကြာနေလေပြီ..
သူ့ရဲ့ ညာဘက်တွင် အမြဲထိုင်ကာ သူ နောက် တစ်ကောက်ကောက် လိုက်ကာ သူ့ကို ပျော်အောင် စ , တတ်တဲ့ ကောင်လေး လဲ မရှိတော့.. သူ့ရဲ့ ဘယ်ဘက်မှာ ထိုင်တဲ့ အပြုံး ချိုချို လေးနဲ့ သူ့အား Mvp လေး လို့ အမြဲ ခေါ်လေ့ ရှိတဲ့ ကောင်လေး လဲ မရှိတော့..
YOU ARE READING
Ones in the Millions(Hiatus)
RomanceSHINee : ကျွန်တော် တို့ 5ယောက် လုံး ကောင်မလေး တစ်ယောက်တည်း ကို မတူညီတဲ့ ပုံစံမျိုးနဲ့ တွေ့ဆုံ ခဲ့ပြီး တူညီတဲ့ အချစ် တစ်မျိုးတည်း နဲ့ ချစ်မိခဲ့ ကြတယ်..။ Park Miyoung (Reader) တစ်ချိန်ထဲမှာ လူ 5 ယောက် လုံးကို ချစ်မိသွားဖို့ ဆ...