Ones in the Millions (Part- 23)
အချိန် တစ်လ မှ နှစ်လ တွင်းသို့ စတင် ကူးပြောင်း လာချေ ပြီ..
Miyoung မှာ အရင်အတိုင်း ကုတင်ပေါ်တွင် အေးချမ်းစွာ လှဲလှောင်း နေဆဲ... မအေးချမ်း နိုင်သော သူတွေ အဖို့ အတွက်ကတော့ ထို နှစ်လ မှာ ငရဲ တမျှ ဖြစ်လေသည်
Miyoung သူ့ကိုယ်သူ ပြန်ကြည့်လိုက်ရင်း အခုထိ သူ ဘာလို့ သတိမရသေး တာလဲ လို့ သူ့ကိုယ်သူ ပြန်တွေးမိနေလေသည်
သူ တွေးနေစဉ် အခန်းထဲသို့ Duty Coat လေးနဲ့ ဝင်လာသော ဆရာဝန်လေး အား လှမ်းကြည့် လိုက်လေသည်
'Tae woo-ya.. ငါ ဘာလို့ သတိမရသေးတာလဲ ဟင်??´
Tae woo မှာ သူ့ သူငယ်ချင်း Taeyeon ရဲ့ မောင် ဖြစ်သော်လည်း... ငယ်ငယ်လေး ထဲက နိုင်ငံခြား မှာ ကျောင်းတတ်ပြီး အခုမှ ပြန်လာတာ သိပ်မကြာ သေး၍ သူ့အမ နဲ့ခင်သလောက် သူနဲ့တော့ မျက်မှန်းတန်း မိရုံသာဖြစ်လေသည်
သူ စကားပြောတာ ကို မကြားနိုင်သော Taewoo တစ်ယောက် သူ့အခြေအနေ အား တစ်ချက် လာစစ်ကာ ပြန်ထွက် သွားလေသည်
ဟုတ်ပေသည်.. အရာအားလုံး ကို သူက မြင်ရ.. ကြားရ သလောက် အားလုံး က သူ့ကို မကြားနိုင် . မမြင်နိုင်ဖြစ်နေလေသည်
အရင်ထဲက အခုထိ သူ့ ခန္ဓာကိုယ် နားမှာ ပဲ ရှိနေတာ ဖြစ်လေသည်
ညည Taemin သူ့ဘေး မှာ လာငို တာလဲ သူသိသည်.. Minho က မင်္ဂလာ ပွဲက ထွက်ပြေးသွားတာ စိတ်မဆိုး ကြောင်းနဲ့ သူ့သာ အမြန်ဆုံး သတိရလာပါ လို့ လာလာ ပြောတာ လဲ သူသိသည်.. Jonghyun ဆေးရုံမှာ သူသတိရမသေး လို့ ခဏ ခဏ သောင်းကျန်း နေတာ လဲ သူ သိသည်.. Onew ,Schedule တွေ ပျက်ပျက်ပြီး သူ ကို အချိန်ပေး နေတာ လဲ သူ သိသည်
ထိုစဉ်..
အခန်းတွင်း သို့ ဓာတ်ဘူး ကိုင်ထား သော ကောင်လေး တစ်ယောက် ဝင်လာ တာ ကို သူတွေ့လိုက်လေသည်..
'Kibum-ya.. နင် ကိုယ့်ကိုယ်ကို နှိပ်စက်နေတာ ကို ရပ်လိုက်ပါတော့ဟာ.. နင့်ကြောင့် ငါ ဒီလို ဖြစ်ရတာ လို့ မတွေးပါနဲ့..´
YOU ARE READING
Ones in the Millions(Hiatus)
RomanceSHINee : ကျွန်တော် တို့ 5ယောက် လုံး ကောင်မလေး တစ်ယောက်တည်း ကို မတူညီတဲ့ ပုံစံမျိုးနဲ့ တွေ့ဆုံ ခဲ့ပြီး တူညီတဲ့ အချစ် တစ်မျိုးတည်း နဲ့ ချစ်မိခဲ့ ကြတယ်..။ Park Miyoung (Reader) တစ်ချိန်ထဲမှာ လူ 5 ယောက် လုံးကို ချစ်မိသွားဖို့ ဆ...