Ones in the Millions (Part -24)
'Mi-Miyoung???'
သူ တုန်ရီစွာ နောက်တစ်ခါ ထပ်မေးလိုက်လေသည်..
ထိုကောင်မလေး မှာ စိတ်ရှုပ်ဟန်ဖြင့် သူ့အား ပြန် ပုတ်ချကာ....
'Miyoung Arrneya!!'
'........'
'Duku Sae yo??'
*********
Taewoo's POV
သူ့ရှေ့တွင် တွေ့လိုက်ရသော မြင်ကွင်းကြောင့် တုန်လှုပ်သွားလေသည်
//Jonghyun?! ဘယ်လိုလုပ်?//
သူ Miyoung ကို ခဏလေး ပဲထားသွားတာပါ.. သူ Miyoung ဆီအမြန်ပြေး သွားလေတော့သည်.. သူတို့နှစ်ယောက် ဘယ်လို နည်းနဲ့မှ ပြန်တွေ့၍ မဖြစ်.. Jonghyun နဲ့တင်မက ဘယ်သူနဲ့မှ ပြန်တွေ့လို့ မဖြစ်ပေ.. Miyoung ကို ဒီလို အခြေအနေ ဖြစ်အောင် သူတို့ မနဲလုပ်ထားတာ.. သုံးနှစ် ဆိုသော အချိန်အတွင်းမှာ သူတို့အားလုံး Miyoung ကို လူကော.. စိတ်ပါ.. အသစ်တစ်ဖန် ပြောင်းပစ် ခဲ့ကြသည်.. Miyoung ရဲ့ အခြေအနေ မှာ အခုထိ စိတ်ချရတဲ့ အနေအထား မဟုတ်သေးပါ.. မကြာခဏ ခေါင်းကိုက်နေတတ် ပြီး အတိတ်ကို မမှတ်မိသည့် လူတစ်ယောက် ဖြစ်သည့် အလျောက် စိတ်ဓာတ် ခဏ ခဏ ကျနေတတ်သည်.. သူ့အမ နဲ့ Miyoung မိဘ တွေ ရဲ့ လုပ်ဇာတ်တွေ ထဲတွင် သူက Miyoung ရဲ့ ချစ်သူ ပါ.. သူက ဆရာဝန် လဲ ဖြစ်သည့် အလျောက် Miyoung အား အနီးကပ် စောင့်ရှောက် ပေးလို့လဲ ရသဖြင့် တစ်ချက်ခုတ် နှစ်ချက်ပြတ် ဖြစ်လေသည်..
Miyoung ရဲ့ အဖေ မှာ သူ့ အဖေ နဲ့လဲ ရင်းနှီးသည့် အပြင် သူတို့ မိသားစု မှာလဲ ကျေးဇူးမကင်း သည့်အလျောက် ထို Miyoung ကို စောင့်ရှောက် ဖို့တာဝန် ကို သူယူခဲ့ခြင်း ဖြစ်သည်..
'Jiyoung ah..!'
သူ Miyoung လက်ကို လှမ်းဆွဲလိုက်လေသည်
'ဘယ်ရောက်သွားတာ လဲ?'
သူရှေ့တွင် သူ့အား စိုက်ကြည့်နေသော Jonghyun အား မသိချင်ယောင် ဆောင်ကာ Miyoung အား မေးလိုက်လေသည်
YOU ARE READING
Ones in the Millions(Hiatus)
RomanceSHINee : ကျွန်တော် တို့ 5ယောက် လုံး ကောင်မလေး တစ်ယောက်တည်း ကို မတူညီတဲ့ ပုံစံမျိုးနဲ့ တွေ့ဆုံ ခဲ့ပြီး တူညီတဲ့ အချစ် တစ်မျိုးတည်း နဲ့ ချစ်မိခဲ့ ကြတယ်..။ Park Miyoung (Reader) တစ်ချိန်ထဲမှာ လူ 5 ယောက် လုံးကို ချစ်မိသွားဖို့ ဆ...