Ones in the Millions (Part - 31)
'Hayy.. Kate! '
Miyoung တစ်ယောက် သူ့ သူငယ်ချင်း အား လက်ပြကာ ပြေးသွားရန် ပြင်လိုက်သော်လည်း အနောက်မှ သူ့လက် တစ်ဖက် အား တစ်စုံတစ်ယောက် မှ လှမ်းဆွဲ ခြင်း ခံလိုက်ရ သဖြင့် လန့်သွားလေတော့သည်...။
'Miyoung...?'
သူ အနောက် သို့ လှည့်ကြည့် လိုက်ချိန်တွင် နက်ပြာရောင် Coat အား သေသေသပ်သပ် ဝတ်ထားသော အရပ် မြင့်မြင့် နှင့် ကောင်လေး တစ်ယောက်.. သူ့အား မောဟိုက်နေသော အသံဖြင့် မေးလိုက်လေသည် ။
'Nae.. Duku Sae..? Arrhhh...'
//Choi Minho?? Choi Minho ဟုတ်တယ် မလား?! စောန က မဂ္ဂဇင်း မျက်နှာဖုံးက အသက်အငယ်ဆုံး စီးပွားရေး လုပ်ငန်း ရှင် ဆိုတာ...သူ့ကို ဘယ်လို လုပ်သိနေတာ လဲ?//
'Choi Minho -shi?'
သူ သေချာ အောင် ထပ်မေးလိုက်လေသည်။ လူများ မှား သလား မသိ..။
'ကိုယ့်..ကိုယ့်ကို မှတ်မိတယ်..?? ဝမ်းသာ လိုက်တာ....'
Minho က ပြောပြော ဆိုဆို နှင့် Miyoung အား တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထား လိုက်လေတော့သည်.. ။
'Oma..! အ..မ..လေး..အသက်..ရူ..ကျပ်..'
Miyoung တစ်ယောက် Minho ကျောပြင် အား ထုရင်း တစ်လုံး ချင်းဆီ ပြောလိုက်လေတော့သည် ။
'What?! That guy is your boyfriend?'
Minho အနောက်မှ ပေါ်လာသော Miyoung သူငယ်ချင်း Kate မှာ သူတို့နှစ်ယောက် ရဲ့ ပုံကို ကြည့်ရင်း အူကြောင်ကြောင် နှင့် မေးလိုက်လေသည် ။
'What...No!!'
Miyoung တစ်ယောက် Minho အား ပိတ်တွန်း ကာ တစ်ဆက်တည်း ဆက်မေးလိုက်လေသည်...။
'ရှင် နဲ့ ကျွန်မ နဲ့ သိလို့လား...?'
'Miyoung - ya , မင်း အသက်ရှင် နေသေးတယ် ဆိုတာ သိပေမယ့် အခုလို မျက်စိ နဲ့ တပ်အပ် ပြန်တွေ့ ရတော့..... အခု ဘယ်မှာနေလဲ? နေကော ကောင်းရဲ့လား? ခေါင်းတွေ ဘာတွေ ကော ကိုက်သေးလား? ဘာတွေ မှတ်မိ လဲ?'
YOU ARE READING
Ones in the Millions(Hiatus)
RomanceSHINee : ကျွန်တော် တို့ 5ယောက် လုံး ကောင်မလေး တစ်ယောက်တည်း ကို မတူညီတဲ့ ပုံစံမျိုးနဲ့ တွေ့ဆုံ ခဲ့ပြီး တူညီတဲ့ အချစ် တစ်မျိုးတည်း နဲ့ ချစ်မိခဲ့ ကြတယ်..။ Park Miyoung (Reader) တစ်ချိန်ထဲမှာ လူ 5 ယောက် လုံးကို ချစ်မိသွားဖို့ ဆ...